ငိုကြွေးမြည်တမ်းချိန်ကုန်လွန်သောအခါဒါဝိဒ် သည် သူ့အားနန်းတော်သို့ခေါ်စေ၍မိဖုရားမြှောက် ရာသားတော်ကိုဖွားမြင်လေသည်။ သို့ရာတွင် ထာဝရဘုရားသည်ဒါဝိဒ်ပြုခဲ့သည့်အမှု ကိုနှစ်သက်တော်မမူ။
၁ ရာချုပ် 21:7 - Common Language Bible ဒါဝိဒ်ပြုသောအမှုကိုဘုရားသခင်သည် နှစ်သက်တော်မမူသဖြင့် ဣသရေလ အမျိုးသားတို့အားဒဏ်ခတ်တော်မူ၏။- Garrad Bible ထို အ မှု ကို ဘု ရား သ ခင် နှစ် သက် တော် မ မူ၍ ဣ သ ရေ လ လူ မျိုး ကို ဒဏ် ခတ် တော် မူ ရာ၊ Judson Bible ဒါဝိဒ်ပြုသောအမှုကို ဘုရားသခင်သည် အလိုတော်မရှိသဖြင့်၊ ဣသရေလအမျိုးကို ဒဏ်ခတ်တော်မူမည်ဖြစ်၍၊ မြန်မာ့စံမီသမ္မာကျမ်း ဤအမှုသည် ဘုရားသခင်ရှေ့တွင် ဆိုးညစ်သောအမှုဖြစ်သောကြောင့် အစ္စရေးလူမျိုးကို ဒဏ်ခတ်တော်မူရာ |
ငိုကြွေးမြည်တမ်းချိန်ကုန်လွန်သောအခါဒါဝိဒ် သည် သူ့အားနန်းတော်သို့ခေါ်စေ၍မိဖုရားမြှောက် ရာသားတော်ကိုဖွားမြင်လေသည်။ သို့ရာတွင် ထာဝရဘုရားသည်ဒါဝိဒ်ပြုခဲ့သည့်အမှု ကိုနှစ်သက်တော်မမူ။
သို့ရာတွင်ငါ့အားနှစ်သက်တော်မမူပါ လျှင် ကိုယ်တော်အလိုတော်ရှိသည့်အတိုင်း ပြုတော်မူပါစေသော'' ဟုဆို၏။-
ဒါဝိဒ်နန်းစံချိန်အတွင်း၌သုံးနှစ်ပတ်လုံး အစာငတ်မွတ်ခေါင်းပါးခြင်းဘေးကြီးဆိုက် ရောက်လာ၏။ သို့ဖြစ်၍ဒါဝိဒ်သည်ထာဝရ ဘုရားထံစုံစမ်းလျှောက်ထားရာထာဝရ ဘုရားက``ရှောလုသည်ဂိဗောင်မြို့မှလူတို့ အားကွပ်မျက်ခဲ့သည့်အတွက် သူနှင့်သူ၏ မိသားစုတွင်လူသတ်မှုအပြစ်ရှိသဖြင့် ဤဘေးဆိုးကျရောက်လာခြင်းဖြစ်၏'' ဟု မိန့်တော်မူ၏။-
ထိုနောက်သူတို့သည်ထိုအရိုးများကိုရှောလု နှင့်ယောနသန်၏အရိုးတို့နှင့်အတူဗင်္ယာမိန် နယ်၊ ဇေလမြို့ရှိရှောလု၏ခမည်းတော်ကိရှ ၏သင်္ချိုင်းတွင်သင်္ဂြိုဟ်ကြ၏။ သူတို့သည်မင်း ကြီးမိန့်မှာတော်မူလိုက်သမျှတို့ကိုဆောင် ရွက်ကြ၏။ ထိုနောက်ဘုရားသခင်သည်ပြည် တော်အတွက် ထိုသူတို့တောင်းလျှောက်သည့် ဆုတောင်းပတ္ထနာများကိုနားညောင်းတော် မူ၏။
တစ်ဖန်ထာဝရဘုရားသည်ဣသရေလအမျိုး သားတို့အပေါ်တွင်အမျက်ထွက်တော်မူသဖြင့် သူတို့ကိုဒဏ်ခတ်ရန်ဒါဝိဒ်အားအပြစ်ကူး မိစေတော်မူ၏။ ထာဝရဘုရားက``သင်သည် သွား၍ဣသရေလနှင့်ယုဒပြည်တွင်သန်း ခေါင်စာရင်းကောက်ယူလော့'' ဟုဒါဝိဒ်အား မိန့်တော်မူ၏။-
