မြည်တမ်းစကား 2:2 - Garrad Bible2 အ ရှင် ဘု ရား သည်၊ ညှာ တာ တော် မ မူ ဘဲ၊ ယာ ကုပ် လူ မျိုး၏ စား ကျက် ရှိ သ မျှ ကို ဖျက် ဆီး လျက်၊ သ တို့ သ မီး ယု ဒ၏ ခံ တပ် များ ကို၊ အ မျက် တော် ဖြင့် ဖြို လှဲ ပစ် ချ လျက်၊ တိုင်း နိုင် ငံ ကို၊ မှူး မတ် တို့ ပါ၊ ရှုတ် ချ တော် မူ လေ ပြီ။ အခန်းကိုကြည့်ပါ။Common Language Bible2 ထာဝရဘုရားသည်သနားကရုဏာကင်းမဲ့စွာ ယုဒရွာရှိသမျှကိုဖျက်ဆီးတော်မူ၍ ယုဒပြည်ကိုကာကွယ်သည့်ခံတပ်များကို ဖြိုချတော်မူ၏။ ကိုယ်တော်သည်နိုင်ငံနှင့်အုပ်စိုးသူမင်းများကို အသရေပျက်စေတော်မူ၏။ အခန်းကိုကြည့်ပါ။Judson Bible2 ထာဝရဘုရားသည် သနားခြင်းမရှိဘဲ၊ ယာကုပ်အမျိုး၏နေရာအရပ်ရှိသမျှတို့ကို မျိုတော်မူပြီ။ အမျက်တော်ထွက်သဖြင့် ယုဒသတို့သမီး၏ရဲတိုက်တို့ကို မြေတိုင်အောင် ဖြိုဖျက်၍၊ နိုင်ငံတော်နှင့် မင်းသားတို့ကို ရှုတ်ချတော်မူပြီ။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း2 ဘုရားရှင်သည် ယာကုပ်အမျိုး၏နေရာရှိသမျှကို မညှာမတာဝါးမျိုတော်မူပြီ။ ယုဒသမီးပျို၏ခံတပ်များကို အမျက်တော်ဖြင့် ဖြိုဖျက်တော်မူပြီ။ မြေတိုင်အောင် ရောက်စေတော်မူပြီ။ နိုင်ငံနှင့်အကြီးအကဲတို့ကိုလည်း ရှုတ်ချတော်မူပြီ။ အခန်းကိုကြည့်ပါ။ |
ရှုံး နိမ့် ခံ ရ သော ငါ တို့ သည်၊ မြို့ ဆိုး ကုန်း များ ကို ပြု ပြင် ဦး မည် ဟု၊ ဧ ဒုံ အ မျိုး ဝါ ကြွား ကြ ရာ၊ ဗိုလ် ခြေ တို့ အ ရှင် ထာ ဝ ရ ဘုရား က၊ သူ တို့ ပြု ပြင် ကြ သော် လည်း၊ ငါ ဖြို လဲ မည့် အ လျောက် ဆိုး သွမ်း ရာ ပြည် ဟူ၍ လည်း ကောင်း၊ အ မျက် တော် ကို ထာ ဝ ရ ဘု ရား အ စဉ် ထား တော် မူ ရာ လူ မျိုး ဟူ၍လည်း ကောင်း သ မုတ် ခံ ရ ကြ လ တ္တံ့။
ထို့ နောက်၊ ငါ ထာ ဝ ရ ဘု ရား မိန့် ဆို သည့် အ တိုင်း၊ ရော ဂ န္တ ရ ကပ်၊ သ တ္တ န္တ ရ ကပ်၊ ဒု မ္ဘိ က္ခ န္တ ရ ကပ် များ မှ ကျန် ရစ် သော မြို့ သူ မြို့ သား တို့ နှင့် တ ကွ ယု ဒ ဘု ရင် ဇေ ဒ ကိ မင်း ကို၊ ကျေး ကျွန် သင်း ပင်း တို့ ပါ၊ ဗာ ဗု လုန် ဘုရင် နေ ဗု ခဒ် နေ ဇာ မင်း မှ စ သော၊ အ သက် အန္တ ရာယ် ရှာ ကြံ သူ ရန် ဘက် တို့ လက် တွင်း သို့၊ ငါ အပ် နှင်း သည့် အ လျောက်၊ ထို မင်း သည် စာ နာ ခြင်း၊ ညှာ တာ ခြင်း၊ သ နား ခြင်း ကင်း လျက်၊ ဓား ဖြင့် လုပ် ကြံ လိမ့် မည် ဟူ ၍ တည်း။
ထာ ဝ ရ ဘု ရား က လည်း၊ မြေ ကြီး ပေါ် တွင်၊ စုံ လင် ဖြောင့် မှန်၍၊ ငါ ဘု ရား ကို ခန့် ညား လျက် ဒု စ ရိုက် ကို ရှောင် ကြဉ် သူ၊ ငါ့ ကျွန် ယော ဘ ကဲ့ သို့ တစ် ယောက် မျှ မ ရှိ ကြောင်း သင် သိ မှတ် ပြီ လော။ သူ သည် စုံ လင် ခြင်း ကို ကိုယ်၌ မြဲ စွဲ လျက် နေ၏။ ဖျက် ဆီး စေ ရန် ငါ့ အား သင် ပန် ထွာ နှိုး ဆော် ခြင်း သည်၊ အ ကြောင်း မဲ့ ဖြစ် လေ ပြီ တ ကား ဟု မိန့် တော် မူ ရာ၊