၁ ရာချုပ် 21:8 - Common Language Bible8 ဒါဝိဒ်က``ကျွန်တော်မျိုးသည် ဤကြောက်မက် ဖွယ်ကောင်းသောအပြစ်ကိုကူးလွန်မိပါပြီ။ ကျွန်တော်မျိုးအား အပြစ်ဖြေလွှတ်တော် မူပါ။ ကျွန်တော်မျိုးသည် မိုက်မဲစွာပြုမိ ပါပြီ'' ဟုဘုရားသခင်အားလျှောက် ထား၏။ အခန်းကိုကြည့်ပါ။Garrad Bible8 ဒါ ဝိဒ် မင်း က၊ အ ကျွန်ုပ် ဤ သို့ ပြု၍ ကြီး လှ စွာ ပြစ် မှား မိ ပါ ပြီ။ အ လွန် မိုက် မှား မိ သော ကျွန် တော် မျိုး၏ ဒု စ ရိုက် မှု ကို ပယ် ပ တော် မူ ပါ ဟု ဘု ရား သ ခင် အား အ သ နား တော် ခံ လေ ၏။ အခန်းကိုကြည့်ပါ။Judson Bible8 ဒါဝိဒ်က၊ အကျွန်ုပ်ပြုမိသောအမှု၌ အလွန်ပြစ်မှားပါပြီ။ ကိုယ်တော်ကျွန်၏ အပြစ်ကို ဖြေရှင်းတော်မူပါ။ အကျွန်ုပ်သည် အလွန်မိုက်သောအမှုကို ပြုမိပါပြီဟု ဘုရားသခင်အား တောင်းပန်လေ၏။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း8 ဒါဝိဒ်မင်းကြီးက ဘုရားသခင်အား “အကျွန်ုပ်သည် ဤအမှုကိုပြုခြင်းဖြင့် ကြီးမားသောအပြစ်ကိုကျူးလွန်မိပါပြီ။ ကိုယ်တော့်အစေအပါး၏အပြစ်ကို ဖြေလွှတ်တော်မူပါ။ အကျွန်ုပ်သည် အလွန်မိုက်မဲသောအမှုကို ပြုမိပါပြီ”ဟု လျှောက်ဆိုလေ၏။ အခန်းကိုကြည့်ပါ။ |
သင်သည်မိမိ၏ဘုရားသခင်ထာဝရ ဘုရားကို ပုန်ကန်မိကြောင်းနှင့်အပြစ်ရှိ ကြောင်းကိုသာလျှင်ဝန်ခံလော့။ စိမ်းလန်း သည့်သစ်ပင်ရှိသမျှအောက်တွင် သင်သည် လူမျိုးခြားတို့၏ဘုရားများအားမြတ်နိုး ခဲ့ကြောင်းကိုဝန်ခံလော့။ ငါ့စကားကိုနား မထောင်မိခဲ့ကြောင်းကိုလည်းဝန်ခံလော့။ ဤကားငါထာဝရဘုရားမြွက်ဟသည့် စကားဖြစ်၏။
ထိုအခါကျွန်တော်မျိုးသည်မိမိ၏အပြစ် များကို ကိုယ်တော်၏ထံတွင်ဖော်ပြဝန်ခံပါ၏။ ကျွန်တော်မျိုးပြုမိသည့်အမှားများကို အထံတော်မှဖုံးကွယ်၍မထားပါ။ ယင်းတို့ကိုကိုယ်တော်အားဖော်ပြဝန်ခံရန် ကျွန်တော်မျိုးစိတ်ပိုင်းဖြတ်လိုက်ပါ၏။ ကိုယ်တော်ရှင်သည်ကျွန်တော်မျိုး၏ကူးလွန်မှု ရှိသမျှတို့အတွက်အပြစ်ဖြေလွှတ်တော် မူပါ၏။
ကျွန်မသည်လူပုံလယ်တွင်နောင်အဘယ်အခါ ၌မျှခေါင်းထောင်ရဲတော့မည်မဟုတ်ပါ။ သင်သည် လည်းဣသရေလအမျိုးသားတို့ရှေ့တွင်လုံးဝ အသရေပျက်သွားပါလိမ့်မည်။ ကျေးဇူးပြု၍ မင်းကြီးအားလျှောက်ထားပါလော့။ ထိုသို့ လျှောက်ထားပါလျှင်မင်းကြီးသည်ကျွန်မ အား သင်နှင့်မပေးစားဘဲနေတော်မူမည်မ ဟုတ်ကြောင်းကိုကျွန်မသိပါ၏'' ဟုဆို၏။-
ရှောလုကလည်း``ငါမှားလေပြီ။ ငါ့သားဒါဝိဒ်၊ ငါ့ထံသို့ပြန်ခဲ့လော့။ သင်သည်ယနေ့ညငါ၏ အသက်ကိုချမ်းသာပေးခဲ့သဖြင့် ငါသည်သင့် အားနောင်အဘယ်အခါ၌မျှဘေးအန္တရာယ် ပြုတော့မည်မဟုတ်။ ငါသည်မိုက်မဲသူဖြစ် ချေပြီ။ အလွန်ဆိုးရွားသည့်အမှုကိုပြုမိ လေပြီတကား'' ဟုမိန့်တော်မူ၏။
ရှေခင်၏ဖခင်ဟာမော်သည်ကြောင်းလမ်းရန် ကိစ္စနှင့်ယာကုပ်ထံသို့ရောက်ရှိလာ၏။ ယာကုပ် ၏သားတို့သည်မိမိတို့၏နှမအားရှေခင် ကမတရားပြုကျင့်ခြင်းဖြင့် ဣသရေလ တစ်မျိုးလုံးကိုစော်ကားကြောင်းကြားရသော အခါ မပြုအပ်သောယုတ်မာမှုကိုပြုသော ကြောင့်စိတ်နာ၍အလွန်ဒေါသအမျက်ထွက် ကြလေသည်။-