Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ဆာ​လံ 127:1 - Common Language Bible

1 အ​ကယ်​၍​ထာ​ဝ​ရ​ဘု​ရား​သည်​အိမ်​ကို ဆောက်​တော်​မ​မူ​လျှင်​ဆောက်​လုပ်​သူ​တို့​၏ လုပ်​ဆောင်​ချက်​သည်​အ​ချည်း​နှီး​ဖြစ်​၏။ ထာ​ဝ​ရ​ဘု​ရား​သည်​မြို့​ကို​စောင့်​တော်​မ​မူ လျှင် ကင်း​စောင့်​တို့​၏​စောင့်​ကြပ်​မှု​သည်​အ​ချည်း​နှီး​ဖြစ်​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

1 အိမ် ကို ထာ ဝ ရ ဘု ရား ဆောက် တော် မ မူ လျှင်၊ ဆောက် သူ တို့ သည် အ ချည်း နှီး လုပ် ကိုင် ကြ လိမ့် မည်။ မြို့ ကို ထာ ဝ ရ ဘုရား စောင့် တော် မ မူ လျှင်၊ ကင်း စောင့် သည် အ ချည်း နှီး အိပ် ပျက် လိမ့် မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

1 ထာ​ဝ​ရ​ဘု​ရား​သည် အိမ်​ကို​ဆောက်​တော်​မ​မူ​လျှင်၊ ဆောက်​သော​သူ​တို့​သည် အ​ချည်း​နှီး​လုပ်​ဆောင်​ကြ၏။ ထာ​ဝ​ရ​ဘု​ရား​သည် မြို့​ကို​စောင့်​တော်​မ​မူ​လျှင်၊ ကင်း​စောင့်​တို့​သည် အ​ချည်း​နှီး​စောင့်​ကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

1 ထာဝရဘုရား​သည် အိမ်​ကို ဆောက်​တော်​မ​မူ​လျှင် အိမ်ဆောက်​သော​သူ​တို့​သည် အချည်းနှီး​ကြိုးပမ်းအားထုတ်​ကြ​၏​။ ထာဝရဘုရား​သည် မြို့​ကို​စောင့်​တော်​မ​မူ​လျှင် စောင့်​သော​သူ​သည် အချည်းနှီး​စောင့်ကြပ်​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ




ဆာ​လံ 127:1
35 ပူးပေါင်းရင်းမြစ်များ  

ထာ​ဝရ​ဘု​ရား​သည်​က​တိ​တော်​ရှိ​သည့်​အ​တိုင်း ရှော​လ​မုန်​အား​ဉာဏ်​ပ​ညာ​ကို​ပေး​တော်​မူ​၏။ ဟိ​ရံ​နှင့်​ရှော​လ​မုန်​တို့​သည်​ငြိမ်း​ချမ်း​စွာ နေ​ထိုင်​လျက် မ​ဟာ​မိတ်​စာ​ချုပ်​ချုပ်​ဆို​ကြ လေ​သည်။


ထာ​ဝ​ရ​ဘု​ရား​သည်​မိ​မိ​၏​သန့်​ရှင်း​မြင့် မြတ်​သော​ဗိ​မာန်​တော်​ကို​တည်​ဆောက်​ရန် အ​တွက် သင့်​အား​ရွေး​ချယ်​တော်​မူ​ပြီ​ဖြစ် ကြောင်း​သင်​သိ​မှတ်​ရ​ပေ​မည်။ သို့​ဖြစ်​၍ ယ​ခု​ပင်​လျှင်​ထို​ဗိ​မာန်​တော်​ကို​တည် ဆောက်​လော့။ အား​မာန်​တင်း​၍​တည်​ဆောက် လော့'' ဟု​မိန့်​တော်​မူ​၏။


ဒါ​ဝိဒ်​မင်း​သည်​သား​တော်​ရှော​လ​မုန်​အား``သင် သည်​တည်​ကြည်​ခိုင်​ခန့်​၍​ဇွဲ​သတ္တိ​ရှိ​လော့။ အ​လုပ် ကို​အ​စ​ပြု​လော့။ အ​ဘယ်​အ​ရာ​မျှ​သင့်​အား မ​ဆီး​မ​တား​စေ​နှင့်။ ငါ​ကိုး​ကွယ်​သော​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​သည် သင်​နှင့်​အ​တူ​ရှိ တော်​မူ​လိမ့်​မည်။ ကိုယ်​တော်​သည်​သင့်​ကို​စွန့်​ပစ် တော်​မူ​လိမ့်​မည်​မ​ဟုတ်။ ဗိ​မာန်​တော်​အ​တွက် လို​အပ်​သ​မျှ​သော​အ​မှု​ကိစ္စ​များ​ပြီး​ဆုံး သည်​တိုင်​အောင် သင်​နှင့်​အ​တူ​ရှိ​တော်​မူ​လိမ့် မည်။-


