Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




၃ ရာ 5:9 - Common Language Bible

9 ကျွန်ုပ်​၏​လူ​တို့​သည်​သစ်​လုံး​များ​ကို​လေ ဗ​နုန်​တောင်​မှ​ပင်​လယ်​ကမ်း​ခြေ​အ​ထိ​ယူ ဆောင်​ကာ​ဖောင်​ဖွဲ့​၍ အ​ဆွေ​တော်​အ​လို​ရှိ ရာ​ဆိပ်​ကမ်း​သို့​မျှော​ချ​ပေး​ပါ​မည်။ သူ တို့​သည်​ထို​ဆိပ်​ကမ်း​တွင်​ဖောင်​များ​ကို ဖျက်​၍ သစ်​လုံး​များ​ကို​အ​ဆွေ​တော်​၏​လူ တို့​အား​ပေး​အပ်​ကြ​ပါ​မည်။ အ​ဆွေ​တော် အ​နေ​ဖြင့်​ကျွန်ုပ်​၏​လူ​များ​အ​တွက်​စား နပ်​ရိက္ခာ​ကို​ထောက်​ပံ့​စေ​လို​ပါ​သည်'' ဟု ပြန်​ကြား​လိုက်​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

9 လေ ဗ မုန် တော မှ ပင် လယ် သို့၊ ကျွန်ုပ် အ မှု ထမ်း တို့ ထုတ် စေ ပြီး လျှင် အ ကြည် တော် စီ မံ သော ဆိပ် ကမ်း ရောက် ပင် လယ် လမ်း ဖြင့် ဖောင် ဖွဲ့ မျှော ၍ လုံး ကောက် အပ် နှင်း ပါ စေ မည်။ အ ကြည် တော် လည်း နန်း တော် သား တို့ အ ဖို့ စား နပ် ရိ က္ခာ ထောက် ရန် ကျွန်ုပ် အ လို ရှိ ပါ သည် ဟု ရာ ဇ သံ ပြန် လွှတ် သည့် အ တိုင်း

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

9 ငါ့​ကျွန်​တို့​သည် လေ​ဗ​နုန်​တောင်​မှ ပင်​လယ်​သို့​ချ​ပြီး​လျှင်၊ ဘောင်​လုပ်၍ မင်း​ကြီး​စီ​ရင်​သော​အ​ရပ်​သို့ ပင်​လယ်​လမ်း​ဖြင့် ဆောင်​ခဲ့၍၊ ထို​အ​ရပ်၌​အပ်​သ​ဖြင့် မင်း​ကြီး​ခံ​ယူ​ရ​မည်။ မင်း​ကြီး​သည်​လည်း၊ ငါ၏​နန်း​တော်​သား စား​စ​ရာ​ရိ​က္ခာ​ကို​ပေး၍ ငါ့​အ​လို​ကို​လည်း ပြည့်​စုံ​စေ​ရ​မည်​ဟု ရှော​လ​မုန်​ထံ​သို့ လူ​ကို​စေ​လွှတ်၍ ပြန်​ပြော၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

9 အကျွန်ုပ်​၏​အမှုထမ်း​တို့​အား လက်ဘနွန်​တောင်​မှ​သစ်​တို့​ကို ပင်လယ်​အထိ​သယ်လာ​ပြီး ဖောင်​ဖွဲ့​၍​ပင်လယ်ရေကြောင်း​အတိုင်း မျှောချ​မည်​။ မင်းကြီး​အလိုရှိ​သော​နေရာ​သို့​ရောက်​လျှင် ဖောင်​ကို​ဖျက်​ပြီး သစ်​တို့​ကို သယ်ယူ​သွား​ပါ​။ မင်းကြီး​လည်း အကျွန်ုပ်​၏​နန်းတွင်းသူ​နန်းတွင်းသား​တို့​အတွက် ရိက္ခာ​ကို ဖြည့်ဆည်း​ပေး​ပါ​ရန် အကျွန်ုပ်​ဆန္ဒပြု​ပါ​သည်​”​ဟု အကြောင်းပြန်​ကြား​လေ​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ




