ထိုနေ့၌သူတို့သည်မိမိတို့ဆောင်ခဲ့သော လက်ရပစ္စည်းများအနက် နွားခုနစ်ရာနှင့် သိုးခုနစ်ထောင်ကိုထာဝရဘုရားအားယဇ် ပူဇော်ကြ၏။-
၂ ရာချုပ် 15:10 - Common Language Bible သူတို့သည်အာသနန်းစံတစ်ဆယ့်ရှစ်နှစ် မြောက်တတိယလ၌ ယေရုရှလင်မြို့တွင် စုဝေးကြလေသည်။- Garrad Bible အာ သ မင်း နန်း စံ ဆယ့် ငါး နှစ်၊ တ တိ ယ လ တွင်၊ ယေ ရု ရှ လင် မြို့ သို့ ရောက် ရာ၊ Judson Bible အာသမင်း နန်းစံဆယ်ငါးနှစ်၊ တတိယလတွင် ယေရုရှလင်မြို့၌ စုဝေး၍၊ မြန်မာ့စံမီသမ္မာကျမ်း သူတို့သည် အာသမင်းကြီး နန်းစံတစ်ဆယ့်ငါးနှစ်၊ တတိယလတွင် ဂျေရုဆလင်မြို့၌ စုဝေးကြပြီး |
ထိုနေ့၌သူတို့သည်မိမိတို့ဆောင်ခဲ့သော လက်ရပစ္စည်းများအနက် နွားခုနစ်ရာနှင့် သိုးခုနစ်ထောင်ကိုထာဝရဘုရားအားယဇ် ပူဇော်ကြ၏။-
ထာဝရဘုရားသည် အာသနှင့်အတူရှိတော် မူကြောင်းကိုတွေ့မြင်ကြသဖြင့် ဧဖရိမ်၊ မနာ ရှေနှင့်ရှိမောင်နယ်မြေများမှလူအမြောက် အမြားအာသဘက်သို့ကူးပြောင်း၍သူ၏ နိုင်ငံတော်တွင်လာရောက်နေထိုင်ကြ၏။ အာသ သည်ဤသူအပေါင်းတို့ကိုလည်းကောင်း၊ ဗင်္ယာ မိန်နှင့်ယုဒပြည်သူတို့ကိုလည်းကောင်း စုဝေးရန်အမိန့်ထုတ်ပြန်တော်မူ၏။-
ဤသို့ဖြစ်ပျက်သည်မှာသိဝန်ခေါ်တတိယ လ၊ နှစ်ဆယ့်သုံးရက်နေ့၌ဖြစ်၏။ မော်ဒကဲ သည်မင်းကြီး၏အတွင်းဝန်များကိုခေါ် ယူကာယုဒအမျိုးသားတို့ထံသို့လည်း ကောင်း၊ အိန္ဒိယပြည်မှအဲသရောပိပြည် တိုင်အောင်တစ်ရာ့နှစ်ဆယ့်ခုနစ်ပြည်နယ် ရှိဘုရင်ခံများ၊ အုပ်ချုပ်ရေးမှူးများ နှင့်မင်းအရာရှိများထံသို့အမှာစာ များရေးသားရန်နှုတ်တိုက်ချပေးလေ သည်။ ထိုစာများကိုပြည်နယ်အသီးသီး တွင်အသုံးပြုသည့်ဘာသာစကား များဖြင့်လည်းကောင်း၊ ယုဒအမျိုးသား တို့အတွက်ယုဒဘာသာဖြင့်လည်း ကောင်းရေးသားထားသတည်း။-