မြည်တမ်းစကား 5:5 - Garrad Bible ကုပ် ပေါ် တွင် လိုက် လံ သူ တို့ စီး ကြ သ ဖြင့်။ အ ကျွန်ုပ် တို့ သည်၊ ချမ်း သာ မ ရ။ ပင် ပန်း လှ ပါ၏။ Common Language Bible ကျွန်တော်မျိုးတို့သည်မြည်းများ၊ ကုလားအုတ် များကဲ့သို့ နောက်မှအပြင်းမောင်းနှင်ခြင်းခံနေရကြပါ၏။ မောပန်းပါသော်လည်းနားနေခွင့်မရကြပါ။ Judson Bible ထမ်းပိုးကို အစဉ်ထမ်းရပါ၏။ မရပ်မနေဘဲ လုပ်ကိုင်ရပါ၏။ မြန်မာ့စံမီသမ္မာကျမ်း အကျွန်ုပ်တို့ကို လိုက်သောသူတို့သည် အကျွန်ုပ်တို့ လည်ကုတ်ပေါ် တက်စီးကြပါ၏။ အကျွန်ုပ်တို့ မနားရသောကြောင့် ပင်ပန်းလှပါ၏။ |
သို့ ဖြစ် ၍၊ ငါ ထာ ဝ ရ ဘု ရား မိန့် ဆို သည့် အ တိုင်း၊ အ ကြင် လူ မျိုး၊ တိုင်း နိုင် ငံ သည်၊ ဗာ ဗု လုန် ဘု ရင် နေ ဗု ခဒ် နေ ဇာ၏ အ မှု ကို ထမ်း ခြင်း၊ ထမ်း ပိုး အောက် ကုပ် လျှိုး ခြင်း မ ပြု အံ့။ ထို မင်း၏ လက် ရုံး ရည် ဖြင့် ကုန် စေ တော် မ မူ မ ချင်း၊ သ တ္တ န္တ ရ ကပ်၊ ဒု ဗ္ဘိ က္ခ န္တ ရ ကပ်၊ ရော ဂ န္တ ရ ကပ် များ ဖြင့်၊ ထို လူ မျိုး ကို စီ ရင် လ တ္တံ့။
ဗာ ဗု လုန် ဘု ရင် နေ ဗု ခဒ် နေ ဇာ ၏ အ မှု ကို ထမ်း ကြ ရ စေ ခြင်း ငှာ၊ ဆို ခဲ့ သော လူ မျိုး တို့ ကုပ်၌၊ သံ ထမ်း ပိုး ကို ငါ တင် ပြီး သည့် အ လျောက်၊ ထမ်း ကြ ရ မည်။ သား ယဉ် သား ရဲ တို့ ကို လည်း ငါ လွှဲ အပ် လေ ပြီ ဟု၊ ဗိုလ် ခြေ တို့ အရှင် ထာ ဝ ရ ဘု ရား၊ ဣ သ ရေ လ လူ မျိုး ၏ ဘု ရား သ ခင် မိန့် တော် မူ ကြောင်း၊ ဆင့် ဆို လော့ ဟူ သော ဗျာ ဒိတ် တော် အ တိုင်း၊
ဗိုလ် ခြေ တို့ အ ရှင် ထာ ဝ ရ ဘု ရား က လည်း၊ ထူ သော ဗာ ဗု လုန် မြို့ ရိုး များ သည်၊ သုတ် သင် ပယ် ရှား ခြင်း၊ မြင့် သော တံ ခါး များ လည်း၊ မီး ဖြင့် ကျွမ်း လောင် ခြင်း ခံ ရ မည်။ သို့ နှင့် အ ညီ၊ လူ မျိုး များ သည်၊ အ ချည်း နှီး အတွက် လည်း ကောင်း၊ လူ စု တို့ သည်၊ မီး လောင် စာ အတွက် လည်း ကောင်း၊ ပင် ပန်း စွာ လုပ် ကိုင် တတ် ကြ သည် တ ကား ဟူ ၍ တည်း။
အ ရှင် ဘု ရား သည် လက် တော် ဖြင့် ငါ့ လွန် ကျူး မှု များ ကို၊ ထမ်း ပိုး သ ဖွယ် ကုပ် ပေါ် တွင် ကျစ် လိမ် ဖွဲ့ တင် လျက်၊ အား လျော့ စေ သည့် ပြင်၊ ခံ ရပ်၍ မ ရ သော သူ တို့ လက် အ တွင်း သို့၊ ငါ့ ကို အပ် နှင်း တော် မူ လေ ပြီ။
ယု ဒ လူ မျိုး သည်၊ ညှဉ်း ပန်း ခြင်း၊ အ ကြပ် အ တည်း ကျွန် စေ စား ခြင်း များ ကြောင့် ထွက် သွား၍၊ လူ မျိုး ခြား တို့ တွင်၊ မ ချမ်း မ သာ နေ ထိုင် ရ၏။ လိုက် လံ သူ တို့ သည် ကျဉ်း မြောင်း ရာ၌ မီ ခဲ့ ကြ လေ စွ။
လမ်း သို့ မ သွား ဝံ့ သည့် တိုင် အောင်၊ ငါ တို့ ကို ထက် ကြပ် လိုက် လံ သူ တို့ သည်၊ ကောင်း ကင်၌ ပျံ သော လင်း ယုန် ထက် လျင် မြန် သည့် အ တိုင်း၊ တောင် တန်း ပေါ် တွင် လိုက် ရှာ ခြင်း၊ တော တွင် တပ် ပုန်း ချ ခြင်း ပြု လျက်၊
သို့ ဖြစ်၍ ထာ ဝ ရ ဘု ရား က၊ ဆိုး သွမ်း ရာ ကာ လ ဖြစ် သော ကြောင့်၊ မတ် တတ် ရပ် ခွင့်၊ လည် ကုတ် ဆုတ် ခွင့် မ ရှိ သည့် တိုင် အောင်၊ ဤ လူ မျိုး နှင့် စပ် လျဉ်း သော မ ကောင်း ဝန် ကို ငါ ကြံ စည် သည် ဟု မိန့် တော် မူ ၏။
ငါ့ ထမ်း ပိုး ကို ထမ်း၍ ငါ့ ထံ မှ သင် ကြ လော့။ ငါ သည် သိမ် မွေ့ နှိမ့် ချ သော စိတ် ရှိ၏။ အ သက် ဝိ ညာဉ် ချမ်း သာ ရာ ကို လည်း သင် တို့ တွေ့ ကြ လိမ့် မည်။
ထို့ ကြောင့် ဘိုး ဘေး များ မှ စ၍ ငါ တို့ လည်း မ ထမ်း နိုင် သော ထမ်း ပိုး ကို ထို တ ပည့် တော် တို့ လည် ပေါ် တွင် တင် လျက် အ ဘယ့် ကြောင့် ဘု ရား သ ခင် ကို ယ ခု စုံ စမ်း ကြ သ နည်း။
သံ ထမ်း ပိုး တင် သည့် အ တိုင်း၊ သင် တို့ ကို ပယ် ရှား တော် မ မူ မ ချင်း၊ ထာ ဝ ရ ဘု ရား စေ လွှတ် တော် မူ မည့် ရန် သူ တို့ အ မှု ကို မွတ် သိပ် ရေ ငတ် လျက်၊ အ ဝတ် မှ စ သော အ ရာ ရာ မဲ့ လျက် ထမ်း ရ ကြ လ တ္တံ့။