၃ ရာ 5:9
14 ပူးပေါင်းရင်းမြစ်များ  

သင်​တောင်း​လျှောက်​သည့်​အ​တိုင်း​ငါ​ပြု​မည်။ သင် ၏​အ​လျင်​အ​ဘယ်​သူ​မျှ​မ​ရ​ရှိ​စ​ဖူး၊ သင်​၏ နောက်​၌​လည်း​ရ​ရှိ​လိမ့်​မည်​မ​ဟုတ်​သည့် ဉာဏ် ပ​ညာ​နှင့်​အ​သိ​တ​ရား​ကို​သင်​အား​ငါ​ပေး မည်။-


ယု​ဒ​နှင့်​ဣသ​ရေ​လ​ပြည်​သူ​ပြည်​သား​တို့​သည် သ​မုဒ္ဒ​ရာ​ကမ်း​ခြေ​သဲ​လုံး​နှင့်​အ​မျှ​များ​ပြား ကြ​၏။ သူ​တို့​သည်​ရွှင်​လန်း​စွာ​စား​သောက် နေ​ထိုင်​ကြ​၏။-


ထို့​ကြောင့်​ဟိ​ရံ​က​ရှော​လ​မုန်​လို​သ​မျှ သော သစ်​က​တိုး​နှင့်​ထင်း​ရှူး​သစ်​ကို​ပေး​ပို့​၍၊-


ထို​နောက်​ဟိ​ရံ​သည် ရှော​လ​မုန်​ထံ​သို့``အ​ဆွေ တော်​ပေး​ပို့​သော​အ​မှာ​တော်​စ​ကား​ကို​ကြား သိ​ပါ​ပြီ။ ကျွန်ုပ်​သည်​အ​ဆွေ​တော်​မှာ​ကြား လိုက်​သည့်​အ​တိုင်း​ဆောင်​ရွက်​ရန်​အ​သင့်​ရှိ ပါ​၏။ အ​ဆွေ​တော်​၏​ထံ​သို့​သစ်​က​တိုး နှင့်​ထင်း​ရှူး​သစ်​များ​ကို​ပေး​ပို့​လိုက်​ပါ မည်။-


ဟိ​ရံ​မင်း​သည်​လည်း​အ​လုပ်​ရည်​ဝ​သည့်​သင်္ဘော သား​အ​ချို့​ကို ရှော​လ​မုန်​၏​လူ​တို့​နှင့်​အ​တူ အ​မှု​ထမ်း​ရန်​ပေး​ပို့​တော်​မူ​၏။-


သူ​၏​နန်း​သက်​တစ်​လျှောက်​၌​ယေ​ရု​ရှ​လင် မြို့​တွင်​ငွေ​နှင့်​ရွှေ​သည်​ကျောက်​ခဲ​ကဲ့​သို့၊ သစ် က​တိုး​သား​သည်​ယု​ဒ​တောင်​ခြေ​၌​ပေါက် သော​သ​ဖန်း​ပင်​ကဲ့​သို့​ပေါ​များ​လေ​သည်။-


ကျွန်ုပ်​သည်​လေ​ဗ​နုန်​တောင်​ပေါ်​ရှိ​သစ်​က​တိုး ပင်​များ​ကို​အ​ဆွေ​တော်​လို​သ​မျှ​ခုတ်​လှဲ​၍ ဖောင်​ဖွဲ့​ကာ​ပင်​လယ်​လမ်း​ဖြင့်​ယုပ္ပေ​မြို့​အ​ရောက် စုန်​မျော​စေ​ပါ​မည်။ ထို​မြို့​မှ​ယေ​ရု​ရှ​လင်​မြို့ သို့​အ​ဆွေ​တော်​၏​လူ​တို့​သယ်​ယူ​နိုင်​ကြ ပါ​သည်'' ဟု​ဖော်​ပြ​ပါ​ရှိ​၏။


ရှော​လ​မုန်​မင်း​သည်​ကမ္ဘာ​ပေါ်​ရှိ​ဘု​ရင်​တ​ကာ တို့​ထက်​ချမ်း​သာ​ကြွယ်​ဝ​၍​ဉာဏ်​ပ​ညာ​ရှိ တော်​မူ​၏။-