ကိုယ်​တော်​ရှင်​မိန့်​တော်​မူ​သ​မျှ​တို့​ကို စိတ်​ရော​ကိုယ်​ပါ​လိုက်​နာ​လို​သော​ဆန္ဒ​ကို လည်း​ကောင်း၊ ဗိ​မာန်​တော်​ကို​အ​ပြီး​တိုင် စိတ်​ပါ​လက်​ပါ​တည်​ဆောက်​လို​သော​ဆန္ဒ ကို​လည်း​ကောင်း ကျွန်​တော်​မျိုး​၏​သား ရှော​လ​မုန်​အား​ပေး​တော်​မူ​ပါ။ ထို​ဗိ​မာန် တော်​အ​တွက်​ကျွန်​တော်​မျိုး​သည်​ဤ​ပြင် ဆင်​မှု​များ​ကို​ပြု​လုပ်​၍​ထား​ပါ​ပြီ'' ဟု လျှောက်​ထား​၏။


ငါ​သည်​ဒုက္ခ​ရောက်​စဉ်​အ​ခါ​ထာ​ဝ​ရ​ဘု​ရား ကို ဟစ်​ခေါ်​ပါ​၏။ ကိုယ်​တော်​သည်​လည်း​ထူး​တော်​မူ​ပါ​၏။


ငါ​သည်​တောင်​ရိုး​များ​သို့​မျှော်​ကြည့်​၏။ အ​ဘယ်​မှ​ကူ​ညီ​မ​စ​မှု​ကို​ငါ​ရ​ပါ​မည်​နည်း။


သူ​တို့​က``ထာ​ဝ​ရ​ဘု​ရား​၏​အိမ်​တော်​သို့ ငါ​တို့​သွား​ကြ​ကုန်​အံ့'' ဟု​ဆို​သော​အ​ခါ ငါ​သည်​ရွှင်​လန်း​ဝမ်း​မြောက်​ပါ​၏။


အို ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​ရှင်​စိုး​စံ​တော်​မူ​ရာ​ကောင်း​ကင်​ဘုံ​သို့ ကျွန်​တော်​မျိုး​မျှော်​ကြည့်​ပါ​၏။


အ​ကယ်​၍​ထာ​ဝ​ရ​ဘု​ရား​သာ ငါ​တို့​ဘက်​၌​ရှိ​တော်​မ​မူ​ခဲ့​လျှင်​အ​ဘယ်​သို့ ဖြစ်​ပါ​လိမ့်​မည်​နည်း။ အို ဣသ​ရေ​လ​အ​မျိုး​သား​တို့၊ဖြေ​ကြား​ကြ​လော့။


ထာ​ဝ​ရ​ဘု​ရား​ကို​ယုံ​ကြည်​ကိုး​စား​သူ​တို့​သည် မ​ရွေ့​မ​ရှား၊အ​စဉ်​ခိုင်​ခံ့​တည်​မြဲ​သော ဇိ​အုန်​တောင်​ကဲ့​သို့​ဖြစ်​ကြ​၏။


ငါ​တို့​အား​ဇိ​အုန်​မြို့​သို့ ထာ​ဝ​ရ​ဘု​ရား​ပြန်​လည်​ခေါ်​ဆောင်​သည်​မှာ အိပ်​မက်​ကဲ့​သို့​ဖြစ်​ပါ​၏။


အို ဘု​ရား​သ​ခင်၊ ကိုယ်​တော်​ရှင်​၏​တ​ရား​တော်​နှင့်​အ​ညီ စီ​ရင်​ဆုံး​ဖြတ် နိုင်​ရန်​မင်း​ကြီး​အား​သွန်​သင်​တော်​မူ​ပါ။ ကိုယ်​တော်​ရှင်​၏​လူ​စု​တော်​အား​တ​ရား​မျှ​တ​စွာ အုပ်​ချုပ်​နိုင်​စေ​ရန်​လည်း​ကောင်း၊ ဆင်း​ရဲ​သော​သူ​တို့​ကို​တ​ရား​တော်​နှင့်​အ​ညီ အုပ်​စိုး​နိုင်​စေ​ရန်​လည်း​ကောင်း ကိုယ်​တော်​ရှင်​၏​တ​ရား​မျှ​တ​မှု​အ​တိုင်း စီ​ရင်​နိုင်​ခွင့်​ကို​မင်း​ကြီး​အား​ပေး​တော် မူ​ပါ။


