Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




မဿဲ 8:8 - မြန်မာ

8 တပ်​မှူး​က၊ သ​ခင်၊ ကျွန်​တော်၏ အိမ်​မိုး​အောက်​သို့ ကြွ​ဝင်​တော်​မူ​ခြင်း ကျေး​ဇူး​တော်​ကို ကျွန်​တော်​မ​ခံ​ထိုက်​ပါ။ အ​မိန့်​တော်​တစ်​ခွန်း​ရှိ​လျှင် ကျွန်​တော်၏​ငယ်​သား​သည် ချမ်း​သာ​ရ​ပါ​လိမ့်​မည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

8 စစ်​ဗိုလ်​က ``အ​ရှင်၊ အ​ကျွန်ုပ်​သည်​မ​ထိုက်​မ​တန်​သူ ဖြစ်​သ​ဖြင့်​အ​ကျွန်ုပ်​၏​အိမ်​မိုး​အောက်​သို့​အ​ရှင် ဝင်​တော်​မူ​ရန်​မ​သင့်​လျော်​ပါ။ အ​မိန့်​တော်​သာ ပေး​တော်​မူ​ပါ​လျှင်​အ​ကျွန်ုပ်​၏​အ​စေ​ခံ​သည် ကျန်း​မာ​လာ​ပါ​လိမ့်​မည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

8 တပ် မှူး က လည်း အ ရှင် ဘု ရား အ ကျွန်ုပ်၏ အိမ် တွင်း သို့ ကြွ ဝင် တော် မူ ခြင်း ကို မ ခံ ထိုက် ပါ။ အ မိန့် တော် ရှိ ရုံ မျှ ပင် ထို လု လင် ချမ်း သာ ပါ လိမ့် မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

8 တပ်​မှူး​က၊ သ​ခင်၊ ကျွန်​တော်၏ အိမ်​မိုး​အောက်​သို့ ကြွ​ဝင်​တော်​မူ​ခြင်း ကျေး​ဇူး​တော်​ကို ကျွန်​တော်​မ​ခံ​ထိုက်​ပါ။ အ​မိန့်​တော်​တစ်​ခွန်း​ရှိ​လျှင် ကျွန်​တော်၏​ငယ်​သား​သည် ချမ်း​သာ​ရ​ပါ​လိမ့်​မည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

8 တပ်မှူး​က “သခင်​ဘုရား၊ အကျွန်ုပ်​၏​အိမ်​ခေါင်မိုး​အောက်သို့ ကိုယ်တော်​ကြွဝင်​တော်မူ​ခြင်း​ကျေးဇူး​ကို အကျွန်ုပ်​မ​ခံထိုက်​ပါ။ အမိန့်​တော်​ကို​သာ ပေး​တော်မူ​ပါ။ သို့ပြုလျှင် အကျွန်ုပ်​၏​ငယ်သား​သည် ကျန်းမာ​ပါ​လိမ့်မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

ခေတ်သစ်​မြန်မာ သမ္မာကျမ်း

8 သို့သော် တပ်မှူး​က “သခင်… အကျွန်ုပ်​သည် ထိုက်တန်သော​သူ မဟုတ်​သောကြောင့် အကျွန်ုပ်​၏​အိမ်မိုး အောက်​သို့ သခင်​ကြွလာတော်မူ​ရန် မသင့်လျော်ပါ။ သခင်​ရှိသည့်​နေရာ​မှ အမိန့်တော်​ကိုသာ ပေးတော်မူ​လျှင် အကျွန်ုပ်​၏​အစေခံ​သည် ပြန်လည်​ကျန်းမာပါ​လိမ့်မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ




မဿဲ 8:8
18 ပူးပေါင်းရင်းမြစ်များ  

ယေ​ရှု​က​လည်း ငါ​အ​လို​ရှိ၏။ သန့်​ရှင်း​ခြင်း​သို့ ရောက်​စေ​ဟု မိန့်​တော်​မူ​လျက် လက်​တော်​ကို​ဆန့်၍ ထို​သူ​ကို တို့​တော်​မူ၏။ ထို​ခ​ဏ​ချင်း​တွင် နူ​နာ​ပျောက်၍ သန့်​ရှင်း​ခြင်း​သို့​ရောက်​လေ၏။-


