အာဗြံသည် သိုး၊ နွား၊ ဆိတ်၊ ရွှေ၊ ငွေစသည်တို့ကိုပိုင်သဖြင့်အလွန်ကြွယ်ဝချမ်းသာသူဖြစ်၏။-
၂ ရာချုပ် 17:5 - Common Language Bible ထာဝရဘုရားသည်ယောရှဖတ်၏အာဏာ ကိုတည်စေတော်မူ၏။ ပြည်သူအပေါင်းတို့ သည်သူ့ထံသို့လက်ဆောင်ပဏ္ဏာများကိုယူ ဆောင်လာကြ၏။ ထိုကြောင့်မင်းကြီးသည် ချမ်းသာကြွယ်ဝကာဂုဏ်အသရေကြီး မြင့်လာတော်မူ၏။- Garrad Bible ထို မင်း နှင့် အ တူ ထာ ဝ ရ ဘု ရား ရှိ ၍၊ အာ ဏာ တည် စေ တော် မူ၏။ ယု ဒ တစ် မျိုး လုံး လက် ဆောင် ပ ဏ္ဏာ ဆက် သွင်း သ ဖြင့်၊ စည်း စိမ် ချမ်း သာ ဂုဏ် အ သ ရေ များ ပြား လေ ၏။ Judson Bible နိုင်ငံတော်ကို ယောရှဖတ်လက်၌ တည်စေတော်မူသဖြင့်၊ ယုဒပြည်သားအပေါင်းတို့သည် လက်ဆောင်များကို ဆောင်ခဲ့ကြ၏။ မြန်မာ့စံမီသမ္မာကျမ်း ထို့ကြောင့် ထာဝရဘုရားသည် ယောရှဖတ်မင်းကြီးလက်ထဲ၌ နိုင်ငံတော်ကိုတည်မြဲစေ၏။ ယုဒလူမျိုးအပေါင်းတို့သည် ယောရှဖတ်မင်းကြီးထံ လက်ဆောင်ပဏ္ဏာများ ဆက်သကြသဖြင့် သူသည် ဓနဥစ္စာကြွယ်ဝပြီး ဘုန်းအသရေ ကြီးထွားလေ၏။ |
အာဗြံသည် သိုး၊ နွား၊ ဆိတ်၊ ရွှေ၊ ငွေစသည်တို့ကိုပိုင်သဖြင့်အလွန်ကြွယ်ဝချမ်းသာသူဖြစ်၏။-
နှစ်စဉ်လာရောက်ကြသူအပေါင်းတို့သည်ကိုယ်စီ ကိုယ်ငှ ရွှေထည်၊ အဝတ်တန်ဆာ၊ လက်နက်၊ နံ့သာ မျိုး၊ မြင်း၊ လားတို့ကိုလက်ဆောင်ပဏ္ဏာအဖြစ် မင်းကြီးအားဆက်သကြလေသည်။
သူ၏လက်ထက်တော်၌ယေရုရှလင်မြို့တွင်ငွေ သည်ကျောက်ခဲကဲ့သို့လည်းကောင်း၊ သစ်ကတိုး သားသည်ယုဒပြည်တောင်ခြေ၌အလေ့ကျ ပေါက်သောပိုးစာပင်ကဲ့သို့လည်းကောင်းပေါ များလေသည်။-
ရှောလမုန်သည်ဥဖရတ်မြစ်မှဖိလိတ္တိပြည် နှင့်အီဂျစ်ပြည်နယ်စပ်တိုင်အောင် ရှိသမျှ သောတိုင်းနိုင်ငံတို့ကိုအစိုးရတော်မူ၏။ ထိုနိုင်ငံတို့သည်မင်းကြီးအားအခွန် ပဏ္ဏာဆက်သကြ၍ မင်းကြီးအသက်ရှင် သမျှကာလပတ်လုံးသူ၏လက်အောက် ခံနိုင်ငံများဖြစ်ကြ၏။
သူ၏နန်းသက်တစ်လျှောက်၌ယေရုရှလင် မြို့တွင်ငွေနှင့်ရွှေသည်ကျောက်ခဲကဲ့သို့၊ သစ် ကတိုးသားသည်ယုဒတောင်ခြေ၌ပေါက် သောသဖန်းပင်ကဲ့သို့ပေါများလေသည်။-
ယောရှဖတ်မင်းသည်ချမ်းသာကြွယ်ဝ၍ဂုဏ် သတင်းကျော်စောလာသောအခါ ဣသရေလ ဘုရင်အာဟပ်မင်းနှင့်အမျိုးဆက်တော်မူ၏။-
လူအမြောက်အမြားပင်ထာဝရဘုရား အတွက်ပူဇော်သကာများနှင့် ဟေဇကိ မင်းအတွက်လက်ဆောင်များကိုယေရုရှလင် မြို့သို့ယူဆောင်လာကြ၏။ ထိုကာလမှ အစပြု၍ဟေဇကိသည်နိုင်ငံတကာ တို့၏ရှေ့တွင်ဂုဏ်အသရေကြီးမြင့်လေ၏။
