မြည်တမ်းစကား 1:1 - Garrad Bible1 စည် ပင် ခဲ့ သော မြို့ တော် သည်၊ ဆိတ် ညံ စွာ နေ လျက်၊ လူ မျိုး ခြား တို့ တွင် ပြန့် ပြော ခဲ့ သော မြို့ သည်၊ မု ဆိုး မ သ ဖွယ် ဖြစ် လျက်၊ ပြည် ထောင် တ ကာ အ ထွဋ် တင် ခဲ့ သော မြို့ သည်၊ လ မိုင်း အ ဖြစ် ရောက် လေ စွ တ ကား။ အခန်းကိုကြည့်ပါ။Common Language Bible1 အခါတစ်ပါးကလူစည်ကားခဲ့သည့် ယေရုရှလင်မြို့သည်အထီးကျန်ဖြစ်လျက် နေ၏။ အခါတစ်ပါးကကမ္ဘာ၏ဂုဏ်ပြုချီးမြှင့်ခြင်းကို ခံခဲ့ရဖူးသော်လည်း ယခုအခါသူသည်မုဆိုးမနှင့်တူတော့၏။ မြို့တကာတွင်ဂုဏ်ကြက်သရေအရှိဆုံးမြို့သည် ကျွန်ဘဝသို့သက်ဆင်းရလေပြီ။ အခန်းကိုကြည့်ပါ။Judson Bible1 စည်ပင်ခဲ့သောမြို့သည် လူဆိတ်ညံလျက် ထိုင်လေသည်တကား၊ လူမျိုးတို့တွင် ကြီးမြတ်ဖူးသော သတို့သမီးသည် မုဆိုးမကဲ့သို့ဖြစ်၏။ အပြည်ပြည်တို့၏သခင်မသည် အခွန်ပေးရ၏။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း1 လူစည်ကားခဲ့သောမြို့ကြီး အထီးကျန်နေပါပြီတကား။ တိုင်းနိုင်ငံတို့၏ အထွတ်ရောက်ခဲ့ဖူးသောမြို့ကြီး မုဆိုးမဘဝသို့ရောက်ရပါပြီတကား။ ပြည်တကာတို့၏ဘုရင်မကြီး အစေခံဘဝသို့ရောက်ရပါပြီတကား။ အခန်းကိုကြည့်ပါ။ |
ကျွန် တော် တို့ တောင်း ပန် ချက် ကို နာ ခံ ပါ။ ကိုယ် တော် ဒိ ဋ္ဌ မြင် ရ သည့် အ တိုင်း၊ အ မြောက် အ မြား တို့ အ နက်၊ အ နည်း ငယ် မျှ ကြွင်း ကျန် နေ ရစ် သူ ကျွန် တော် တို့ အ ဖို့၊ ကိုယ် တော် ၏ ဘု ရား သ ခင် ထာ ဝ ရ ဘု ရား သည်၊ လိုက် အပ် သော လမ်း၊ ပြု အပ် သော အ မှု ကို ကျွန် တော် တို့ အား ဖော် ပြ တော် မူ ပါ မည့် အ ကြောင်း ကိုယ် တော့် ဘုရား သ ခင် ထာ ဝ ရ ဘု ရား ရှေ့ တောင်း လျှောက် ပါ ဟု တောင်း ပန် ကြ ရာ၊
ဗိုလ် ခြေ တို့ အ ရှင် ထာ ဝ ရ ဘု ရား၊ ဣ သ ရေ လ လူ မျိုး ၏ ဘု ရား သ ခင် က၊ ယေ ရု ရှ လင် မြို့ မှ စ သော ယု ဒ ပြည် မြို့ ရွာ တိုင်း အ ပေါ်၌၊ ငါ သင့် ရောက် စေ သည့် ဘေး ကို၊ သင် တို့ မြင် ရ ကြ ပြီ။ ဘိုး ဘေး တို့ မှ စ၍၊ အ ဆက် ဆက် မ သိ ဘူး သော အ ခြား ဘု ရား များ အား၊ မီး ဖြင့် ပူ ဇော် ဝတ် ပြု ရန် လှည့် သွား ၍၊ အ မျက် တော် တိုက် အ ဆိုး ပြု ကြ သည့် အ တွက်၊ ထို မြို့ ရွာ များ သည်၊ နေ သူ မဲ့ ဖုန်း ဆိုး ကုန်း ယ ခု ဖြစ် ရှာ လေ စွ။