ယောရှု 10:29 - Common Language Bible29 ထိုနောက်ယောရှုနှင့်ဣသရေလတပ်သား တို့သည် မက္ကဒါမြို့မှလိဗနာမြို့သို့ချီတက် တိုက်ခိုက်ကြသည်။- အခန်းကိုကြည့်ပါ။Garrad Bible29 ယော ရှု သည်၊ ဣ သ ရေ လ တစ် တပ် လုံး နှင့် တ ကွ မ က္က ဒါ မြို့ မှ လိ ဗ န မြို့ သို့ ချီ တက် တိုက် ခိုက် ရာ၊ အခန်းကိုကြည့်ပါ။Judson Bible29 ထိုနောက် ယောရှုသည်၊ ဣသရေလလူအပေါင်းတို့နှင့်တကွ၊ မက္ကဒါမြို့မှ လိဗနမြို့သို့ချီသွား၍ တိုက်သဖြင့်၊ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း29 ထို့နောက် ယောရှုနှင့်အစ္စရေးစစ်သည်အပေါင်းတို့သည် မက္ကဒါမြို့မှ လိဗနမြို့သို့ ချီတက်ပြီး လိဗနမြို့ကို တိုက်ခိုက်ကြ၏။ အခန်းကိုကြည့်ပါ။ |
သင်သည်ယေရိခေါမြို့နှင့်၎င်း၏မင်းကို သုတ်သင်ဖျက်ဆီးသကဲ့သို့ အာဣမြို့နှင့် ၎င်း၏မင်းကိုသုတ်သင်ဖျက်ဆီးပစ်ရမည်။ သို့ရာတွင်၎င်း၏ပစ္စည်းများနှင့်တိရစ္ဆာန် များကိုသင်တို့သိမ်းယူနိုင်သည်။ မြို့ကို အနောက်ဘက်မှဝင်စီးရန်တပ်ပုန်းချ ထားလော့'' ဟုမိန့်တော်မူ၏။
အာဣမင်းကိုလည်းသစ်ပင်တွင်လည်ဆွဲချ၍ သတ်ပြီးလျှင် နေဝင်ချိန်တိုင်အောင်အလောင်း ကိုဆွဲထားလေ၏။ နေဝင်ချိန်၌အလောင်းကို ဖြုတ်ချ၍မြို့တံခါးဝတွင်ပစ်ထားရန် ယောရှုအမိန့်ပေး၏။ ထိုနောက်သူတို့သည် အလောင်းပေါ်တွင်ကျောက်တုံးများကိုပုံ ထားကြသဖြင့် ယနေ့တိုင်ထိုကျောက်ပုံ ကြီးကိုတွေ့မြင်နိုင်လေသည်။