လူတို့သည်သေတ္တာတော်ကိုပင့်ဆောင်ကာ ဒါဝိဒ်တည်ဆောက်ထားသည့်တဲတော်အတွင်း လျာထားသည့်နေရာ၌ထားကြ၏။ ထိုနောက် ဒါဝိဒ်သည်ထာဝရဘုရားအားမီးရှို့ရာ ယဇ်နှင့်မိတ်သဟာယယဇ်တို့ကိုပူဇော် လေသည်။-
၂ ရာချုပ် 1:4 - Common Language Bible (သို့ရာတွင်ပဋိညာဉ်သေတ္တာတော်မှာမူယေရု ရှလင်မြို့တွင်ရှိနေသည်။ ထိုသေတ္တာတော်ကို ဒါဝိဒ်သည်ကိရယတ်ယာရိမ်မြို့မှပင့်ဆောင် လာစဉ်အခါကမိမိတည်ဆောက်သည့်တဲ တော်တွင်ထားရှိခဲ့သတည်း။-) Garrad Bible ယေ ရု ရှ လင် မြို့ တွင် နေ ရာ တော် ပြင် ဆင် လျက် စိုက် ထူ နှင့် သည့် တဲ တော် သို့ ဘု ရား သ ခင့် သေ တ္တာ တော် ကို ကိ ရ ယတ် ယာ ရိမ် မြို့ မှ ဒါ ဝိဒ် မင်း ပင့် ဆောင် ပြီး ဖြစ် သော် လည်း Judson Bible ဘုရားသခင်၏သေတ္တာတော်ကိုကား ဒါဝိဒ်ပြင်ဆင်သောအရပ်၊ ယေရုရှလင်မြို့၌ ဆောက်နှင့်သောတဲသို့ ကိရယတ်ယာရိမ်မြို့မှ ဆောင်ခဲ့သော်လည်း၊ မြန်မာ့စံမီသမ္မာကျမ်း ဘုရားသခင်၏သေတ္တာတော်ကိုကား ဒါဝိဒ်မင်းကြီးသည် ကိရယတ်ယာရိမ်မြို့မှ ဂျေရုဆလင်မြို့ရှိ မိမိပြင်ဆင်ထားသောတဲတော်ရှိရာနေရာသို့ ဆောင်ယူခဲ့ပြီးဖြစ်၏။ |
လူတို့သည်သေတ္တာတော်ကိုပင့်ဆောင်ကာ ဒါဝိဒ်တည်ဆောက်ထားသည့်တဲတော်အတွင်း လျာထားသည့်နေရာ၌ထားကြ၏။ ထိုနောက် ဒါဝိဒ်သည်ထာဝရဘုရားအားမီးရှို့ရာ ယဇ်နှင့်မိတ်သဟာယယဇ်တို့ကိုပူဇော် လေသည်။-
ခေရုဗိမ် တို့အထက်စံတော်မူသောအနန္တတန်ခိုးရှင် ထာဝရဘုရား၏နာမတော်ဖြင့်ခေါ်ဝေါ် သမုတ်သည့်ပဋိညာဉ်သေတ္တာတော်ကိုပင့် ဆောင်ရန်ယုဒပြည်ဗာလာမြို့သို့ချီ သွားတော်မူ၏။-
ဒါဝိဒ်သည်မိမိ၏အတွက်အိမ်တော်တို့ကို ယေရုရှလင်မြို့တွင်တည်ဆောက်၏။ ဘုရားသခင်၏ပဋိညာဉ်သေတ္တာတော်အတွက်လည်း နေရာတစ်နေရာကိုအသင့်ပြင်ဆင်ကာ တဲတော်တစ်ဆောင်ကိုဆောက်လုပ်လေသည်။-
သူတို့အား``သင်တို့သည်လေဝိသားချင်းစု တို့၏ခေါင်းဆောင်များဖြစ်ကြ၏။ ငါအသင့် ပြင်ဆင်ထားသည့်ဌာနတော်သို့ ဣသရေလ အမျိုးသားတို့ဘုရားသခင်ထာဝရဘုရား ၏ပဋိညာဉ်သေတ္တာတော်ကိုပင့်ဆောင်လာ နိုင်စေရန် သင်တို့သည်မိမိတို့ကိုယ်ကိုလည်း ကောင်း၊ သင်တို့၏ညီအစ်ကိုများဖြစ်သော လေဝိအနွယ်ဝင်တို့ကိုလည်းကောင်းသန့် စင်စေကြလော့။-
မိမိအသင့်ပြင်ဆင်ထားသည့်အရပ်သို့ ပဋိညာဉ်သေတ္တာတော်ကိုပင့်ဆောင်ရန် ယေရု ရှလင်မြို့တွင်ဣသရေလပြည်သားအပေါင်း တို့အားစုရုံးစေ၏။-
သူတို့သည်ပဋိညာဉ်သေတ္တာတော်ကို ဒါဝိဒ် မင်းအသင့်ပြင်ဆင်ထားသည့်တဲတော်သို့ ပင့်ဆောင်ပြီးနောက် ထိုတဲတော်ထဲတွင်ထား ရှိကြ၏။ ထို့နောက်မီးရှို့ရာယဇ်နှင့်မိတ် သဟာယယဇ်တို့ကိုဘုရားသခင်အား ပူဇော်ကြ၏။-
ထိုနောက်ရှောလမုန်မင်းသည်ပဋိညာဉ်သေတ္တာ တော်ကို ဇိအုန်မည်သောဒါဝိဒ်မြို့မှပင့်ဆောင် ရန်အတွက် ဣသရေလအနွယ်များနှင့်သား ချင်းစုခေါင်းဆောင်အပေါင်းတို့ကို ယေရု ရှလင်မြို့တွင်စုရုံးရန်ဆင့်ခေါ်တော်မူ၏။-
ယခုအခါအကျွန်ုပ်သည်ကိုယ်တော်စံတော်မူရာ ဗိမာန်တော်၊ ကိုယ်တော်ထာဝစဉ်ကိန်းဝပ်တော်မူရာ ဌာနတော်ကိုတည်ဆောက်ပြီးပါပြီ'' ဟု ပတ္ထနာပြုတော်မူ၏။
သို့ဖြစ်၍ဣသရေလအမျိုးသားတို့သည် ထိုအရပ်မှထွက်ခွာခဲ့ကြရာသုံးရက်မြောက် သောနေ့၌ ထိုသူတို့နေထိုင်ရာမြို့များဖြစ် သောဂိဗောင်မြို့၊ ခေဖိရာမြို့၊ ဗေရုတ်မြို့နှင့် ကိရယတ်ယာရိမ်မြို့များသို့ရောက်ရှိကြ လေသည်။-