မြို့ တံ ခါး များ သည် ငို ကြွေး မြည် တမ်း ရာ၊ မြို့ လည်း လူ ဆိတ် ညံ၍၊ မြေ ပေါ် တွင် ထိုင် ဖွယ် ရာ ရောက် လ တ္တံ့။
မြည်တမ်းစကား 1:4 - Garrad Bible ပြု မြဲ ပွဲ သို့ လာ ရောက် သူ မ ရှိ သည့် အ တွက်၊ ဇိ အုန် မြို့ လမ်း များ သည် ခြောက် လျက်၊ တံ ခါး များ သည် ခေါင် လျက်၊ ပ ရော ဟိတ် တို့ သည် ညည်း တွား လျက်၊ အ ပျို တို့ သည် လွမ်း ဆွတ် လျက်၊ မြို့ တော် သည် နစ် နာ လျက် နေ ရှာ လေ၏။ Common Language Bible နေ့ကြီးရက်ကြီးများတွင်ကိုးကွယ်ဝတ်ပြုရန် ဗိမာန်တော်သို့လာမည့်သူမရှိ။ ဗိမာန်တော်တွင်သီချင်းဆိုသူ အမျိုးသမီးပျိုတို့သည်ဝမ်းနည်းကြေကွဲလျက် ရှိကြ၏။ ယဇ်ပုရောဟိတ်တို့သည်လည်းညည်းတွားမှုမှ တစ်ပါး အဘယ်သို့မျှမပြုနိုင်။ မြို့တံခါးများသည်လူဆိတ်ညံလျက်နေ၏။ ဇိအုန်မြို့သည်ဝေဒနာခံစားနေရသည်။ Judson Bible အဘယ်သူမျှ ပွဲသဘင်သို့ မလာသောကြောင့်၊ ဇိအုန်လမ်းတို့သည် ညည်းတွားကြ၏။ သူ၏မြို့တံခါးရှိသမျှတို့သည် လူဆိတ်ညံလျက် ရှိကြ၏။ သူ၏ယဇ်ပုရောဟိတ်တို့သည်လည်း ညည်းတွားကြ၏။ သူ၏သမီးကညာတို့သည်လည်း နာကြည်းသောစိတ်ရှိ၍၊ သူသည် ကိုယ်တိုင် ညှိုးငယ်လျက်နေရ၏။ မြန်မာ့စံမီသမ္မာကျမ်း ပွဲတော်သို့လာသောသူမရှိတော့ပြီဖြစ်၍ ဇိအုန်မြို့လမ်းတို့ ငိုကြွေးမြည်တမ်းကြလေပြီ။ မြို့တံခါးအားလုံး ဆိတ်ညံလေပြီ။ ယဇ်ပုရောဟိတ်တို့လည်း ညည်းတွားကြလေပြီ။ အပျိုကညာတို့လည်း ဝမ်းနည်းကြေကွဲလျက် ခါးသီးစွာခံစားနေကြရလေပြီ။ |
မြို့ တံ ခါး များ သည် ငို ကြွေး မြည် တမ်း ရာ၊ မြို့ လည်း လူ ဆိတ် ညံ၍၊ မြေ ပေါ် တွင် ထိုင် ဖွယ် ရာ ရောက် လ တ္တံ့။
နား ထောင် ကြ ဦး။ ယု ဒ ပြည် မြို့ ရွာ များ ကို ခွေး အ တို့ အောင်း ရာ ဖုန်း ဆိုး ကုန်း ဖြစ် စေ ခြင်း ငှာ၊ တုန် လှုပ် ခြင်း သ တင်း ဆိုး သည်၊ မြောက် ပိုင်း ပြည် မှ ထွက် လာ ပြီ တ ကား။
ယု ဒ ပြည် သည် မြည် တမ်း လျက်၊ မြို့ ရွာ တံ ခါး များ လည်း၊ မြေ ပေါ် တွင် အား လျော့ ညှိုး ငယ် စွာ နေ လျက်၊ ယေ ရု ရှ လင် မြို့ မှ အော် ဟစ် သံ တက် လေ ပြီ။
ငါ သည် ယေ ရု ရှ လင် မြို့ ကို ခွေး အ တို့ အောင်း ရာ အ မှိုက် ပုံ၊ ယု ဒ ပြည် မြို့ ရွာ များ ကို နေ သူ မဲ့ ဖုန်း ဆိုး ကုန်း ဖြစ် စေ မည် ဟူ သော။
အ ကျွန်ုပ် ညည်း တွား သံ ကို ကြား ရကြ သော် လည်း၊ နှစ် သိမ့် စေ သူ မ ရှိ ချေ။ အ ကျွန်ုပ် ဒု က္ခ အ ကြောင်း ကြား သော ရန် သူ အ ပေါင်း တို့ သည်၊ ကိုယ် တော် စီ ရင် တော် မူ သော ကြောင့် ရွှင် လန်း ကြ၏။ သို့ ရာ တွင်၊ ကြော် ငြာ တော် မူ ခဲ့ သော နေ့ ရက် ကို သင့် ရောက် စေ တော် မူ သော်၊ အ ကျွန်ုပ် ကဲ့ သို့ ဖြစ် ကြ လိမ့် မည်။
လူ ပျို တို့ သည် ကြိတ် ဆုံ ကို ထမ်း ရ လျက်။ သူ ငယ် တို့ သည် ထင်း ကို မ နိုင် တ နိုင် သယ် ရ ကြ၏။
လူ အို တို့ သည် မြို့ တံ ခါး၌ ထိုင် ခြင်း။ လူ ပျို တို့ သည် တီး မှုတ် သီ ဆို ခြင်း ကို မ ပြု ရ ကြ။
ငါ့ ကို သ တိ လစ်၍၊ နှာ ကွင်း မှ စ သော၊ တန် ဆာ များ ဆင် ယင် လျက်၊ ခင် မင် သူ တို့ ကို လိုက် ရှာ သည့် ကာ လ၊ ဗာ လ နတ် များ အား မီး ဖြင့် ပူ ဇော် မှု ကို ဒဏ် စီ ရင် မည် ဟု၊ ငါ ထာ ဝ ရ ဘု ရား မိန့် ဆို၏။
စေ လွှတ် သော သား ရဲ ဘေး ကြောင့် သား ဆုံး ပါး ခြင်း၊ တိ ရ စ္ဆာန် ပျက် စီး ခြင်း၊ လူ မျိုး နည်း ပါး ခြင်း၊ လမ်း ခြောက် ခေါင် ခြင်း များ ကို ခံ ရ ကြ လိမ့် မည်။
ထို ကြောင့်၊ သင် တို့ ပြစ် မှု အ တွက်၊ ဇိ အုန် မြို့ သည် လယ် အ ဖြစ် ထွန် ခြင်း၊ ယေ ရု ရှ လင် မြို့ သည် ဖုန်း ဆိုး ကုန်း ဖြစ် ခြင်း၊ ဗိ မာန် ရှိ တောင် တော် လည်း တော ကုန်း ဖြစ် ခြင်း များ ကို ခံ ရ မည် ဟူ၍ တည်း။