ထို​တောင်​တော်​ပေါ်​တွင်​ကောင်း​ကင်​ဘုံ​ရှိ​အိမ်​တော်​နှင့် တူ​သော​ဗိ​မာန်​တော်​ကို​တည်​ဆောက်​တော်​မူ​၏။ ထို​ဗိ​မာန်​တော်​ကို​ကမ္ဘာ​မြေ​ကြီး​ကဲ့​သို့ ကာ​လ​ခပ်​သိမ်း​တည်​တံ့​ခိုင်​မြဲ​စေ​တော်​မူ​၏။


လူသည် မိမိသွားရာလမ်းကို စိတ်ထဲမှာ ကြံစည် ၏။ သို့သော်လည်း သူ၏ခြေရာတို့ကို ထာဝရဘုရား စီရင်တော်မူ၏။


တဖန် နေအောက်မှာရှိသော အမှုအရာတို့ကို ငါပြန်၍ ကြည့်ရှုသောအခါ၊ လျင်မြန်သောသူသည် ပြိုင်၍ ပြေးသော်လည်း မနိုင်တတ်။ ခွန်အားကြီးသောသူသည် စစ်တိုက်၍ မအောင်တတ်။ ပညာရှိသောသူသည် ဝစွာ မစားတတ်။ ဥာဏ်ကောင်းသောသူသည် စည်းစိမ်ကို မရတတ်။ လိမ္မာသောသူသည် သူတပါးရှေ့၌ မျက်နှာ မရတတ်။ ခပ်သိမ်းသောသူတို့၌ ကာလအချိန်စေခြင်း၊ အဆင်သင့်ခြင်းရှိသည်အတိုင်း ဖြစ်တတ်သည်ကို ငါမြင် ၏။


သူတို့မှ အနည်းငယ်လွန်ပြန်လျှင်၊ ငါဝိညာဉ် ချစ်သော သူကိုတွေ့၏။ ငါသည် သူ့ကိုမလွှတ်။ အမြဲကိုင် ၍ ငါ့ကိုဘွားမြင်သော မိခင်၏အိမ်၌ အိပ်ရာအခန်းထဲသို့ ဆောင်ခဲ့ ၏။


အိုယေရုရှလင်မြို့သမီးတို့၊ သင်တို့သည် ငါချစ် ရာ သခင်ကိုတွေ့လျှင်၊ သူ့ကိုငါချစ်၍ နာနေကြောင်းကို ကြားပြောကြပါဟု၊ ငါမှာထားတောင်းပန်ပါ၏။


``ငါ​သည်​ဤ​ဥ​ယျာဉ်​ကို​အ​ခါ​မ​လပ်​စောင့် ကြပ်​ကြည့်​ရှု​ကာ​ရေ​လောင်း​၏။ အ​ဘယ်​သူ​မျှ မ​ဖျက်​ဆီး​နိုင်​စေ​ရန်​နေ့​ရော​ညဥ့်​ပါ​စောင့်​ကြပ် ကြည့်​ရှု​၏။-


ကိုယ်​တော်​က``ငါ​၏​လူ​မျိုး​တော်​အား​ကြို​တင် သ​တိ​ပေး​သင့်​သူ​များ​ဖြစ်​သည့်​ခေါင်း​ဆောင် တို့​သည်​မျက်​စိ​ကန်း​လျက်​နေ​ကြ​၏။ သူ​တို့ သည်​အ​ဘယ်​အ​ရာ​ကို​မျှ​မ​သိ။ မ​ဟောင်​တတ် သည့်​အိမ်​စောင့်​ခွေး​များ​နှင့်​တူ​ကြ​၏။ သူ​တို့ သည်​လဲ​လျောင်း​ကာ​အိပ်​မက်​ဝင်​လျက်​သာ နေ​တတ်​ကြ​၏။ သူ​တို့​သည်​အ​လွန်​အ​အိပ် မက်​သူ​များ​ဖြစ်​ပါ​သည်​တ​ကား။-


