ထို အ ခါ ထာ ဝ ရ ဘု ရား သည် စံ တော် မူ ရာ ကောင်း ကင် မှ သော ဒုံ မြို့၊ ဂေါ မော ရ မြို့ များ အ ပေါ် သို့ ကန့် မီး ကျ ရွာ စေ တော် မူ ၍၊
မြည်တမ်းစကား 4:6 - Garrad Bible လူ့ လက် ဖြင့် မ ဟုတ် ဘဲ၊ ရှောင် တ ခင် ဖြို လှဲ ခံ ရ သော၊ သော ဒုံ မြို့ ပြစ် ဒဏ် ထက်၊ ငါ့ လူ မျိုး ချင်း သ တို့ သ မီး ခံ သော စီ ရင် ဒဏ် ကြီး လေး သည် တ ကား။ Common Language Bible ငါ၏လူမျိုးသည်ထာဝရဘုရား၏လက် တော်ဖြင့် ရုတ်တရက်ပြိုလဲပျက်စီးရသည့် သောဒုံမြို့ထက်အပြစ်ဒဏ်ပို၍ခံရ ပါ၏။ Judson Bible အဘယ်သူမျှ အားမထုတ်ဘဲ ချက်ချင်းပျက်စီးခြင်းသို့ရောက်သော၊ သောဒုံမြို့ခံရသော အပြစ်ဒဏ်ထက်၊ ငါ၏လူမျိုး သတို့သမီးခံရသော အပြစ်ဒဏ်သည် သာ၍ကြီးပေ၏။ မြန်မာ့စံမီသမ္မာကျမ်း မည်သူမျှမတိုက်ခိုက်ဘဲ တစ်ခဏအတွင်း ပြိုလဲသွားသော သောဒုံမြို့ခံရသောအပြစ်ဒဏ်ထက် ငါ့လူမျိုးသမီးပျို ခံရသောအပြစ်ဒဏ်သည် ကြီးလေးပါသည်တကား။ |
ထို အ ခါ ထာ ဝ ရ ဘု ရား သည် စံ တော် မူ ရာ ကောင်း ကင် မှ သော ဒုံ မြို့၊ ဂေါ မော ရ မြို့ များ အ ပေါ် သို့ ကန့် မီး ကျ ရွာ စေ တော် မူ ၍၊
ထို မြို့ များ ကို လည်း ကောင်း၊ မြစ် ကမ်း ပြင် တစ် ၀ှမ်း လုံး ကို လည်း ကောင်း၊ မြို့ သူ မြို့ သား အ ပေါင်း တို့ ကို လည်း ကောင်း၊ မြေ၌ ပေါက် သ မျှ ကို လည်း ကောင်း၊ ဖြို လှဲ ဖျက် ဆီး တော် မူ ၏။
ပ ရော ဟိတ် သည် လူ ကဲ့ သို့လည်း ကောင်း၊ သ ခင် သည် ကျွန် ယောက်ျား ကဲ့ သို့ လည်း ကောင်း၊ သ ခင် မ သည် ကျွန် မိန်း မ ကဲ့ သို့ လည်း ကောင်း၊ ရောင်း သူ သည် ဝယ် သူ ကဲ့ သို့လည်း ကောင်း၊ မြီ ရှင် သည် မြီ စား ကဲ့ သို့ လည်း ကောင်း၊ အ တိုး စား သူ သည် အ တိုး ဆပ် သူ ကဲ့ သို့ လည်း ကောင်း၊ ဖြစ် ရ ကြ လိမ့် မည်။
ကိုယ် ဝန် အ ရင့် အ မာ အ မြဲ ရှိ ရာ၊ ငါ့ သင်္ချိုင်း ဖြစ် စေ ခြင်း ငှာ၊ မိ ခင် ဝမ်း တွင်း က ပင် ငါ့ ကို မ သတ် သည့် အ တွက်၊ ထို သူ သည်၊ ထာ ဝ ရ ဘု ရား စိတ် တော် မ ပြောင်း ဘဲ၊ ဖြို လှဲ တော် မူ ခဲ့ သော မြို့ များ နည်း တူ ဖြစ် လျက်၊ နံ နက် ယံ အ ချိန် ၌ အော် ဟစ် သံ ကို လည်း ကောင်း၊ မွန်း တည့် အ ချိန် ၌ စစ် ရေး သံ ကို လည်း ကောင်း၊ ကြား ရ ပါ စေ သော။
ယေ ရု ရှ လင် မြို့ ရှိ ပ ရော ဖက် များ မှာ မူ၊ သူ့ သား အိမ် ရာ ပြစ် မှား ခြင်း၊ မု သာ အ လျောက် လိုက် လျှောက် ခြင်း၊ ကိုယ့် ဆိုး သွမ်း မှု မှ အ သီး အသီး မ ပြန် လာ ရ အောင် အ ဆိုး ပြု သူ တို့ ကို အား ပေး ခြင်း များ တည်း ဟူ သော၊ စက် ဆုပ် ဖွယ် ရာ ပြု ကြ ကြောင်း ငါ ရှု မြင် သည် နှင့်၊ ရှိ သ မျှ တို့ သည် သော ဒုံ မြို့ ကဲ့ သို့ လည်း ကောင်း၊ မြို့ သူ မြို့ သား တို့ လည်း ဂေါ မော ရ မြို့ ကဲ့ သို့ လည်း ကောင်း၊ ငါ ရှေ့ ဖြစ် ရ လေ စွ။
ဓား ဘေး ဖြင့် လုပ် ကြံ ခံ ရ သူ တို့ သည် မြေ ထွက် အ သီး အ နှံ လို လျက်၊ မွတ် သိပ် ခြင်း ဘေး ဖြင့် နာ ကျင် စွာ ကြေ ကွဲ အောင် လုပ် ကြံ ကြ သူ တို့ ထက် သာ ယာ ကြ ၏။
ထို မင်း သည် လိ မ္မာ စွာ ပြု သ ဖြင့် စဉ်း လဲ ခြင်း အောင် မြင် လျက် ဘေး မ မြော် မြင် သော လူ အ များ တို့ ကို စိတ် မောက် ကြွား၍ ဖျက် ဆီး ပြီး လျှင် မင်း ထက် မင်း ကို ပင် ပုန် ကန် သည့် အ တွက် လူ့ လက် ဖြင့် မ ဟုတ် ဘဲ ကျိုး ပဲ့ ပျက် စီး ခြင်း သို့ ရောက် လိမ့် မည်။
ကောင်း ကင် တစ် ပြင် လုံး အောက် မ ရောက် စ ဘူး သော ဘေး ဥ ပဒ် ကြီး ကို ယေ ရု ရှ လင် မြို့၊ အ ကျွန်ုပ် တို့ အ ပေါ် တွင် သင့် ရောက် စေ သ ဖြင့် အ ကျွန်ုပ် တို့ မှ စ၍ အုပ် စိုး သော တ ရား မင်း တို့ တစ် ဘက်၌ မိန့် ဆို သော ဗျာ ဒိတ် တော် ကို အ တည် ပြု တော် မူ ပြီ။
အ ရှင့် အ လို ကို သိ လျက် မ လိုက် နာ မ ပြင် ဆင် သော ကျွန် သည် များ စွာ ရိုက် ဒဏ် ခံ ရ မည်။