ရှောလမုန်သီချင်း။ 5:14 - Garrad Bible လက် များ သည်၊ မျက် ရွဲ စီ သော လက် ဝတ် ကဲ့ သို့လည်း ကောင်း၊ ကိုယ် လည်း နီ လာ ဖြင့် စီ ချယ် သော ဆင် စွယ် ကဲ့ သို့လည်း ကောင်း ဖြစ်၏။ Common Language Bible ခြေထောက်တော်တို့သည် ရွှေစင်ဘိနပ်ပေါ်၌ တည်သော ကျောက်ဖြူတိုင်နှင့်တူကြ၏။ မျက်နှာတော် သည် လေဗနုန်တောင်ကဲ့သို့ဖြစ်၍၊ အာရဇ်ပင်ကဲ့သို့ ထူးမြတ်ပေ၏။ Judson Bible လက်တော်တို့သည် မျက်ရွဲစီသော လက်စွပ်ကဲ့သို့လည်းကောင်း၊ ကိုယ်တော်သည် နီလာကျောက်ဖြင့် စီချယ်သော ဆင်စွယ်ဖြူကဲ့သို့လည်းကောင်းဖြစ်၏။ မြန်မာ့စံမီသမ္မာကျမ်း သူ၏လက်များသည်လည်း ကျောက်မျက်ရွဲစီခြယ်ထားသော ရွှေလက်စွပ်နှင့်တူ၏။ ဝမ်းဗိုက်သည်လည်း နီလာကျောက်စီခြယ်ထားသော ပြောင်လက်သည့်ဆင်စွယ်နှင့်တူ၏။ |
ကိုယ် တော် သည် တ ရား သ ဖြင့် စီ ရင် ခြင်း ကို နှစ် သက် သော ဘု ရင် မင်း၏ တန် ခိုး ကို၊ မျှ တ ခြင်း နှင့် တည် မြဲ စေ လျက်၊ ယာ ကုပ် အ မျိုး ၌ တ ရား သ ဖြင့် စီ ရင် ခြင်း နှင့် ဖြောင့် မတ် ခြင်း ကို စီ မံ တော် မူ၏။
တန် ခိုး ကြောင့် ဘုန်း ကြီး တော် မူ သော အို ထာ ဝ ရ ဘု ရား၊ ညာ လက် တော် သည် ရန် သူ တို့ ကို ချိုး ဖဲ့ ဖျက် ဆီး တော် မူ ၏။
ဣ သ ရေ လ လူ မျိုး၏ ဘု ရား သ ခင် ကို ဖူး မြင် ကြ ရာ ခြေ တော် အောက်၌ ကျောက် ပြား ခင်း ကဲ့ သို့ လည်း ကောင်း၊ ကြည် လင် သော ကောင်း ကင် ပြင် ကဲ့ သို့ လည်း ကောင်း ထင် မြင် ရ လေ ၏။
စ တု တ္တ အ တန်း ကား မျက် ရွဲ၊ မ ဟူ ရာ၊ န ဂါး သွဲ့ များ ကို အ သီး အ သီး ဆိုင် ရာ ရွှေ ကျောက် အိုး ၌ ထည့် သွင်း လော့။
မ ဟူ ရာ အ နက်၊ ဂေါ် မုတ်။ စ တု တ္ထ အ တန်း ကား မျက် ရွဲ၊ မ ဟူ ရာ၊ န ဂါး သွဲ့ များ ကို အ သီး အ သီး ဆိုင် ရာ ရွှေ ကျောက် အိုး ထဲ၌ ထည့် သွင်း လေ ၏။
သင်၏ ချက် လည်း၊ စ ပျစ် ရည် ထည့် သော ဖ လား သ ဖွယ် ဖြစ် လျက်၊ ဝမ်း သည်၊ နှင်း ပန်း စီ ချယ် သော စ ပါး ပုံ အ ဆင်း နှင့် တူ၏။
ကြည့် လော့၊ ငါ့ ကျွန် ရင်း သည် ကြံ တိုင်း အောင် လျက်၊ မွန် မြတ် ကြီး မြင့် လွန် ကဲ လိမ့် မည်။
လှိုင်း ပုတ်၍ ချမ်း သာ မ ရ သော အ ချင်း ဆင်း ရဲ သူ၊ သင့် တိုက် ကျောက် များ ကို ခ နောက် စိမ်း သ တ္တု နှင့် ချယ် သား လျက်၊ တိုက် မြစ် အ ဖြစ်၊ နီ လာ ကို ချ ထား မည်။
၎င်း စက် များ ၏ အ ဆင်း နှင့် ပုံ သဏ္ဌာန် ကား၊ ဥဿ ဖ ယား အ ရောင် နှင့် တူ လျက်၊ တစ် သဏ္ဌာန် တည်း ရှိ လျက်၊ တစ် စက် အ တွင်း တွင် တစ် စက် ပါ သော အ သွင် နှင့် ပုံ ရှိ ၏။
ကိုယ် လည်း ဥဿ ဘ ယား ကဲ့ သို့ လည်း ကောင်း၊ မျက် နှာ လည်း လျှပ် စစ် ကဲ့ သို့ လည်း ကောင်း၊ မျက် စိ လည်း မီး ရှူး ကဲ့ သို့ လည်း ကောင်း၊ လက် ခြေ လည်း တိုက် ပွတ် သော ကြေး ရောင် ကဲ့ သို့ လည်း ကောင်း၊ စ ကား သံ လည်း တ ခဲ နက် ပဲ့ တင် သံ ကဲ့ သို့ လည်း ကောင်း ဖြစ်၏။