အို ယေ​ရု​ရှ​လင်​မြို့၊ငါ​သည်​သင်​၏​မြို့​ရိုး​များ ပေါ်​တွင် အ​စောင့်​တပ်​သား​များ​ကို​ချ​ထား​၏။ သူ​တို့​သည်​နေ့​ရော​ညဥ့်​ပါ​အ​ခါ​ခပ်​သိမ်း ဆိတ်​ဆိတ်​နေ​ရ​ကြ​လိမ့်​မည်​မ​ဟုတ်။ သူ​တို့​သည်​ထာ​ဝ​ရ​ဘု​ရား​အား မိ​မိ​၏​က​တိ​တော်​များ​ကို​အောက်​မေ့ သ​တိ​ရ​အောင် ပြု​ရ​ကြ​မည်။ အ​ဘယ်​အ​ခါ​၌​မျှ​မ​မေ့​လျော့​စေ​ရန် သ​တိ​ပေး​ရ​ကြ​မည်။


ဗာ​ဗု​လုန်​မြို့​ရိုး​တို့​ကို​တိုက်​ခိုက်​ရန်​အ​ချက် ပေး​ကြ​လော့။ သင်​တို့​၏​အ​စောင့်​တပ်​ကို​အား ဖြည့်​ကြ​လော့။ ကင်း​လု​လင်​တို့​ကို​နေ​ရာ​ယူ စေ​ကြ​လော့။ ခြုံ​ခို​တိုက်​ခိုက်​မည့်​တပ်​သား တို့​ကို​ချ​ထား​ကြ​လော့'' ဟု​အ​မိန့်​ပေး ကြ​၏။ ထာ​ဝ​ရ​ဘု​ရား​သည်​မိ​မိ​ကြံ​စည်​ထား​တော် မူ​သည်​အ​တိုင်း၊ ဗာ​ဗု​လုန်​ပြည်​သား​တို့​အား မိ​မိ​ကြိမ်း​မောင်း​ထား​သည်​နှင့်​အ​ညီ​ပြု တော်​မူ​လေ​ပြီ။-


ဗာ​ဗု​လုန်​မြို့​သည်​အ​ဘက်​ဘက်​မှ​ပြို​ကျ​လျက် ရှိ​ကြောင်း​ဗာ​ဗု​လုန်​ဘု​ရင်​အား​မင်း​လု​လင်​တို့ သည် တစ်​ဦး​ပြီး​တစ်​ဦး​လာ​ရောက်​လျှောက်​ထား ကြ​၏။-


ခ​ရစ်​တော်​ထ​မြောက်​တော်​မ​မူ​လျှင်​ငါ​တို့ ၏​ဟော​ပြော​ခြင်း​သည်​အ​ကျိုး​မ​ရှိ။ သင်​တို့​၏ ယုံ​ကြည်​ခြင်း​သည်​လည်း​အ​ကျိုး​မ​ရှိ။-


မျိုး​စေ့​ကို​စိုက်​သူ​နှင့်​ရေ​လောင်း​သူ​သည် အ​ဋ္ဌိ​က​မ​ဟုတ်။ အ​ပင်​ပေါက်​စေ​တော်​မူ သော​သူ​တည်း​ဟူ​သော​ဘု​ရား​သ​ခင်​သာ လျှင်​အ​ဋ္ဌိ​က​ဖြစ်​တော်​မူ​၏။-


ငါ​သည်​သင်​တို့​အ​တွက်​စိုး​ရိမ်​မိ​၏။ သင်​တို့ အ​တွက် ငါ​လုပ်​ဆောင်​ခဲ့​သ​မျှ​သော​အ​ရာ​တို့ သည်​အ​ချည်း​နှီး​ဖြစ်​ရ​လေ​တော့​မည်​လော။


သင်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘုရား​ပေး တော်​မူ​သော​အ​စွမ်း​သတ္တိ​ကြောင့်​သာ ပစ္စည်း​ဥစ္စာ ကြွယ်​ဝ​ချမ်း​သာ​လာ​ရ​ကြောင်း​သိ​မှတ်​လော့။ ယင်း​သို့​အ​စွမ်း​သတ္တိ​ပေး​တော်​မူ​ခြင်း​အ​ကြောင်း မှာ ကိုယ်​တော်​သည်​သင်​တို့​၏​ဘိုး​ဘေး​တို့​နှင့် ပြု​တော်​မူ​သော​ပ​ဋိ​ညာဉ်​ကို ယ​နေ့​တိုင်​အောင် တည်​စေ​လျက်​ရှိ​သော​ကြောင့်​တည်း။-


ယေ​ရိ​ခေါ​မြို့​မင်း​ကြီး​သည်​ဣ​သ​ရေ​လ​အ​မျိုး​သား​အ​ချို့ တိုင်း​ပြည်​၏​အ​ခြေ​အ​နေ ကို​ထောက်​လှမ်း​ရန်​ရောက်​ရှိ​နေ​သည့်​သ​တင်း ကို​ကြား​သိ​ရ​သ​ဖြင့်၊-


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