ပြည်​သူ​တို့​သည်​ပန်း​ရန်​များ​နှင့်​လက်​သ​မား များ​ကို​ပေး​ချေ​ရန်​ငွေ​ပေး​လှူ​ကြ​၏။ ပေ​ရ​သိ ဘု​ရင်​ကု​ရု​မင်း​ခွင့်​ပြု​ချက်​အ​ရ​လေ​ဗ​နုန် တော​မှ သစ်​က​တိုး​များ​ကို ယုပ္ပေ​ဆိပ်​အ​ရောက် စုံ​မျော​စေ​ခြင်း​ငှာ တု​ရု​နှင့်​ဇိ​ဒုန်​မြို့​သား များ​ထံ​သို့​အ​စား​အ​စာ၊ စ​ပျစ်​ရည်​နှင့် သံ​လွင်​ဆီ​တို့​ကို​ပေး​ပို့​ကြ​၏။-


သို့ရာတွင် လူထဲ၌ဝိညာဉ်ရှိ၏။ ဘုရားသခင် အသက်ရှင်စေတော်မူသဖြင့် ဥာဏ်ရှိ၏။


ငါသည် ကိုယ်စိတ်နှလုံးထဲမှာ ပြောဆိုသည်ကား၊ ငါသည်ငါ့အရင်၊ ယေရုရှလင်မြို့၌ ဖြစ်ဘူးသောသူ အပေါင်းတို့ထက် ကြီးမြင့်၍ပညာရှိ၏။ အကယ်စင်စစ် ငါ့စိတ်နှလုံးသည် ပညာအတတ်များကို အထူးသဖြင့် လေ့ကျက်၏။


ယု​ဒ​ပြည်​နှင့်​ဣသ​ရေ​လ​ပြည်​တို့​က​သင်​၏ ကုန်​စည်​များ​ကို​မင်း​နစ်​မြို့​မှ​ဂျုံ​စ​ပါး၊ ပျား ရည်၊ သံ​လွင်​ဆီ၊ အ​မွှေး​အ​ကြိုင်​အ​မျိုး​မျိုး ပေး​၍​ဝယ်​ယူ​ကြ​၏။-


ဟေ​ရုဒ်​မင်း​သည်​တု​ရု​မြို့​သား​များ​နှင့် ဇိ​ဒုန် မြို့​သား​တို့​အ​ပေါ်​တွင်​များ​စွာ​အ​မျက်​ထွက် သ​ဖြင့် ထို​မြို့​သား​တို့​သည်​စု​ရုံး​လျက်​မင်း ကြီး​ထံ​သို့​လာ​ရောက်​ကြ​၏။ ဦး​စွာ​ပ​ထ​မ နန်း​တော်​အုပ် ဗ​လတ္တု​၏​အ​ကူ​အ​ညီ​ကို​ရ​ယူ ကြ​၏။ ထို့​နောက်​ဟေ​ရုဒ်​မင်း​ထံ​သို့​ဝင်​၍​ငြိမ်း ချမ်း​ရေး​အ​တွက် စ​ကား​ကမ်း​လှမ်း​ကြ​၏။ အ​ဘယ်​ကြောင့်​ဆို​သော်​သူ​တို့​၏​ပြည်​သည် ဟေ​ရုဒ်​မင်း​၏​ပြည်​ကို​မှီ​ခို​စား​သောက်​ရ သော​ကြောင့်​ဖြစ်​၏။


အို ထာ​ဝ​ရ​ဘု​ရား၊ အ​ကျွန်ုပ်​အား​ယော်ဒန်​မြစ်​ကို ကူး​စေ​၍ တစ်​ဘက်​တွင်​ရှိ​သော​မြေ​သြ​ဇာ​ကောင်း သည့်​ပြည်​ကို​လည်း​ကောင်း၊ သာ​ယာ​သည့်​တောင် ကုန်း​ဒေ​သ​နှင့်​လေ​ဗ​နုန်​တောင်​ကို​လည်း​ကောင်း တွေ့​မြင်​ခွင့်​ပေး​တော်​မူ​ပါ' ဟု​တောင်း​ပန် လျှောက်​ထား​၏။''


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