ထာ ဝ ရ ဘု ရား မျက် မှောက် တော် တွင် ဖြောင့် မှန် စွာ ကျင့် ကြံ လျက်၊ ဝဲ ယာ သို့ မ ယိမ်း မ ယိုင်၊ ဘေး တော် ဒါ ဝိဒ် မင်း နည်း လမ်း အ တိုင်း လိုက် လျှောက် လေ ၏။
သုတ္တံကျမ်း။ 4:5 - Garrad Bible ဉာဏ် ပ ညာ ကိုလည်း ကောင်း၊ ဉာဏ် ပ ဋိ ဘာန် ကိုလည်း ကောင်း၊ သ တိ မ လစ် ဘဲ ဆည်း ပူး လော့။ ငါ နှုတ် မြွက် သော စ ကား ကို မ လွှဲ မ ပယ် နှင့်။ Common Language Bible ပညာကိုဆည်းဖူးလော့။ ဥာဏ်ကို ဆည်းဖူး လော့။ သတိမလစ်စေနှင့်။ ငါ၏နှုတ်ထွက်စကားကို မလွှဲမရှောင်နှင့်။ Judson Bible ပညာကို ဆည်းပူးလော့။ ဉာဏ်ကို ဆည်းပူးလော့။ သတိမလစ်စေနှင့်။ ငါ၏နှုတ်ထွက်စကားကို မလွှဲမရှောင်နှင့်။ မြန်မာ့စံမီသမ္မာကျမ်း ဉာဏ်ပညာကိုဆည်းပူးလော့။ အသိဉာဏ်ကိုဆည်းပူးလော့။ ငါ၏နှုတ်ထွက်စကားတို့ကို မမေ့လျော့နှင့်။ ၎င်းတို့မှသွေဖည်မသွားနှင့်။ |
ထာ ဝ ရ ဘု ရား မျက် မှောက် တော် တွင် ဖြောင့် မှန် စွာ ကျင့် ကြံ လျက်၊ ဝဲ ယာ သို့ မ ယိမ်း မ ယိုင်၊ ဘေး တော် ဒါ ဝိဒ် မင်း နည်း လမ်း အ တိုင်း လိုက် လျှောက် လေ ၏။
ခြေ တော် ရာ ကို ငါ နင်း လိုက်၍၊ နည်း လမ်း တော် ကို လည်း မ လွှဲ ဘဲ စောင့် ရှောက် ခဲ့ ပြီ။
ညှဉ်း ပန်း သူ နှင့် ရန် ဘက် ပြု သူ တို့ များ လှ သော် လည်း၊ သက် သေ ခံ တော် မူ ချက် များ မှ ကျွန်ုပ် မ လွှဲ မ တိမ်း ပါ။
မာ န ကြီး သူ တို့ သည် မ ထီ လေး စား ပြု လှ ကြ သော် လည်း၊ တ ရား တော် မှ အ ကျွန်ုပ် မ လွှဲ မ တိမ်း ပါ။
ကိုယ် တော် သည်၊ ခွေး အ တို့ အောင်း ရာ တွင် ချိုး ဖဲ့ ၍၊ သေ ခြင်း အ ရိပ် နှင့် ဖုံး လွှမ်း တော် မူ ခဲ့ ပါ သော် လည်း၊ အ ကျွန်ုပ် တို့ စိတ် အား မ ဆုတ်။
ဉာဏ် ပ ညာ ကို ရ ခြင်း သည် ရွှေ ထက် လည်း ကောင်း၊ ဉာဏ် ပ ဋိ ဘာန် ကို ရွေး ရ ခြင်း သည် ငွေ ထက် လည်း ကောင်း၊ သာ ၍ မြတ် ၏။
မိုက် မဲ သော သူ သည်၊ ဉာဏ် မ ရှိ သည် ဖြစ်၍၊ ပ ညာ ဝယ် ရန် အ ဖိုး ကို၊ အ ဘယ့် ကြောင့် ကိုင် စွဲ ခွင့် ရ သ နည်း။
အ သီး အ ခြား နေ တတ် သော သူ သည်၊ ကိုယ့် အ လို ဆ န္ဒ ပြည့် စုံ စေ ရန် ရှာ ကြံ၍၊ အ မျှော် အ မြင် ပ ညာ ရှိ သ မျှ ကို မျက် မာန် ထ ၏။
ဉာဏ် ပ ညာ ကို ရ သော သူ သည်၊ ကိုယ့် အ သက် ကို ချစ် ရာ ရောက်၏။ ဉာဏ် ပ ဋိ ဘာန် ကို စောင့် ရှောက် သူ လည်း၊ ကောင်း စား လိမ့် မည်။
သ စ္စာ တ ရား မှ စ သော၊ ဉာဏ် ပ ညာ၊ ဉာဏ် ပ ဋိ ဘာန်၊ ဩ ဝါ ဒ များ ကို ဝယ်၍၊ မ ရောင်း မ ချ ဘဲ ထား လော့။
ငါ့ သား၊ ငါ ပြ သော တ ရား ကို မ မေ့ မ လျော့ ဘဲ၊ ပ ညတ် များ ကို လည်း စိတ် နှ လုံး ၌ စောင့် ရှောက် လော့။
ဉာဏ် ပ ညာ သည် အ ထွဋ် အ မြတ် ဖြစ် သ ဖြင့်၊ ဆည်း ပူး လော့။ ဆည်း ပူ အပ် သ မျှ တွင်၊ ဉာဏ် ပ ဋိ ဘာန် ကို အ ထူး ဆည်း ပူး လော့။
မ လိ မ္မာ သူ တို့၊ အ လိ မ္မာ ဉာဏ် ကို နား လည် ၍၊ မိုက် မဲ သူ တို့၊ နား လည် သော စိတ် ကို ရ ရှိ ကြ လော့။
သင် တို့ အ နက် တစ် ယောက် ယောက် ၌ ဉာဏ် ပ ညာ ယုတ် လျော့ လျှင် အ ပြစ် မ တင် ဘဲ သူ ခပ် သိမ်း တို့ အား ကြွယ် ဝ စွာ သ နား တော် မူ သော ဘု ရား သ ခင့် ထံ တောင်း လျှောက် စေ။ သ နား တော် မူ လိမ့် မည်။