အွန်လိုင်း သမ္မာကျမ်းစာ

ကြော်ငြာတွေ


သမ္မာကျမ်းစာတစ်အုပ်လုံး ဓမ္မဟောင်း ဓမ္မသစ်




၁ ရာ​ချုပ် 6:57 - Common Language Bible

အာ​ရုန်​၏​သား​မြေး​တို့​အား​ခွဲ​ဝေ​ပေး​သည့်​မြို့ များ​မှာ အ​ပြစ်​လွတ်​ငြိမ်း​ခွင့်​ရ​ရန်​ခို​လှုံ​ရာ​ဖြစ် သော​ဟေ​ဗြုန်​မြို့၊ ယတ္တိ​ယ​မြို့၊ လိ​ဗ​န၊ ဧ​ရှ​တ​မော၊ ဟော​လုန်၊ ဒေ​ဗိ​ရ၊ အာ​ရှန်​ဗက်​ရှေ​မက်​မြို့​များ နှင့်​ထို​မြို့​တို့​နှင့်​သက်​ဆိုင်​ရာ​မြက်​ခင်း​များ ဖြစ်​ပေ​သည်။-

အခန်းကိုကြည့်ပါ။

Garrad Bible

အာ ရုန့် သား မြေး တို့ အား ပေး ကြ သည် မှာ လူ သတ် ခို ဝင် ရာ ဟေ ဗြုန်၊ လိ ဗ န၊ ယ တ္တိ ရ၊ ဧ ရှ တ မော၊ ဟိ လိန်၊ ဒေ ဗိ ရ၊ အာ ရှန်၊ ဗက် ရှေ မက် မြို့ များ နှင့် စား ကျက် ကို လည်း ကောင်း၊

အခန်းကိုကြည့်ပါ။

Judson Bible

ပြေး၍​မှီ​ခို​ရာ ဟေ​ဗြုန်​မြို့​မှ​တစ်​ပါး၊ ယု​ဒ​ခ​ရိုင်​ထဲ​က လိ​ဗ​န​မြို့​နှင့် မြို့​နယ်၊ ယ​တ္တိ​ရ​မြို့​နှင့် မြို့​နယ်၊ ဧ​ရှ​တ​မော​မြို့​နှင့် မြို့​နယ်၊

အခန်းကိုကြည့်ပါ။

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

အာရုန်​၏​သားမြေး​များ​အား ခိုလှုံ​ရာ​မြို့​များ​ဖြစ်​သော ဟေဗြုန်​မြို့​အပါအဝင် လိဗန​မြို့​နှင့်​ဝန်းကျင်​ရှိ​စားကျက်မြေ​များ​၊ ယတ္တိရ​မြို့​၊ ဧရှတမော​မြို့​နှင့်​ဝန်းကျင်​ရှိ​စားကျက်မြေ​များ​၊

အခန်းကိုကြည့်ပါ။



၁ ရာ​ချုပ် 6:57
10 ပူးပေါင်းရင်းမြစ်များ  

ဧ​ဇ​ရ​တွင်​ယေ​သာ၊ မေ​ရက်၊ ဧ​ဖာ၊ ယာ​လုန်၊ ဟူ​၍​သား​လေး​ယောက်​ရှိ​၏။ မေ​ရက်​သည် အီ​ဂျစ်​ဘု​ရင်​၏​သ​မီး​တော်​ဗိ​သ​ယာ​နှင့် စုံ​ဖက်​၍ မိ​ရိ​အံ​ဟူ​သော​သ​မီး​တစ်​ယောက် နှင့်​ရှမ္မဲ၊ ဣ​ရှ​ဘ​ဟူ​သော​သား​နှစ်​ယောက်​ကို ရ​လေ​သည်။ ဣ​ရှ​ဘ​သည်​ဧ​ရှ​တ​မော​မြို့ ကို​တည်​ထောင်​၏။ မေ​ရက်​သည်​ယု​ဒ​အ​မျိုး သ​မီး​တစ်​ယောက်​နှင့်​လည်း​စုံ​ဖက်​လေ​သည်။ သူ​တို့​နှစ်​ဦး​တွင်​ဂေ​ဒေါ်​မြို့​ကို​တည်​ထောင် သူ​ယေ​ရက်၊ စော​ခေါ​မြို့​ကို​တည်​ထောင်​သူ ဟေ​ဗာ​နှင့်​ဇာ​နော်​မြို့​ကို​တည်​ထောင်​သူ ယေ​ကု​သေ​လ​ဟူ​သော​သား​သုံး​ယောက် ရှိ​၏။


(အ​ထက်​ဖော်​ပြ​ပါ​ယု​ဒ​နယ်၊ ရှိ​မောင်​နယ်၊ င်္ဗယာ​မိန်​နယ်​တို့​မှ​မြို့​တို့​ကို​လည်း​မဲ​ချ​၍ ခွဲ​ဝေ​ပေး​ကြ​၏။)


ထို​နောက်​ယော​ရှု​နှင့်​ဣ​သ​ရေ​လ​တပ်​သား တို့​သည် မက္က​ဒါ​မြို့​မှ​လိဗနာ​မြို့​သို့​ချီတက် တိုက်​ခိုက်​ကြ​သည်။-


ထို့​အ​ပြင်​လိ​ဗ​န​မြို့၊ ဧ​သာ​မြို့၊ အာ​ရှန်​မြို့၊- ယိ​ဖ​တ​မြို့၊ အာ​ရှ​နာ​မြို့၊ နေ​ဇိပ်​မြို့၊- ကိ​လ​မြို့၊ အော​ခ​ဇိပ်​မြို့​နှင့်​မ​ရေ​ရှ​မြို့​စ​သော​မြို့​ကြီး ကိုး​မြို့​နှင့်​တ​ကွ​ပတ်​ဝန်း​ကျင်​ရှိ​ကျေး​ရွာ များ​လည်း​ပါ​ဝင်​လေ​သည်။


တောင်​ကုန်း​ဒေ​သ​တွင်​တည်​ရှိ​သော​ရှ​မိ​ရ မြို့၊ ယတ္တိ​ရ​မြို့၊ စော​ခေါ​မြို့၊-


သို့​ဖြစ်​၍​အာ​ရုန်​၏​အ​ဆက်​အ​နွယ်​ယဇ်​ပု​ရော ဟိတ်​တို့​အား မြို့​ပေါင်း​တစ်​ဆယ်​သုံး​မြို့​နှင့်​ယင်း တို့​၏​ပတ်​ဝန်း​ကျင်​ရှိ​စား​ကျက်​များ​ကို​သတ် မှတ်​ပေး​လေ​သည်။