Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




မဿဲ 1:18 - မြန်မာ

18 ယေ​ရှု​ခ​ရစ်​သည် ဖွား​မြင်​ခြင်း​ကို​ခံ​တော်​မူ​သော အ​ကြောင်း​အ​ရာ​ဟူ​မူ​ကား၊ မယ်​တော်​မာ​ရိ​သည် ယော​သပ်​နှင့် ထိမ်း​မြား​ဆောင်​နှင်း၍ မ​ယှက်​တင်​မီ​တွင် သန့်​ရှင်း​သော​ဝိ​ညာဉ်​တော်​ကြောင့် ပ​ဋိ​သ​န္ဓေ​စွဲ​နေ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

18 သ​ခင်​ယေ​ရှု​ခ​ရစ်​ဖွား​မြင်​တော်​မူ​ပုံ​ကား​ဤ​သို့ တည်း။ မယ်​တော်​မာ​ရိ​နှင့်​ယော​သပ်​တို့​ထိမ်း​မြား​ရန် စေ့​စပ်​ကြောင်း​လမ်း​ထား​ပြီး​နောက်၊ ပေါင်း​သင်း​နေ​ထိုင် မှု​မ​ပြု​ရ​မီ​မာ​ရိ​သည်​သန့်​ရှင်း​သော​ဝိ​ညာဉ်​တော် ၏​တန်​ခိုး​အား​ဖြင့်​ပ​ဋိ​သေနန္ဓ​စွဲ​ကပ်​လေ​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

18 ယေ ရှု ခ ရစ် ၏ ဖွား တော် မူ ခြင်း အ ကြာင်း အ ရာ မှာ မယ် တော် ဖြစ် သူ မာ ရိ သည် ယော သပ် နှင့် ထိမ်း မှန်း ပြီး နောက် မ ဆက် ဆံ မီ သန့် ရှင်း သော ဝိ ညာဉ် တော် ဖြင့် သ န္ဓေ ရှိ ကြောင်း သိ မြင် ကြ သော်

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

18 ယေ​ရှု​ခ​ရစ်​သည် ဖွား​မြင်​ခြင်း​ကို​ခံ​တော်​မူ​သော အ​ကြောင်း​အ​ရာ​ဟူ​မူ​ကား၊ မယ်​တော်​မာ​ရိ​သည် ယော​သပ်​နှင့် ထိမ်း​မြား​ဆောင်​နှင်း၍ မ​ယှက်​တင်​မီ​တွင် သန့်​ရှင်း​သော​ဝိ​ညာဉ်​တော်​ကြောင့် ပ​ဋိ​သ​န္ဓေ​စွဲ​နေ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

18 ယေရှု​ခရစ်တော်​၏​ဖွားမြင်​တော်မူ​ခြင်း​မှာ ဤသို့​ဖြစ်​၏။ ကိုယ်တော်​၏​မယ်တော်​မာရိ​သည် ယောသပ်​နှင့်​စေ့စပ်​ထား​၍ ပေါင်းဖက်​နေထိုင်​ခြင်း​မ​ပြု​မီ သန့်ရှင်း​သော​ဝိညာဉ်​တော်​အားဖြင့် သန္ဓေတည်​သည်​ကို တွေ့​ရ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

ခေတ်သစ်​မြန်မာ သမ္မာကျမ်း

18 ယေရှု​ခရစ်တော် မွေးဖွားလာတော်မူပုံ​မှာ ဤသို့​ဖြစ်၏။ မယ်တော်​မာရိ​နှင့် ယောသပ်​တို့​သည် လက်ထပ်​ရန် စေ့စပ်ထား၏။ သို့သော်လည်း လက်ထပ်​ပေါင်းသင်းခြင်း​မပြုမီ မာရိ​သည် သန့်ရှင်းသော​ဝိညာဉ်တော်​၏​တန်ခိုး​အားဖြင့် ကိုယ်ဝန်ဆောင်လေ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




မဿဲ 1:18
13 ပူးပေါင်းရင်းမြစ်များ  

ငါ​သည် လူ​တို့​တွင်​ခံ​ရ​သော ကဲ့​ရဲ့​ခြင်း​အ​ကြောင်း​ကို ထာ​ဝ​ရ​ဘု​ရား​သည် ပယ်​ရှင်း​ခြင်း​ငှာ ငါ့​ကို ကြည့်​ရှု​တော်​မူ​စဉ်​တွင်၊ ဤ​ကျေး​ဇူး​တော်​ကို ပြု​တော်​မူ​ပြီ​ဟု​ဆို​လျက်၊ ငါး​လ​ပတ်​လုံး အိမ်​တွင်း၌​အောင်း၍ နေ​လေ၏။


အာ​ဗြ​ဟံ​နှင့် ဒါ​ဝိဒ်​တို့​မှ​ဆင်း​သက်​တော်​မူ​သော ယေ​ရှု​ခ​ရစ်၏ ဆွေ​တော်​စဉ်​မျိုး​တော်​ဆက် စာ​ရင်း​ဟူ​မူ​ကား၊-


အိမ်​သို့​ဝင်​လေ​သော်၊ မယ်​တော်​မာ​ရိ​နှင့်​တ​ကွ သူ​ငယ်​တော်​ကို တွေ့​မြင်​လျှင် ပျပ်​ဝပ်​ကိုး​ကွယ်၍၊ မိ​မိ​တို့ ဘ​ဏ္ဍာ​ဥ​စ္စာ​တို့​ကို ဖွင့်​ပြီး​မှ လော​ဗန်​နှင့် မု​ရန် တည်း​ဟူ​သော နံ့​သာ​မျိုး​ကို​လည်း​ကောင်း၊ ရွှေ​ကို​လည်း​ကောင်း ဆက်​ကပ်​ပူ​ဇော်​ကြ၏။-


ထို​သို့ ပ​ရိ​သတ်​တို့​အား ဟော​တော်​မူ​စဉ်​တွင်၊ မယ်​တော်​နှင့် ညီ​တော်​တို့​သည် နှုတ်​ဆက်​လို၍ ပြင်​မှာ ရပ်​နေ​ကြ၏။-


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