ထိုစကားကို ယေရှုသည်ကြားလျှင် အံ့ဩခြင်းရှိ၍၊ ငါအမှန်ဆိုသည်ကား၊ ဤမျှလောက်သော ယုံကြည်ခြင်းကို ဣသရေလအမျိုး၌ပင် ငါမတွေ့ဖူးသေး။-
မဿဲ 8:9 - မြန်မာ ဥပမာကား၊ ကျွန်တော်သည် မင်းအောက်၌ ကျွန်ခံသောသူဖြစ်သော်လည်း စစ်သူရဲများကိုအုပ်စိုး၍ တစ်ဦးကိုသွားချေဟု ဆိုလျှင် သွားပါ၏။ တစ်ဦးကို လာခဲ့ဟုဆိုလျှင် လာပါ၏။ ကျွန်ကိုလည်း ဤအမှုကို လုပ်တော့ဟု ဆိုလျှင် လုပ်ပါ၏ဟု တပ်မှူးလျှောက်လေ၏။- Common Language Bible အကျွန်ုပ်သည်အထက်အာဏာကိုနာခံရသူ ဖြစ်ပါ၏။ အကျွန်ုပ်၏လက်အောက်တွင်လည်းစစ် သားများရှိပါ၏။ စစ်သားတစ်ယောက်ကိုသွား ချေဟုအကျွန်ုပ်ဆိုလျှင်သူသည်သွားပါ၏။ အခြားတစ်ယောက်ကိုလာခဲ့ဟုဆိုလျှင်လာ ပါ၏။ ထို့အပြင်အကျွန်ုပ်၏ကျွန်အားဤအမှု ကိုပြုလော့ဟုဆိုလျှင်သူသည်ပြုပါ၏'' ဟု လျှောက်၏။ Garrad Bible အ သို့ ဆို သော် အ ကျွန်ုပ် သည် အာ ဏာ အောက် ခံ ရ သူ ဖြစ် သော် လည်း၊ လက် အောက် ရှိ စစ် သည် တို့ အ နက် တစ် ယောက် ကို သွား ဆို သော် သွား ပါ သည်။ တစ် ယောက် ကို လာ ဆို သော် လာ ပါ သည်။ ကျွန် ကို လည်း ဤ အ မှု ကို ဆောင် ဆို သော် ဆောင် ပါ သည် ဟူ၍ လျှောက် ပြန် ၏။ Judson Bible ဥပမာကား၊ ကျွန်တော်သည် မင်းအောက်၌ ကျွန်ခံသောသူဖြစ်သော်လည်း စစ်သူရဲများကိုအုပ်စိုး၍ တစ်ဦးကိုသွားချေဟု ဆိုလျှင် သွားပါ၏။ တစ်ဦးကို လာခဲ့ဟုဆိုလျှင် လာပါ၏။ ကျွန်ကိုလည်း ဤအမှုကို လုပ်တော့ဟု ဆိုလျှင် လုပ်ပါ၏ဟု တပ်မှူးလျှောက်လေ၏။- မြန်မာ့စံမီသမ္မာကျမ်း ဤသို့ဆိုခြင်းမှာ အကျွန်ုပ်သည်လည်း အမိန့်အာဏာအောက်၌ရှိသောသူတစ်ယောက်ဖြစ်ပြီး အကျွန်ုပ်၏လက်အောက်တွင် စစ်သားများရှိပါသည်။ ဤတစ်ယောက်ကို ‘သွားပါ’ဟု အကျွန်ုပ်ဆိုလျှင် သူသည်သွား၍ အခြားတစ်ယောက်ကို ‘လာပါ’ဟု ဆိုလျှင် သူသည်လာပါသည်။ အကျွန်ုပ်၏အစေအပါးကိုလည်း ‘ဤအရာကိုလုပ်ပါ’ဟု ဆိုလျှင် သူသည်လုပ်ပါသည်”ဟူ၍ လျှောက်လေ၏။ ခေတ်သစ်မြန်မာ သမ္မာကျမ်း ဤသို့ဆိုရခြင်းမှာ အကျွန်ုပ်သည် အမိန့်အာဏာအောက်တွင် ရှိသူဖြစ်ပြီး အကျွန်ုပ်၏လက်အောက်တွင်လည်း စစ်သားများရှိသောကြောင့် ဖြစ်၏။ အကျွန်ုပ်သည် တစ်ဦးကို ‘သွားလော့’ ဟု ပြောလျှင် သူသည်သွားရ၏။ အခြားတစ်ဦးကို ‘လာလော့’ ဟု ပြောလျှင် သူသည်လာရ၏။ အကျွန်ုပ်၏အစေခံကို ‘ဤအရာကို လုပ်ဆောင်လော့’ ဟု ပြောလျှင် သူသည် လုပ်ဆောင်ရပါ၏” ဟု လျှောက်လေ၏။ |
ထိုစကားကို ယေရှုသည်ကြားလျှင် အံ့ဩခြင်းရှိ၍၊ ငါအမှန်ဆိုသည်ကား၊ ဤမျှလောက်သော ယုံကြည်ခြင်းကို ဣသရေလအမျိုး၌ပင် ငါမတွေ့ဖူးသေး။-
တပ်မှူးက၊ သခင်၊ ကျွန်တော်၏ အိမ်မိုးအောက်သို့ ကြွဝင်တော်မူခြင်း ကျေးဇူးတော်ကို ကျွန်တော်မခံထိုက်ပါ။ အမိန့်တော်တစ်ခွန်းရှိလျှင် ကျွန်တော်၏ငယ်သားသည် ချမ်းသာရပါလိမ့်မည်။-
လူအပေါင်းတို့သည် မိန်းမောတွေဝေ၍၊ ဤအမှုသည် အဘယ်သို့နည်း။ ဤဆုံးမခြင်းအသစ်သည် အဘယ်သို့နည်း။ ညစ်ညူးသောနတ်တို့ကိုပင် အာဏာနှင့်မှာထား၍၊ သူတို့သည် နားထောင်ကြသည်တကားဟု အချင်းချင်း မေးမြန်းပြောဆိုကြ၏။-
ကိုယ်တော်သည် ထိုမိန်းမ၏ အနားမှာရပ်၍ ဖျားနာကို ဆုံးမတော်မူလျှင်၊ သူသည် အဖျားပျောက်သဖြင့် ချက်ချင်းထ၍ ဧည့်သည်ဝတ်ကိုပြုလေ၏။
ဥပမာကား၊ အကျွန်ုပ်သည် မင်းအောက်၌ ကျွန်ခံသောသူဖြစ်သော်လည်း စစ်သူရဲများကိုအုပ်စိုး၍ တစ်ဦးကိုသွားချေဟု ဆိုလျှင် သွားပါ၏။ တစ်ဦးကိုလာခဲ့ဟု ခေါ်လျှင် လာပါ၏။ ကျွန်ကိုလည်း ဤအမှုကိုလုပ်တော့ဟု ဆိုလျှင် လုပ်ပါ၏ဟု တပ်မှူးလျှောက်စေ၏။-
တစ်ကျိပ်နှစ်ပါးသော တပည့်တော်တို့ကို စုဝေးစေတော်မူပြီးမှ၊ နတ်ဆိုးအပေါင်းတို့ကို နိုင်သောတန်ခိုးနှင့် အနာရောဂါတို့ကို ငြိမ်းစေခြင်းငှာ အခွင့်တန်ခိုးကို ပေးတော်မူ၏။-