၂ ရာချုပ် 15:9 - Common Language Bible9 ထာဝရဘုရားသည် အာသနှင့်အတူရှိတော် မူကြောင်းကိုတွေ့မြင်ကြသဖြင့် ဧဖရိမ်၊ မနာ ရှေနှင့်ရှိမောင်နယ်မြေများမှလူအမြောက် အမြားအာသဘက်သို့ကူးပြောင်း၍သူ၏ နိုင်ငံတော်တွင်လာရောက်နေထိုင်ကြ၏။ အာသ သည်ဤသူအပေါင်းတို့ကိုလည်းကောင်း၊ ဗင်္ယာ မိန်နှင့်ယုဒပြည်သူတို့ကိုလည်းကောင်း စုဝေးရန်အမိန့်ထုတ်ပြန်တော်မူ၏။- အခန်းကိုကြည့်ပါ။Garrad Bible9 ထို နောက် အာ သ မင်း၏ ဘု ရား သ ခင် ထာ ဝ ရ ဘု ရား သည် ထို မင်း နှင့် အ တူ ရှိ တော် မူ ကြောင်း ကို သိ ကြ သဖြင့်၊ ဘက် တော် သို့ ဣ သ ရေ လ နိုင် ငံ သား အ မြောက် အ မြား ပါ ဝင် ကြ သည် နှင့် အ ညီ၊ ဧ ဖ ရိမ်၊ မ နာ ရှေ၊ ရှိ မောင် နယ် များ မှ ခို ဝင် လာ သူ တို့ ကို လည်း ကောင်း၊ ယု ဒ၊ ဗင်္ယာ မိန် တစ် မျိုး လုံး ကို လည်း ကောင်း၊ စု ဝေး စေ သည့် အ တိုင်း၊ အခန်းကိုကြည့်ပါ။Judson Bible9 ယုဒအမျိုးနှင့် ဗင်္ယာမိန်အမျိုးသား အပေါင်းတို့ကိုလည်းကောင်း၊ ဧဖရိမ်ခရိုင်၊ မနာရှေခရိုင်၊ ရှိမောင်ခရိုင်ထဲကထွက်သော တစ်ပါးအမျိုးသားတို့ကိုလည်းကောင်း စုဝေးစေ၏။ အာသမင်း၏ ဘုရားသခင် ထာဝရဘုရားသည်၊ သူနှင့်အတူ ရှိတော်မူကြောင်းကို၊ ဣသရေလအမျိုးသားအများတို့သည် သိမြင်လျှင်၊ ထိုမင်းဘက်သို့ ဝင်စားကြ၏။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း9 ဘုရားသခင်ထာဝရဘုရားသည် သူနှင့်အတူရှိတော်မူသည်ကို သိမြင်ကြသောအခါ အစ္စရေးလူမျိုးထဲမှထွက်လာပြီး သူ့ထံသို့ လာရောက်ပူးပေါင်းသူများစွာရှိသောကြောင့် သူသည် ယုဒအမျိုး၊ ဗင်္ယာမိန်အမျိုးတို့မှစ၍ ဧဖရိမ်အမျိုး၊ မနာရှေအမျိုး၊ ရှိမောင်အမျိုးအပါအဝင် သူတို့နှင့်အတူနေထိုင်သောတိုင်းတစ်ပါးသားအားလုံးကို စုရုံး၏။ အခန်းကိုကြည့်ပါ။ |
ဒါဝိဒ်သည်ဖိလိတ္တိအမျိုးသားများနှင့် အတူ ရှောလုမင်းကိုတိုက်ရန်စစ်ချီသွား သောအခါ မနာရှေအနွယ်ဝင်စစ်သူရဲ အချို့တို့သည် ဒါဝိဒ်ဘက်သို့ဝင်ရောက်လာ ကြ၏။ ဖိလိတ္တိအမျိုးသားခေါင်းဆောင်တို့ ကဒါဝိဒ်သည် မိမိ၏အရှင်ဟောင်းရှောလု ဘက်သို့ပါ၍သူတို့ကိုသစ္စာဖောက်လိမ့်မည် ဟုစိုးရိမ်သဖြင့် သူ့အားဇိကလတ်မြို့သို့ ပြန်လွှတ်လိုက်ကြ၏။ ထို့ကြောင့်ဒါဝိဒ်သည် စင်စစ်အားဖြင့် ဖိလိတ္တိအမျိုးသားတို့ ဘက်မှကူ၍စစ်မတိုက်ခဲ့ရပေ။-
ထို့ကြောင့်ထိုကာလ၌ယုဒပြည်၊ ဂါလိလဲ ပြည်နှင့်ရှမာရိပြည်အရပ်ရပ်တို့တွင်အသင်း တော်သည်အေးချမ်းစွာနေရလေသည်။ အသင်း တော်သည်သခင်ဘုရားအားကြောက်ရွံ့ရိုသေ သောစိတ်ဖြင့် သက်ရှင်လှုပ်ရှားလျက်သန့်ရှင်း သောဝိညာဉ်တော်၏ကူညီအားပေးမှုဖြင့် တည်တံ့ခိုင်မြဲကာအသင်းသားအရေ အတွက်တိုးတက်များပြားလာလေသည်။