သို့ရာတွင်သူ့မှာယောနဒပ်အမည်တွင်သော မိတ်ဆွေရှိ၏။ ယောနဒပ်သည်ဒါဝိဒ်၏အစ်ကို ရှိမာ၏သားဖြစ်၏။ သူသည်အလွန်ပါးနပ် လိမ္မာသူတည်း။-
၁ ရာချုပ် 27:32 - Common Language Bible ဒါဝိဒ်၏ဘထွေးတော်ယောနသန်သည် တတ် သိလိမ္မာစွာအကြံဉာဏ်ပေးတတ်သူပညာရှင် ဖြစ်၏။ သူနှင့်ဟခမောနိ၏သားယေဟေလ တို့သည်ဘုရင့်သားတော်များအားပညာပို့ ချရေးကိုတာဝန်ယူရကြ၏။- Garrad Bible ဒါ ဝိဒ် မင်း တူ တော် ယော န သန် သည် ပ ညာ ရှိ သံ တော် ဆင့် မင်း တိုင် ပင်၊ ဟ ခ မော နိ သား ယေ ဟေ လ သည် သား တော် တို့၏ အ ကြီး တော်၊ Judson Bible ဒါဝိဒ်၏ဘထွေးတော် ယောနသန်သည် တိုင်ပင်မှူးမတ် ပညာရှိကျမ်းတတ်ဖြစ်၏။ ဟခမောနိသား ယေဟေလသည် ရှင်ဘုရင်၏သားတော်တို့ အပေါင်းအဖော်ဖြစ်၏။ မြန်မာ့စံမီသမ္မာကျမ်း ဒါဝိဒ်မင်းကြီး၏ဘထွေးတော်ယောနသန်သည် သိနားလည်နိုင်စွမ်းရှိသူအတိုင်ပင်ခံအမတ်လည်း ဖြစ်၏။ ကျမ်းပြုဆရာလည်း ဖြစ်၏။ ဟခမောနိ၏သားယေဟေလသည် ဘုရင့်သားတော်တို့ကို စောင့်ရှောက်ပေးရ၏။ |
သို့ရာတွင်သူ့မှာယောနဒပ်အမည်တွင်သော မိတ်ဆွေရှိ၏။ ယောနဒပ်သည်ဒါဝိဒ်၏အစ်ကို ရှိမာ၏သားဖြစ်၏။ သူသည်အလွန်ပါးနပ် လိမ္မာသူတည်း။-
သူသည်ဣသရေလအမျိုးသားတို့အား ကြိုးစားပြောဆိုသဖြင့် ဒါဝိဒ်၏အစ်ကို ရှိမာ၏သားယောနသန်ကသူ့ကိုသတ် လိုက်လေသည်။
သူတို့၏နာမည်များမှာပထမဆုံး၊ ဟခ မောနိသားချင်းစုဝင်ယာရှောဗံဖြစ်သည်။ သူသည်သူရဲကောင်းသုံးယောက်တို့တွင်ခေါင်း ဆောင်ဖြစ်၏။ တိုက်ပွဲတစ်ခုတည်း၌ပင်လျှင် လူသုံးရာကိုလှံဖြင့်ထိုးသတ်တိုက်ခိုက်ခဲ့ သူဖြစ်သတည်း။-
သူသည်ဣသရေလအမျိုးသားတို့အား စစ်ထိုးရန် ကြုံးဝါးဖိတ်ခေါ်လိုက်သောအခါ ဒါဝိဒ်၏အစ်ကိုဖြစ်သူရှိမာ၏သား ယောနသန်ကသူ့အားသတ်ပစ်လေသည်။
အဟိသောဖေလသည်ဘုရင်၏အတိုင်ပင်ခံ အမတ်ဖြစ်၍ အာခိမြို့သားဟုရှဲသည်ဘုရင် ၏အဆွေတော်တိုင်ပင်ဖော်တိုင်ပင်ဖက်ဖြစ် သတည်း။-