Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




၁ ရာ​ချုပ် 4:17 - Common Language Bible

17-18 ဧ​ဇ​ရ​တွင်​ယေ​သာ၊ မေ​ရက်၊ ဧ​ဖာ၊ ယာ​လုန်၊ ဟူ​၍​သား​လေး​ယောက်​ရှိ​၏။ မေ​ရက်​သည် အီ​ဂျစ်​ဘု​ရင်​၏​သ​မီး​တော်​ဗိ​သ​ယာ​နှင့် စုံ​ဖက်​၍ မိ​ရိ​အံ​ဟူ​သော​သ​မီး​တစ်​ယောက် နှင့်​ရှမ္မဲ၊ ဣ​ရှ​ဘ​ဟူ​သော​သား​နှစ်​ယောက်​ကို ရ​လေ​သည်။ ဣ​ရှ​ဘ​သည်​ဧ​ရှ​တ​မော​မြို့ ကို​တည်​ထောင်​၏။ မေ​ရက်​သည်​ယု​ဒ​အ​မျိုး သ​မီး​တစ်​ယောက်​နှင့်​လည်း​စုံ​ဖက်​လေ​သည်။ သူ​တို့​နှစ်​ဦး​တွင်​ဂေ​ဒေါ်​မြို့​ကို​တည်​ထောင် သူ​ယေ​ရက်၊ စော​ခေါ​မြို့​ကို​တည်​ထောင်​သူ ဟေ​ဗာ​နှင့်​ဇာ​နော်​မြို့​ကို​တည်​ထောင်​သူ ယေ​ကု​သေ​လ​ဟူ​သော​သား​သုံး​ယောက် ရှိ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

17-18 ဧ ဇ ရ သား များ ကား ယေ သာ၊ မေ ရက်၊ ဧ ဖေ ရ၊ ယာ လုန် တို့ တည်း။ မေ ရက် နှင့် ထိမ်း မြား သော ဖာ ရော မင်း သ မီး တော် ဗိ သ ယာ သည် မိ ရိ အံ၊ ရှ မ္မဲ၊ ဧ ရှ တ မော အ ဘ ဣ ရှ ဘ တို့ ကို ဖွား မြင်၏။ ယု ဒ အ မျိုး မ ယား လည်း ဂေ ဒေါ့ အ ဘ ယေ ရက်၊ စော ခေါ့ အ ဘ ဟေ ဗာ၊ ဇာ နော့ အ ဘ ယေ ကု သေ လ တို့ ကို ဖွား မြင် ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

17 ဧ​ဇ​ရ​သား​ကား ယေ​သာ၊ မေ​ရက်၊ ဧ​ဖာ၊ ယာ​လုန်​တည်း။ မေ​ရက်​နှင့်​စုံ​ဖက်​သော ဖာ​ရော​သ​မီး ဗိ​သ​ယာ​သည် မိ​ရိ၊ ရှ​မ္မဲ၊ ဧ​ရှ​တ​မော​အ​ဘ ဣ​ရှ​ဘ​ကို ဖွား​မြင်၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

17 ဧဇရာ​၏​သား​များ​မှာ ယေသာ​၊ မေရက်​၊ ဧဖေရ​၊ ယာလုန် တို့​ဖြစ်​ကြ​၏​။ မေရက်​၏​မယား ဖာရော​၏​သမီး​ဗိသဟာ​သည် မိရိအံ​၊ ရှမ္မဲ​၊ ဧရှတမော​၏​ဖခင်​ဣရှဘ တို့​ကို​မွေးဖွား​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ




၁ ရာ​ချုပ် 4:17
7 ပူးပေါင်းရင်းမြစ်များ  

ဟော​ဒိ​ယ​သည်​နာ​ဟံ​၏​နှ​မ​နှင့်​စုံ​ဖက်​၏။ သူ​တို့​၏​သား​မြေး​များ​သည်​ကိ​လ​မြို့​တွင် နေ​ထိုင်​သော​မာ​ခ​သား​ချင်း​စု​ကို​လည်း ကောင်း တည်​ထောင်​သူ​များ​ဖြစ်​ကြ​၏။


သို့​ရာ​တွင်​မင်းကြီး​က``ဤ​သို့​မ​ယူ​လို။ တန်​ဖိုး​အ​ပြည့်​အ​ဝ​ငါ​ပေး​မည်။ သင်​ပိုင် သည့်​ပစ္စည်း​တစ်​စုံ​တစ်​ရာ​နှင့်၊ ငါ​တန်​ဖိုး မ​ပေး​ဘဲ​ရ​ရှိ​သည့်​အ​ရာ​တစ်​စုံ​တစ်​ခု ကို ထာ​ဝ​ရ​ဘု​ရား​အား​ပူ​ဇော်​သ​ကာ အ​ဖြစ်​ဖြင့်​ငါ​မ​ဆက်​လို'' ဟု​မိန့်​တော် မူ​၏။-


အာ​ရုန်​၏​သား​မြေး​တို့​အား​ခွဲ​ဝေ​ပေး​သည့်​မြို့ များ​မှာ အ​ပြစ်​လွတ်​ငြိမ်း​ခွင့်​ရ​ရန်​ခို​လှုံ​ရာ​ဖြစ် သော​ဟေ​ဗြုန်​မြို့၊ ယတ္တိ​ယ​မြို့၊ လိ​ဗ​န၊ ဧ​ရှ​တ​မော၊ ဟော​လုန်၊ ဒေ​ဗိ​ရ၊ အာ​ရှန်​ဗက်​ရှေ​မက်​မြို့​များ နှင့်​ထို​မြို့​တို့​နှင့်​သက်​ဆိုင်​ရာ​မြက်​ခင်း​များ ဖြစ်​ပေ​သည်။-


အာ​ရော်​မြို့၊ ရှိ​ဖ​မုတ်​မြို့၊ ဧ​ရှ​တ​မော​မြို့၊-


အာ​နပ်​မြို့၊ ဧ​ရှ​တ​မော​မြို့၊ အာ​နိမ်​မြို့၊-


ယေ​ဟ​လ​လေ​လ​တွင်​ဇိ​ဖ၊ ဇိ​ဖာ၊ တိ​ရိ နှင့်​အာ​သ​ရေ​လ​ဟူ​သော​သား​လေး​ယောက် ရှိ​၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