ရှောလမုန်ကလည်းဟိရံ၏လူများစားသုံး ရန်အတွက် တစ်နှစ်လျှင်ဂျုံဆန်တင်းတစ်သိန်း နှင့်သံလွင်ဆီအစစ်ဂါလံတစ်သိန်းတစ် သောင်းကိုပေးပို့လေသည်။
၂ ရာချုပ် 9:22 - Common Language Bible ရှောလမုန်မင်းသည်ကမ္ဘာပေါ်ရှိဘုရင်တကာ တို့ထက်ချမ်းသာကြွယ်ဝ၍ဉာဏ်ပညာရှိ တော်မူ၏။- Garrad Bible ထို သို့ ရှော လ မုန် မင်း သည် မြေ ပေါ် ရှိ ဘု ရင် တ ကာ တို့ ထက် ဉာဏ် ပ ညာ၊ စည်း စိမ် ချမ်း သာ လွန် ကဲ ၍ Judson Bible ထိုသို့ ရှောလမုန်သည် မြေကြီးပေါ်မှာရှိသမျှသော ရှင်ဘုရင်တို့ထက် ပညာနှင့်စည်းစိမ်အားဖြင့် လွန်ကဲ၏။ မြန်မာ့စံမီသမ္မာကျမ်း ရှောလမုန်မင်းကြီးသည် မြေကြီးပေါ်ရှိရှင်ဘုရင်အပေါင်းတို့ထက် ဓနဥစ္စာနှင့် ဉာဏ်ပညာအရာ၌ သာလွန်ထူးကဲလေ၏။ |
ရှောလမုန်ကလည်းဟိရံ၏လူများစားသုံး ရန်အတွက် တစ်နှစ်လျှင်ဂျုံဆန်တင်းတစ်သိန်း နှင့်သံလွင်ဆီအစစ်ဂါလံတစ်သိန်းတစ် သောင်းကိုပေးပို့လေသည်။
ကျွန်ုပ်၏လူတို့သည်သစ်လုံးများကိုလေ ဗနုန်တောင်မှပင်လယ်ကမ်းခြေအထိယူ ဆောင်ကာဖောင်ဖွဲ့၍ အဆွေတော်အလိုရှိ ရာဆိပ်ကမ်းသို့မျှောချပေးပါမည်။ သူ တို့သည်ထိုဆိပ်ကမ်းတွင်ဖောင်များကို ဖျက်၍ သစ်လုံးများကိုအဆွေတော်၏လူ တို့အားပေးအပ်ကြပါမည်။ အဆွေတော် အနေဖြင့်ကျွန်ုပ်၏လူများအတွက်စား နပ်ရိက္ခာကိုထောက်ပံ့စေလိုပါသည်'' ဟု ပြန်ကြားလိုက်၏။
ထို့အပြင်ရှေးအခါ၌သော်လည်းကောင်း၊ နောင်အခါ၌သော်လည်းကောင်း ဘုရင်တစ် ပါးမျှမရရှိသောစည်းစိမ်ချမ်းသာနှင့် ဂုဏ်သတင်းကျော်စောမှုကိုလည်းငါပေး ဦးမည်'' ဟုမိန့်တော်မူ၏။
သူတို့သည်ရှောလမုန်အားထာဝရဘုရား ပေးတော်မူသောဉာဏ်ပညာတော်နှင့် ယှဉ် သည့်စကားများကြားနာရန်သူ့ထံသို့ လာရောက်ကြ၏။-
ဒက္ခိဏပြည်ကဘုရင်မသည်ဉာဏ်ပညာရှင် ရှောလမုန်မင်းကြီး၏စကားကိုကြားနာရန် ဝေးလံရပ်ခြားတိုင်းတစ်ပါးမှလာရောက်ခဲ့၏။ သို့ဖြစ်၍တရားစီရင်တော်မူရာနေ့၌သူသည် ထ၍သင်တို့အားပြစ်တင်စွပ်စွဲလိမ့်မည်။ ဤ အရပ်တွင်ရှောလမုန်မင်းထက်ကြီးမြတ်သည့် အရာရောက်ရှိနေလေပြီဟုငါဆို၏။