သူ၏လက်တော်၌ယေရုရှလင်မြို့တွင်ငွေသည် ကျောက်ခဲကဲ့သို့လည်းကောင်း၊ သစ်ကတိုးသား သည်ယုဒတောင်ခြေတွင်အလေ့ကျပေါက် သောသဖန်းပင်ကဲ့သို့လည်းကောင်းပေါများ လေသည်။-
ထိုသို့ထာဝရဘုရားသည် ယောဘ၏ ရှေ့ဖြစ်ဟန်ကို ကောင်းကြီးပေးတော်မူသဖြင့်၊ သူသည် သိုး တသောင်းလေးထောင်၊ ကုလားအုပ်ခြောက်ထောင်၊ နွားယှဉ်တထောင်၊ မြည်းမတထောင်ကို ရတတ်၏။
အကယ်၍ထာဝရဘုရားသည်အိမ်ကို ဆောက်တော်မမူလျှင်ဆောက်လုပ်သူတို့၏ လုပ်ဆောင်ချက်သည်အချည်းနှီးဖြစ်၏။ ထာဝရဘုရားသည်မြို့ကိုစောင့်တော်မမူ လျှင် ကင်းစောင့်တို့၏စောင့်ကြပ်မှုသည်အချည်းနှီးဖြစ်၏။
စပိန်ပြည်နှင့်ကျွန်းများမှရှင်ဘုရင်တို့သည် အခွန်ဆက်သကြပါလိမ့်မည်။ အာရေဗျပြည်နှင့်အဲသရောပိပြည်မှ ရှင်ဘုရင်များသည်လက်ဆောင်ပဏ္ဏာများကို ယူဆောင်လာကြပါလိမ့်မည်။
သင်တို့၏ဘုရားသခင်ထာဝရဘုရားအား ထားရှိခဲ့သည့်ကတိသစ္စာဝတ်ကိုဖြေကြလော့။ နီးနားဝန်းကျင်ရှိလူမျိုးတကာတို့၊ ကိုယ်တော်၏ထံတော်သို့လက်ဆောင်ပဏ္ဏာများကို ယူဆောင်ခဲ့ကြလော့။ ဘုရားသခင်သည်မိမိအားလူတို့ ကြောက်လန့်စေတော်မူ၏။
ရှင်ဘုရင်ပြုသော ဒုစရိုက်သည် စက်ဆုပ်ရွံရှာ ဘွယ် ဖြစ်၏။ အကြောင်းမူကား၊ ရာဇပလ္လင်သည် ဖြောင့် မတ်ခြင်းအားဖြင့်သာ တည်တတ်၏။
သူတို့သည်အိမ်ထဲသို့ဝင်ကြရာသူငယ်တော် အား မယ်တော်နှင့်အတူတွေ့မြင်ကြ၏။ ထိုအခါ သူတို့သည်မြေပေါ်မှာပျပ်ဝပ်ရှိခိုးပြီးလျှင် ဘဏ္ဍာ ကြုတ်များကိုဖွင့်၍ရွှေ၊ လောဗန်နှင့်မုရန်တို့ကို ပူဇော်ဆက်သကြ၏။
ဘုရားသခင်၏နိုင်ငံတော်နှင့်အလိုတော်ကို ပထမဦးစွာရှာကြလော့။ သို့ပြုလျှင်ကိုယ်တော် သည်သင်တို့အားအခြားလိုအပ်သောအရာများ ကိုပေးသနားတော်မူလိမ့်မည်။-
သို့ရာတွင်သင်တို့သည်အချိန်အနည်းငယ်မျှ ယင်းသို့ဆင်းရဲဒုက္ခရောက်ကြပြီးနောက်ကျေးဇူး တော်အပေါင်း၏အရှင်၊ သင်တို့အားခရစ်တော် နှင့်တစ်လုံးတစ်ဝတည်းဖြစ်စေလျက် ထာဝရ ဘုန်းအသရေတော်ကိုဝင်စားခွင့်ပေးရန်ဖိတ် ခေါ်တော်မူသောအရှင်၊ ဘုရားသခင်ကိုယ်တော် တိုင်သင်တို့အားအပြစ်ဆိုဖွယ်မရှိအောင်ပြု ပြင်ပေးတော်မူ၍ သင်တို့အားခိုင်ခံ့စေတော်မူ ပြီးလျှင်ခွန်အားနှင့်ပြည့်ဝစေလျက်ကြံ့ခိုင် စွာရပ်တည်စေတော်မူလိမ့်မည်။-
သို့ရာတွင်လူဆိုးလူမိုက်တို့က``ဤသူ သည်ငါတို့အား အဘယ်သို့အကျိုးပြုနိုင် ပါမည်နည်း'' ဟုဆိုကြ၏။ သူတို့သည် ရှောလုကိုအထင်သေးသဖြင့် အဘယ် လက်ဆောင်ကိုမျှမပေးမဆက်ကြ။