ထို​သူ​သည် ငါ့​နောက်​ကြွ​လာ​သော်​လည်း ငါ့​ထက်​သာ၍​ကြီး​မြတ်၏။ ထို​သူ၏​ခြေ​နင်း​တော်​ကြိုး​ကို​မျှ ဖြည်​ခြင်း​ငှာ ငါ​မ​ထိုက်​ဟု ပြန်​ပြော၏။-


ရှိ​မုန်​ပေ​တ​ရု​သည် မြင်​လျှင်၊ ယေ​ရှု၏ ပု​ဆစ်​တော်​ကို ဦး​တိုက်၍၊ သ​ခင်၊ အ​ကျွန်ုပ်​သည် အ​ပြစ်​များ​သော​သူ ဖြစ်​ပါ၏။ အ​ကျွန်ုပ်​ဆီ​မှ ကြွ​သွား​တော်​မူ​ပါ​ဟု လျှောက်​လေ၏။-


ငါ​သည် နောင်​တ​အ​ဖို့​အ​လို​ငှာ သင်​တို့​ကို ရေ​နှင့်​ဗ​တ္တိ​ဇံ​ပေး၏။ ငါ့​နောက် ကြွ​လာ​သော​သူ​သည် ငါ့​ထက် တတ်​စွမ်း​နိုင်၏။ ထို​သူ၏​ခြေ​နင်း​တော်​ကို​မျှ ဆောင်​ခြင်း​ငှာ ငါ​မ​ထိုက်။ ထို​သူ​သည် သန့်​ရှင်း​သော ဝိ​ညာဉ်​တော်​နှင့်​လည်း​ကောင်း၊ မီး​နှင့်​လည်း​ကောင်း၊ သင်​တို့​ကို ဗ​တ္တိ​ဇံ​ပေး​မည်။


သား​က​လည်း၊ အ​ဘ၊ အ​ကျွန်ုပ်​သည် ဘု​ရား​သ​ခင်​ကို​လည်း​ကောင်း၊ ကိုယ်​တော်​ကို​လည်း​ကောင်း ပြစ်​မှား​ပါ​ပြီ။ ယ​ခု​မှ​စ၍ ကိုယ်​တော်၏​သား​ဟူ၍ ခေါ်​ခြင်း​ကို မ​ခံ​ထိုက်​ပါ​ဟု​ဆို​လျှင်၊-


ယ​ခု​မှ​စ၍ ကိုယ်​တော်၏​သား​ဟူ၍ ခေါ်​ခြင်း​ကို​မ​ခံ​ထိုက်​ပါ။ သူ​ငှား​အ​ရာ၌ အ​ကျွန်ုပ်​ကို ထား​တော်​မူ​ပါ​ဟု ငါ​ပြော​မည်​ဟူ၍ အ​ကြံ​ရှိ​သည်​နှင့်၊-


ယော​ဟန်​က​လည်း၊ အ​ကျွန်ုပ်​သည် ကိုယ်​တော်​ထံ၌ ဗ​တ္တိ​ဇံ​ကို​ခံ​ရ​မည် အ​ကြောင်း​ရှိ​ပါ​သည်​ဖြစ်၍၊ ကိုယ်​တော်​သည် အ​ကျွန်ုပ်​ထံ​သို့ ကြွ​လာ​တော်​မူ​သ​လော​ဟု ယေ​ရှု​ကို​ဆီး​တား​လေ၏။


ယေ​ရှု​က​လည်း ငါ​လာ၍ ချမ်း​သာ​ပေး​မည်​ဟု မိန့်​တော်​မူ​လျှင်၊-


ဥ​ပ​မာ​ကား၊ ကျွန်​တော်​သည် မင်း​အောက်၌ ကျွန်​ခံ​သော​သူ​ဖြစ်​သော်​လည်း စစ်​သူ​ရဲ​များ​ကို​အုပ်​စိုး၍ တစ်​ဦး​ကို​သွား​ချေ​ဟု ဆို​လျှင် သွား​ပါ၏။ တစ်​ဦး​ကို လာ​ခဲ့​ဟု​ဆို​လျှင် လာ​ပါ၏။ ကျွန်​ကို​လည်း ဤ​အ​မှု​ကို လုပ်​တော့​ဟု ဆို​လျှင် လုပ်​ပါ၏​ဟု တပ်​မှူး​လျှောက်​လေ၏။-


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