သို့ရာတွင်ဒါဝိဒ်သည်သန်းခေါင်စာရင်း ကောက်ပြီးသောအခါနောင်တရလျက် ထာဝရဘုရားအား``အကျွန်ုပ်သည်ဤ ကြောက်မက်ဖွယ်ကောင်းသောအပြစ်ကိုကူး လွန်မိပါပြီ။ အကျွန်ုပ်အားအပြစ်ဖြေလွှတ် တော်မူပါ။ အကျွန်ုပ်သည်မိုက်မဲစွာပြု မိပါပြီ'' ဟုလျှောက်ထား၏။
အဘယ်ကြောင့်ဆိုသော်ဒါဝိဒ်သည် ဘုရားသခင် နှစ်သက်တော်မူသည့်အမှုတို့ကိုသာလျှင်ပြုခဲ့ သောကြောင့်ဖြစ်၏။ မင်းကြီးသည်ဟိတ္တိအမျိုးသား ဥရိယ၏အမှုကိစ္စမှတစ်ပါး အခြားအဘယ် အခါ၌မျှကိုယ်တော်၏အမိန့်တော်ကိုလွန်ဆန် ခဲ့ခြင်းမရှိပေ။-
သို့ဖြစ်၍ထာဝရဘုရားသည်ဣသရေလ ပြည်သားတို့အပေါ်သို့ ကပ်ရောဂါသက် ရောက်စေတော်မူသဖြင့်လူခုနစ်သောင်း သေလေ၏။-
ယွာဘသည်ဘုရင်၏အမိန့်ကိုမနှစ်သက် သဖြင့် လေဝိနှင့်ဗင်္ယာမိန်အနွယ်တို့တွင် သန်းခေါင်စာရင်းမကောက်ယူခဲ့ပေ။
ဒါဝိဒ်က``ကျွန်တော်မျိုးသည် ဤကြောက်မက် ဖွယ်ကောင်းသောအပြစ်ကိုကူးလွန်မိပါပြီ။ ကျွန်တော်မျိုးအား အပြစ်ဖြေလွှတ်တော် မူပါ။ ကျွန်တော်မျိုးသည် မိုက်မဲစွာပြုမိ ပါပြီ'' ဟုဘုရားသခင်အားလျှောက် ထား၏။
ဣသရေလအမျိုးသားတို့သည်ဖျက်ဆီးရ မည့်ပစ္စည်းတစ်စုံတစ်ခုကိုမျှမယူရဟူ သော ထာဝရဘုရား၏တားမြစ်ချက်ကို အာခန်ဆိုသူသည်မနာခံသဖြင့် ထာဝရ ဘုရားသည်ဣသရေလအမျိုးသားတို့ အားပြင်းစွာသောအမျက်တော်ထွက်တော် မူ၏။ (အာခန်သည်ယုဒအနွယ်ဝင်ဇေရ မိသားစုထဲမှဇာဗဒိ၏မြေး၊ ကာမိ၏ သားဖြစ်သည်။)
ထလော့၊ လူတို့ကိုသန့်စင်ခြင်းဝတ်ပြုစေ ပြီးလျှင် နက်ဖြန်နေ့၌ငါ၏ရှေ့တော်သို့ ဝင်ရန်အသင့်ရှိကြစေ။ ဣသရေလ အမျိုးသားတို့၏ဘုရားသခင်ထာဝရ ဘုရား ဤသို့မိန့်တော်မူကြောင်းပြောကြား လော့။ `ဣသရေလအမျိုးသားအပေါင်း တို့၊ ဖျက်ဆီးပစ်ရမည်ဟုငါပညတ်ထား သောပစ္စည်းအချို့သင်တို့တွင်ရှိ၏။ ထိုပစ္စည်း များကိုသင်တို့မဖျက်ဆီးသမျှကာလ ပတ်လုံးသင်တို့သည်ရန်သူများကိုမခံ မရပ်နိုင်။-
အာဣမြို့သားတို့သည်မြို့တံခါးမှကျောက် ကျင်းများရှိရာအရပ်သို့တိုင်အောင် ဣသ ရေလအမျိုးသားတို့နောက်သို့လိုက်၍တိုက် ခိုက်ကြရာတောင်ကုန်းအဆင်း၌ ဣသရေလ အမျိုးသားသုံးဆယ့်ခြောက်ယောက်ခန့်ကို သတ်ဖြတ်လိုက်ကြလေသည်။ သို့ဖြစ်၍ ဣသရေလအမျိုးသားတို့သည်အလွန် စိတ်ပျက်အားလျော့ကြကုန်၏။