Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




၂ ရာ​ချုပ် 15:11 - Common Language Bible

11 ထို​နေ့​၌​သူ​တို့​သည်​မိ​မိ​တို့​ဆောင်​ခဲ့​သော လက်​ရ​ပစ္စည်း​များ​အ​နက် နွား​ခု​နစ်​ရာ​နှင့် သိုး​ခု​နစ်​ထောင်​ကို​ထာ​ဝရ​ဘု​ရား​အား​ယဇ် ပူ​ဇော်​ကြ​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

11 ပါ လာ သော လက် ရ ဥ စ္စာ အ နက်၊ နွား ခု နစ် ရာ၊ သိုး ဆိတ် ခု နစ် ထောင် များ ကို၊ ထာ ဝ ရ ဘု ရား အား၊ နေ့ ချင်း ပူ ဇော် ကြ ကုန် ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

11 ဆောင်​ခဲ့​သော လက်​ရ​ဥ​စ္စာ​ထဲ​က နွား​ခု​နစ်​ရာ၊ သိုး​ခု​နစ်​ထောင်​တို့​ကို ထာ​ဝ​ရ​ဘု​ရား​အား ပူ​ဇော်​ကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

11 ထို​နေ့​တွင် တိုက်ရာပါပစ္စည်း​များ​ထဲမှ နွား​အကောင်​ခုနစ်​ရာ​၊ သိုး​အကောင်​ခုနစ်​ထောင်​တို့​ကို ထာဝရဘုရား​အား ယဇ်ပူဇော်​ကြ​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ




၂ ရာ​ချုပ် 15:11
10 ပူးပေါင်းရင်းမြစ်များ  

မင်း​ကြီး​သည်​ယဇ်​ကောင်​တစ်​ထောင်​ကို​သတ်​၍ တစ်​ကောင်​လုံး​မီး​ရှို့​ရာ​ယဇ်​အ​ဖြစ် ထာ​ဝ​ရ ဘု​ရား​ကိန်း​ဝပ်​တော်​မူ​ရာ​တဲ​တော်​ရှေ့​၌ ကြေး​ဝါ​ယဇ်​ပလ္လင်​ပေါ်​တွင်​ပူ​ဇော်​တော်​မူ သည်။


အာ​သ​နှင့်​ယု​ဒ​တပ်​မ​တော်​သည်​ဆူ​ဒန် အ​မျိုး​သား​တို့​အား​တိုက်​ခိုက်​ကြ​သော အ​ခါ ထာ​ဝ​ရ​ဘု​ရား​သည်​ဆူ​ဒန်​အ​မျိုး သား​တို့​ကို​အ​ရေး​ရှုံး​နိမ့်​စေ​တော်​မူ​၏။-


သူ​တို့​သည်​အာ​သ​နန်း​စံ​တစ်​ဆယ့်​ရှစ်​နှစ် မြောက်​တ​တိ​ယ​လ​၌ ယေ​ရု​ရှ​လင်​မြို့​တွင် စု​ဝေး​ကြ​လေ​သည်။-


မင်း​ကြီး​သည်​နွား​ကောင်​ရေ​နှစ်​သောင်း​နှစ်​ထောင် နှင့် သိုး​ကောင်​ရေ​တစ်​သိန်း​နှစ်​သောင်း​ကို​မိတ် သ​ဟာ​ယ​ယဇ်​အ​ဖြစ်​ပူ​ဇော်​တော်​မူ​၏။ ဤ နည်း​အား​ဖြင့်​ဘု​ရင်​နှင့်​ပြည်​သူ​အ​ပေါင်း တို့​သည် ထာ​ဝ​ရ​ဘု​ရား​အား​ဝတ်​ပြု​ကိုး ကွယ်​ရာ​ဗိ​မာန်​တော်​ကို​အ​နု​မော​ဒ​နာ ပြု​ကြ​လေ​သည်။-


သို့​ဖြစ်​၍​အ​ကျွန်ုပ်​တို့​အ​သီး​သီး​သိမ်း​ယူ ရ​ရှိ​သော​ရွှေ​တန်​ဆာ၊ လက်​ကောက်၊ ဘ​ယက်၊ လက်​စွပ်၊ နား​ဆွဲ​နှင့်​လည်​ဆွဲ​တို့​ကို​ကိုယ်​တော် ထံ​သို့​ယူ​ဆောင်​ခဲ့​ကြ​ပါ​သည်။ ထာ​ဝ​ရ ဘု​ရား​သည်​အ​ကျွန်ုပ်​တို့​၏​အ​သက်​ကို​ချမ်း သာ​ပေး​သော​ကြောင့် ထို​လက်​ဝတ်​တန်​ဆာ​များ ကို​ဆက်​သ​ပါ​သည်'' ဟု​အ​စီ​ရင်​ခံ​ကြ​၏။-


ရှော​လု​က``အ​ကျွန်ုပ်​၏​လူ​တို့​သည်​ထို​သိုး နွား​များ​ကို​အာ​မ​လက်​အ​မျိုး​သား​တို့​ထံ မှ​သိမ်း​ယူ​ခဲ့​ကြ​ပါ​၏။ သူ​တို့​သည်​အ​ဆူ ဖြိုး​ဆုံး​သော​သိုး​နွား​တို့​ကို အ​ရှင်​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​အား​ယဇ်​ပူ​ဇော်​ရန် ထား​ရှိ​ကြ​ပါ​၏။ အ​ခြား​ကျန်​ရှိ​သည့် အ​ရာ​များ​ကို​မူ​လုံး​ဝ​ဖျက်​ဆီး လိုက်​ကြ​ပါ​ပြီ'' ဟု​ဖြေ​ကြား​၏။


သို့​ရာ​တွင်​အ​ကျွန်ုပ်​၏​လူ​တို့​သည်​မိ​မိ​တို့ လက်​ရ​အ​ဆူ​ဖြိုး​ဆုံး​သိုး​နွား​များ​ကို​မ သတ်​ဘဲ အ​ရှင်​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ ဘု​ရား​အား​ယဇ်​ပူ​ဇော်​ရန် ဤ​ဂိ​လ​ဂါ​လ မြို့​သို့​ယူ​ဆောင်​ခဲ့​ကြ​ပါ​၏'' ဟု​ပြန်​လည် ဖြေ​ကြား​၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