၂ ရာချုပ် 1:3 - Common Language Bible3 မိမိနှင့်အတူဂိဗောင်မြို့ရှိကိုးကွယ်ဝတ်ပြု ရာဌာနတော်သို့ သွားရောက်ကြရန်အမိန့်ထုတ် ပြန်တော်မူ၏။ ထိုအရပ်သို့သွားရခြင်းမှာ တောကန္တာရ၌ ထာဝရဘုရား၏အစေခံ မောရှေပြုလုပ်ခဲ့သည့်ထာဝရဘုရားစံ တော်မူရာတဲတော်တည်ရာဖြစ်ခြင်းကြောင့် ဖြစ်၏။- အခန်းကိုကြည့်ပါ။Garrad Bible3 သဲ တော၌ ထာ ဝ ရ ဘု ရား၏ ကျွန် တော် ရင်း မော ရှေ လုပ် ခဲ့ သော ဘု ရား သ ခင် နှင့် တွေ့ ဆုံ ရာ တဲ တော် တည် ရာ ဂိ ဗောင် မြို့ ရှိ မြင့် ရာ ဌာ န သို့ ပ ရိ သတ် ဥဿုံ နှင့် တ ကွ ချီ သွား ၏။ အခန်းကိုကြည့်ပါ။Judson Bible3 တော၌ ထာဝရဘုရား၏ကျွန်မောရှေလုပ်ခဲ့သော ဘုရားသခင်၏ ပရိသတ်စည်းဝေးရာတဲတော်သည် ဂိဗောင်မြို့တွင် မြင့်သောအရပ်၌ ရှိသည်ဖြစ်၍ ထိုအရပ်သို့ ပရိသတ်အပေါင်းတို့နှင့်အတူ သွားတော်မူ၏။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း3 ရှောလမုန်မင်းကြီးသည် တောကန္တာရတွင် ထာဝရဘုရား၏အစေအပါးမောရှေပြုလုပ်ခဲ့သော ဘုရားသခင်၏တွေ့ဆုံစည်းဝေးရာတဲတော်ရှိရာ ဂိဗောင်မြို့၊ အထွတ်အမြတ်ထားရာကုန်းမြင့်သို့ လူထုကြီးနှင့်အတူသွား၏။ အခန်းကိုကြည့်ပါ။ |
အတတ်ပညာရှင်များအနက်၊ အကျွမ်းကျင် ဆုံးသောအတတ်ပညာရှင်တို့သည်၊ ထာဝရ ဘုရားစံတော်မူရာတဲတော်ကိုဆောက်လုပ် ကြ၏။ သူတို့သည်ပိတ်ချောနှင့်အပြာရောင်၊ ခရမ်းရောင်၊ အနီရောင်သိုးမွေးတို့ဖြင့် ရက်လုပ်၍၊ ခေရုဗိမ် အရုပ်များကိုပန်းဖော်ထားသည့်ကန့်လန့် ကာဆယ်ထည်ဖြင့်၊ တဲတော်ကိုဆောက်လုပ် ကြ၏။-
ထာဝရဘုရားသည် စံတော်မူရာတဲတော် ထဲမှမောရှေကိုဆင့်ခေါ်၍ ဣသရေလအမျိုး သားတို့ယဇ်ပူဇော်ရာတွင်လိုက်နာရန် အောက် ဖော်ပြပါပြဋ္ဌာန်းချက်များကိုချမှတ်ပေး တော်မူသည်။ တစ်စုံတစ်ယောက်သောသူသည် တိရစ္ဆာန်ကိုယဇ် ပူဇော်သည့်အခါ မိမိနွားအုပ်ထဲမှဖြစ်စေ၊ သိုးအုပ်သို့မဟုတ်ဆိတ်အုပ်ထဲမှဖြစ်စေ တိရစ္ဆာန်တစ်ကောင်ကိုပူဇော်ရမည်။-