Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ရှင်မာကု 1:32 - မြန်မာ

32 နေ​ဝင်၍ ည​အ​ချိန်​ရောက်​လျှင်၊ မ​ကျန်း​မ​မာ​သော​သူ​နှင့် နတ်​ဆိုး​စွဲ​သော​သူ ရှိ​သ​မျှ​တို့​ကို အ​ထံ​တော်​သို့ ဆောင်​ခဲ့၍၊-

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

32 နေ​ဝင်​၍​ည​ချမ်း​အ​ချိန်​ရောက်​သော​အ​ခါ လူ​တို့​သည် ရော​ဂါ​သည်​များ​နှင့်​နတ်​မိစ္ဆာ​ပူး​ဝင်​သူ​များ​ကို အ​ထံ​တော်​သို့​ဆောင်​ခဲ့​ကြ​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

32 နေ ဝင်၍ ည ချမ်း အ ချိန် ရောက် သော် သူ နာ ရှိ သ မျှ နှင့် နတ် ပူး သူ ရှိ သ မျှ ကို အ ထံ တော် သို့ ခေါ် ခဲ့ ကြ ရာ

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

32 နေ​ဝင်၍ ည​အ​ချိန်​ရောက်​လျှင်၊ မ​ကျန်း​မ​မာ​သော​သူ​နှင့် နတ်​ဆိုး​စွဲ​သော​သူ ရှိ​သ​မျှ​တို့​ကို အ​ထံ​တော်​သို့ ဆောင်​ခဲ့၍၊-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

32 ညနေချမ်း​အချိန်​ရောက်​ပြီး နေ​ဝင်​သောအခါ လူ​တို့​သည် နာမကျန်း​ဖြစ်​သူ​များ​နှင့် နတ်ဆိုး​ပူး​သူ​ရှိသမျှ​တို့​ကို အထံ​တော်​သို့​ခေါ်ဆောင်​လာ​ကြ​ရာ

အခန်းကိုကြည့်ပါ။ ကော်ပီ

ခေတ်သစ်​မြန်မာ သမ္မာကျမ်း

32 နေဝင်​၍ ညချမ်း​အချိန်​ရောက်​သော် လူတို့​သည် မကျန်းမာသူများ​နှင့် နတ်ဆိုးပူးသူများ​ကို ယေရှု​ထံတော်သို့ ခေါ်ဆောင်လာကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




ရှင်မာကု 1:32
8 ပူးပေါင်းရင်းမြစ်များ  

သ​တင်း​တော်​သည်​လည်း ရှု​ရိ​ပြည်၌ အ​နှံ့​အ​ပြား ကျော်​စော​သည်​ဖြစ်၍ နတ်​ဝင်​သော​သူ၊ ဝက်​ရူး​စွဲ​သော​သူ၊ လက်​ခြေ​သေ​သော​သူ​မှ​စ​သော အ​ထူး​ထူး​အ​ပြား​ပြား​သော အ​နာ​ရော​ဂါ​စွဲ၍ မ​ကျန်း​မ​မာ​သော​သူ ရှိ​သ​မျှ​တို့​ကို အ​ထံ​တော်​သို့​ဆောင်​ခဲ့​ကြ၍၊ သူ​တို့၏​အ​နာ​ရော​ဂါ​ကို ငြိမ်း​စေ​တော်​မူ၏။


ညဉ့်​ဦး​ယံ၌ နတ်​ဆိုး​စွဲ​သော​သူ​အ​များ​တို့​ကို အ​ထံ​တော်​သို့ ဆောင်​ခဲ့၍ နှုတ်​တော်​မြွက်​ကာ​မျှ​နှင့် ထို​နတ်​တို့​ကို နှင်​ထုတ်​တော်​မူ၏။ နာ​သော​သူ​ရှိ​သ​မျှ​တို့​ကို သက်​သာ​စေ​တော်​မူ၏။-


ထို​အ​ကြောင်း​အ​ရာ​မူ​ကား၊ သူ​သည် အ​ကျွန်ုပ်​တို့ အ​နာ​ရော​ဂါ​ဝေ​ဒ​နာ​များ​ကို ယူ​တင်​ဆောင်​ရွက်​လေ​သည်​ဟု ပ​ရော​ဖက်​ဟေ​ရှာ​ယ ဟော​ဖူး​သော​စ​ကား ပြည့်​စုံ​မည်​အ​ကြောင်း ဖြစ်​သ​တည်း။-


က​ပေရ​နောင်​မြို့​သို့ သွား​ကြ​လျှင်၊ ဥ​ပုသ်​နေ့၌ ကိုယ်​တော်​သည် ချက်​ချင်း​တ​ရား​ဇ​ရပ်​သို့ ဝင်၍ ဆုံး​မ​ဩ​ဝါ​ဒ ပေး​တော်​မူ၏။-


ကိုယ်​တော်​သည်​လာ၍ ထို​မိန်း​မ၏​လက်​ကို ကိုင်​လျက် ချီ​ကြွ​တော်​မူ​သည် ခ​ဏ​ချင်း​တွင် သူ​သည် အ​ဖျား​ပျောက်၍ ဧည့်​သည်​ဝတ်​ကို ပြု​လေ၏။


ဥ​ပုသ်​နေ့၌ သူ၏​ရော​ဂါ​ကို​ငြိမ်း​စေ​မည် မ​ငြိမ်း​စေ​မည်​ကို ထို​သူ​တို့​သည် ကိုယ်​တော်၌ အ​ပြစ်​တင်​ခွင့်​ကို ရှာ၍ ချောင်း​ကြည့်​ကြ၏။-


နေ​ဝင်​သော​အ​ခါ အ​မျိုး​မျိုး​သော အ​နာ​ရော​ဂါ​စွဲ​သော​သူ​တို့၏ အ​ဆွေ​ခင်​ပွန်း​အ​ပေါင်း​တို့​သည် ထို​လူ​နာ​တို့​ကို အ​ထံ​တော်​သို့​ဆောင်​ခဲ့၍၊ ကိုယ်​တော်​သည် ထို​လူ​နာ​အ​သီး​အ​သီး​တို့ အ​ပေါ်၌ လက်​တော်​ကို တင်​သ​ဖြင့် အ​နာ​ရော​ဂါ​ကို ငြိမ်း​စေ​တော်​မူ၏။-


နတ်​ဆိုး​တို့​လည်း၊ ကိုယ်​တော်​သည် ခ​ရစ်​တော်​တည်း​ဟူ​သော ဘု​ရား​သ​ခင်၏​သား​တော် ဖြစ်​တော်​မူ၏​ဟု ဟစ်​ကြော်​လျက် လူ​များ​မှ ထွက်​သွား​ကြ၏။ ကိုယ်​တော်​သည် ခ​ရစ်​တော်​ဖြစ်​ကြောင်း​ကို သူ​တို့​သိ​ကြ​သော​ကြောင့် စ​ကား​တစ်​ခွန်း​ကို​မျှ မ​ပြော​စေ​ခြင်း​ငှာ မြစ်​တား​တော်​မူ၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