ယေရှုခရစ်သည် ဖွားမြင်ခြင်းကိုခံတော်မူသော အကြောင်းအရာဟူမူကား၊ မယ်တော်မာရိသည် ယောသပ်နှင့် ထိမ်းမြားဆောင်နှင်း၍ မယှက်တင်မီတွင် သန့်ရှင်းသောဝိညာဉ်တော်ကြောင့် ပဋိသန္ဓေစွဲနေ၏။
မဿဲ 1:1 - မြန်မာ အာဗြဟံနှင့် ဒါဝိဒ်တို့မှဆင်းသက်တော်မူသော ယေရှုခရစ်၏ ဆွေတော်စဉ်မျိုးတော်ဆက် စာရင်းဟူမူကား၊- Common Language Bible အာဗြဟံနှင့်ဒါဝိဒ်မှဆင်းသက်တော်မူသော သခင်ယေရှုခရစ်၏ဆွေတော်စဉ်မျိုးတော်ဆက် စာရင်းကားဤသို့တည်း။ Garrad Bible ဒါ ဝိဒ်၏ သား၊ အာ ဗြ ဟံ၏ သား ဖြစ် တော် မူ သော ယေ ရှု ခ ရစ်၏ အ မျိုး အ နွယ် တော် စာ ရင်း မှာ အာ ဗြ ဟံ့ သား ဣ ဇာက်၊ Judson Bible အာဗြဟံနှင့် ဒါဝိဒ်တို့မှဆင်းသက်တော်မူသော ယေရှုခရစ်၏ ဆွေတော်စဉ်မျိုးတော်ဆက် စာရင်းဟူမူကား၊- မြန်မာ့စံမီသမ္မာကျမ်း အာဗြဟံ၏သား၊ ဒါဝိဒ်၏သားဖြစ်တော်မူသော ယေရှုခရစ်တော်၏ဆွေတော်စဉ်မျိုးတော်ဆက်စာရင်းဟူမူကား ခေတ်သစ်မြန်မာ သမ္မာကျမ်း အာဗြဟံနှင့် ဒါဝိဒ်မင်းတို့ထံမှ ဆင်းသက်တော်မူသော ယေရှုခရစ်တော်၏ဆွေစဉ်မျိုးဆက်စာရင်းမှာ အောက်ပါအတိုင်းဖြစ်၏။ |
ယေရှုခရစ်သည် ဖွားမြင်ခြင်းကိုခံတော်မူသော အကြောင်းအရာဟူမူကား၊ မယ်တော်မာရိသည် ယောသပ်နှင့် ထိမ်းမြားဆောင်နှင်း၍ မယှက်တင်မီတွင် သန့်ရှင်းသောဝိညာဉ်တော်ကြောင့် ပဋိသန္ဓေစွဲနေ၏။
ခါနာန်အမျိုးဖြစ်သော မိန်းမတစ်ယောက်သည် ထိုနယ်စပ်မှထွက်လာ၍၊ ဒါဝိဒ်၏သားတော်ရှင်၊ ကျွန်မကို သနားတော်မူပါ။ ကျွန်မ၏သမီးသည် နတ်ဆိုးနှိပ်စက်ခြင်းကို ပြင်းစွာခံရပါသည်ဟု ဟစ်ကြော်သော်လည်း စကားတစ်ခွန်းမျှ ပြန်တော်မမူ။-
ယေရှုသည် ဗတ္တိဇံကိုခံတော်မူပြီးလျှင် ရေမှပေါ်ထစဉ်တွင်၊ ကောင်းကင်ဖွင့်လှစ်သဖြင့်၊ ဘုရားသခင်၏ ဝိညာဉ်တော်သည် ချိုးငှက်ကဲ့သို့ ဆင်းသက်၍ ကိုယ်တော်အပေါ်၌ နားတော်မူသည်ကို မြင်ရ၍၊
ထိုအရပ်မှ ယေရှုသည် ကြွတော်မူစဉ်၊ မျက်စိကန်းသောသူ နှစ်ယောက်တို့သည် နောက်တော်သို့ လိုက်၍ ဒါဝိဒ်၏သားတော်၊ ကျွန်တော်တို့ကို သနားတော်မူပါဟု ဟစ်ကြော်ကြ၏။-
ထိုသူသည်လည်း ယာကုပ်အမျိုးအနွယ်ကို အစဉ်မပြတ် အုပ်စိုးလိမ့်မည်။ သူ၏နိုင်ငံသည်လည်း ဆုံးခြင်းမရှိရဟု ပြောဆို၏။
ခရစ်တော်သည် ဒါဝိဒ်အမျိုး၊ ဒါဝိဒ်နေရာဌာန၊ ဗက်လင်ရွာသားဖြစ်ရမည်ဟု ကျမ်းစာလာသည် မဟုတ်လောဟု ဆိုကြ၏။-