အို ဣ သ ရေ လ လူ မျိုး သင့် စစ် မြေ ပြင် တွင် သင့် တင့် တယ် ခြင်း ကျ ဆုံး လေ စွ။ စွမ်း ရည် ကောင်း သူ တို့ ကျ ကြ ပြီ တ ကား။
မြည်တမ်းစကား 2:1 - Garrad Bible အ ရှင် ဘု ရား သည်၊ သ တို့ သ မီး ဇိ အုန် ကို အ မျက် တော် တိမ် တိုက် ဖြင့် ဖုံး လွှမ်း တော် မူ လေ စွ။ အ မျက် တော် ထား ရာ နေ့ ရက်၌၊ ခြေ တော် တင် ရာ ကို သ တိ မ ရ ဘဲ၊ ဣ သ ရေ လ လူ မျိုး၏ တင့် တယ် ခြင်း ကို၊ မိုး မှ မြေ သို့ ပစ် ချ တော် မူ လေ ပြီ။ Common Language Bible ထာဝရဘုရားသည်အမျက်ထွက်တော်မူ၍ ဇိအုန်မြို့ကိုအမှောင်ဖုံးစေတော်မူလေပြီ။ ထိုမြို့၏ခမ်းနားကြီးကျယ်မှုသည် ကောင်းကင်မှမြေကြီးသို့ကျဆင်းယိုယွင်းလေပြီ။ ကိုယ်တော်သည်အမျက်ထွက်တော်မူသောကာလ၌ မိမိ၏ဗိမာန်တော်ကိုပင်စွန့်ပစ်တော်မူ၏။ Judson Bible ထာဝရဘုရားသည် ဇိအုန်သတို့သမီးကို အမျက်တော်မိုးတိမ်ဖြင့် ဖုံးလွှမ်းတော်မူပြီ။ ဣသရေလအမျိုး၏ ဂုဏ်အသရေကို ကောင်းကင်မှမြေကြီးတိုင်အောင် ချတော်မူပြီ။ အမျက်တော်ထွက်ချိန်၌ ခြေတော်တင်ရာခုံကို မအောက်မေ့ဘဲ နေတော်မူပါပြီတကား။ မြန်မာ့စံမီသမ္မာကျမ်း ဘုရားရှင်သည် ဇိအုန်သမီးပျိုကို အမျက်တော်မိုးတိမ်ဖြင့် ဖုံးအုပ်တော်မူပြီတကား။ မိုးထိမြင့်သောအစ္စရေးလူမျိုး၏ဂုဏ်ကျက်သရေကို မြေသို့တိုင် ရှုတ်ချတော်မူပြီ။ အမျက်တော်ထွက်ရာနေ့၌ မိမိ၏ခြေတင်ခုံကို မေ့ပစ်တော်မူပြီ။ |
အို ဣ သ ရေ လ လူ မျိုး သင့် စစ် မြေ ပြင် တွင် သင့် တင့် တယ် ခြင်း ကျ ဆုံး လေ စွ။ စွမ်း ရည် ကောင်း သူ တို့ ကျ ကြ ပြီ တ ကား။
ရပ် လျက် မိန့် ဆို သည် မှာ ငါ့ ညီ အစ် ကို၊ ငါ့ လူ မျိုး တို့၊ နား ထောင် ကြ လော့။ ငါ တို့ ဘု ရား သ ခင် ခြေ တော် တင် ခုံ တည်း ဟူ သော ထာ ဝ ရ ဘု ရား၏ ပ ဋိ ညာဉ် သေ တ္တာ တည် မြဲ ရာ ဗိ မာန် တော် ကို ငါ ဆောက် မည် ကြံ ရွယ် လျက် ကိုယ် တိုင် ပြင် ဆင် ခဲ့ သော် လည်း၊
ငါ တို့ က၊ စံ ရာ တော် ထဲ သို့ ဝင် ၍၊ ခြေ တော် တင် ရာ ခုန် ရှေ့ ရှိ ခိုး ကြ ကုန် အံ့။
ငါ တို့ ဘု ရား သ ခင် ထာ ဝ ရ ဘု ရား၏ ဂုဏ် တော် ကို ချီး မြှောက် ကြ လျက်၊ ခြေ တော် တင် ရာ ခုံ ရှေ့၊ ရှိ ခိုး ကြ လော့။ ကိုယ် တော် သည် သန့် ရှင်း တော် မူ ၏။
ဘိုး ဘေး တို့ ထော မ နာ ပြု ရာ သန့် ရှင်း တင့် တယ် သော၊ အ ကျွန်ုပ် တို့ ဗိ မာန် သည်၊ မီး ကျွမ်း လောင် သည့် ပြင်၊ နှစ် သက် ဖွယ် အ ရပ် ရှိ သ မျှ လည်း၊ မြို့ ဆိုး ကုန်း ဖြစ် ရှာ လေ စွ။
သင့် ဒု စ ရိုက် များ ပြား လျက်၊ ပြစ် မှု တိုး ပွား သည့် အ တွက်၊ ရက် စက် သော ရန် သူ သ ဖွယ်၊ ငါ ဒဏ် ခတ် ဆုံး မ သော ကြောင့်၊ ချစ် ခင် ကျွမ်း ဝင် သူ အ ပေါင်း တို့ ပင်၊ သင့် ကို မ လိုက် မ ရှာ ဘဲ မေ့ လျော့ ကြ ပြီ။
စည် ပင် ခဲ့ သော မြို့ တော် သည်၊ ဆိတ် ညံ စွာ နေ လျက်၊ လူ မျိုး ခြား တို့ တွင် ပြန့် ပြော ခဲ့ သော မြို့ သည်၊ မု ဆိုး မ သ ဖွယ် ဖြစ် လျက်၊ ပြည် ထောင် တ ကာ အ ထွဋ် တင် ခဲ့ သော မြို့ သည်၊ လ မိုင်း အ ဖြစ် ရောက် လေ စွ တ ကား။
အို သီ သွား သူ အ ပေါင်း တို့၊ အ မျက် တော် ထား ရာ နေ့ ရက်၌၊ ထာ ဝ ရ ဘု ရား စီ ရင်၍ သင့် စေ တော် မူ သည့် အ တိုင်း၊ ငါ ခံ ရ သော ဝေ ဒ နာ နှင့် အ မျှ၊ ခံ ရ သူ ရှိ သည် မ ရှိ သည် ကို စဉ်း စား ကြ ဦး။ သင် တို့ နှင့် မ ဆိုင် သ လော။
ထာ ဝ ရ ဘု ရား သည် ပြ ဋ္ဌာန်း ခဲ့ သော အ ချက်၊ ရှေး ကာ လ ၌ မိန့် မှာ ခဲ့ သော အ ချက် ကို၊ အ ပြီး သတ် စီ ရင် တော် မူ သည့် အ တိုင်း၊ မ ညှာ တာ ဘဲ ဖြို လှဲ ခြင်း၊ သင့် အ ပေါ် တွင် ရန် သူ အောင် သံ လွှင့် ခြင်း၊ ရန် ဘက် တို့ ဦး ချို မြှောက် ခြင်း များ ကို ပြု တော် မူ ပြီ။
ရွှေ သည် အ ရည် မှိန် ခြင်း၊ သိင်္ဂ နိက် သည် အ ရည် ယုတ် ခြင်း၊ သန့် ရှင်း ရာ ဌာ န၏ ကျောက် မျက် များ သည်၊ လမ်း ဆုံ တိုင်း ၌ ကြဲ ပစ် ခြင်း၊
ထာ ဝ ရ ဘု ရား သည် အ မျက် ဒေါ သ အ ရှိန် ကုန်၊ သွန်း လောင်း လျက်၊ ဇိ အုန် မြို့ အ ခြေ အ မြစ် ပါ၊ ကျွမ်း လောင် သော မီး ကို မွေး တော် မူ လေ ပြီ။
သို့ နှင့် အ ညီ အ ရှင် ထာ ဝ ရ ဘု ရား က၊ ငါ သည် ဒေါ သ အ မျက် တော် ထား လျက်၊ မိုး သက် မုန် တိုင်း ဖြင့် ဖောက် ခွဲ ခြင်း၊ မိုး ရွာ သ ဖြင့် လွှမ်း စီး ခြင်း၊ မိုး သီး များ နှင့် ကုန် ခန်း စေ ခြင်း ကို ပြု၍၊
ဒေါ သ ဖြင့် ဆွဲ နုတ် ခြင်း မြေ အ ထိ ဖြတ် လှဲ ခြင်း၊ အ ရှေ့ လေ ဖြင့် အ သီး ခြောက် ခြင်း များ ကို ခံ ရာ၊ ခိုင် ခံ သော အ ကိုင်း များ လည်း၊ ကျိုး ပြတ် သွေ့ ခြောက်၍ လောင် စာ ဖြစ် လေ စွ။
အိ ဂျစ် ထမ်း ပိုး များ ကို ငါ ချိုး ဖြတ် သ ဖြင့်၊ မောက် မာ ရာ ခံ မြို့ ပ ပျောက် သည့် ကာ လ၊ နေ အ လင်း သည်၊ တာ ပ နက် မြို့ မှ ကွယ်၍၊ မိုး သား လည်း အုံ့ လျက်၊ မြို့ သူ တို့ သုံ့ ပန်း သိမ်း သွား ခံ ရ ကြ လိမ့် မည်။
အ ချင်း က ပေ ရ နောင် မြို့၊ မိုး ကောင်း ကင် တိုင် တက် ရောက် မည် လော။ မ ရ ဏ နိုင် ငံ တိုင် ကျ ရောက် ရ မည်။ သင်၌ ဖြစ် ဖူး သော အ မှု ကြီး များ သည် သော ဒုံ မြို့၌ ဖြစ် ခဲ့ လျှင် ယ နေ့ တိုင် ထို မြို့ တည် ရှိ လေ ပြီ။
အ ချင်း က ပေ ရ နောင် မြို့၊ မိုး ကောင်း ကင် တိုင် တက် ရောက် မည် လော။ မ ရ ဏာ့ နိုင် ငံ တိုင် ကျ ရောက် ရ မည်။
နောက် ဘု ရား သ ခင့် သေ တ္တာ တော် သုံ့ ရ ပါ သွား သည် ကိုလည်း ကောင်း၊ ယော က္ခ မ နှင့် လင် ပါ ဆုံး ကြ သည် ကို လည်း ကောင်း အ ကြောင်း ပြု၍ ဣ သ ရေ လ လူ မျိုး၏ ဘုန်း အ သ ရေ ကွယ် ပျောက် ပြီ ဟု ဆို လျက် ထို သား ကို ဣ ခ ဗုဒ် အ မည် ဖြင့် မှည့် လေ၏။
ဘု ရား သ ခင့် သေ တ္တာ တော် သုံ့ ရ ပါ သွား သော ကြောင့် ဣ သ ရေ လ လူ မျိုး၏ ဘုန်း အ သ ရေ ကွယ် ပျောက် ပြီ ဟု ဆို ပြန်၏။