Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ယော​ရှု 7:1 - Common Language Bible

1 ဣ​သ​ရေ​လ​အမျိုး​သား​တို့​သည်​ဖျက်​ဆီး​ရ မည့်​ပစ္စည်း​တစ်​စုံ​တစ်​ခု​ကို​မျှ​မ​ယူ​ရ​ဟူ သော ထာ​ဝ​ရ​ဘု​ရား​၏​တား​မြစ်​ချက်​ကို အာ​ခန်​ဆို​သူ​သည်​မ​နာ​ခံ​သ​ဖြင့် ထာ​ဝ​ရ ဘု​ရား​သည်​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့ အား​ပြင်း​စွာ​သော​အ​မျက်​တော်​ထွက်​တော် မူ​၏။ (အာ​ခန်​သည်​ယု​ဒ​အ​နွယ်​ဝင်​ဇေ​ရ မိ​သား​စု​ထဲ​မှ​ဇာ​ဗ​ဒိ​၏​မြေး၊ ကာ​မိ​၏ သား​ဖြစ်​သည်။)

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

1 ထို ကာ လ၊ ယု ဒ အ နွယ်၊ ဇေ ရ မြစ်၊ ဇာ ဗ ဒိ မြေး၊ ကာ မိ သား အာ ခန် သည် မြေ လှန် ရာ ပါ ဥစ္စာ ကို ယူ သ ဖြင့် ဣ သ ရေ လ အ မျိုး သား တို့ လွန် ကျူး ရာ ရောက် ကြ သည့် အ တွက် သူ တို့ အ ပေါ် တွင် ထာ ဝ ရ ဘု ရား အ မျက် ထား တော် မူ သ တည်း။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

1 သို့​ရာ​တွင် ယု​ဒ​အ​မျိုး၊ ဇေ​ရ၊ ဇာ​ဗ​ဒိ၊ ကာ​မိ​တို့​မှ ဆင်း​သက်​သော အာ​ခန်​သည်၊ ကျိန်​အပ်​သော​အ​ရာ​ကို​သိမ်း​ယူ၍ ထို​အ​ရာ​အား​ဖြင့် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် ပြစ်​မှား​သော​အ​ပြစ်​ရှိ​သော​ကြောင့်၊ ထာ​ဝ​ရ​ဘု​ရား​သည် သူ​တို့၌ အ​မျက်​ထွက်​တော်​မူ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

1 ယုဒ​အမျိုးအနွယ်​ထဲမှ ဇေရ​၏​မြစ်​၊ ဇာဗဒိ​၏​မြေး​၊ ကာမိ​၏​သား အာခန်​သည် ကျိန်​ခြင်း​ခံရ​သော​အရာ​ကို​ယူ​ခြင်း​ဖြင့် အစ္စရေး​လူမျိုး​တို့​ကို အပြစ်ကျူးလွန်​ရာ​ရောက်​စေ​၏​။ သို့ဖြစ်၍ ထာဝရဘုရား​သည် အစ္စရေး​အမျိုးသား​တို့​ကို အမျက်ထွက်​တော်မူ​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ




ယော​ရှု 7:1
19 ပူးပေါင်းရင်းမြစ်များ  

ယာ​ကုပ်​၏​အ​ခြား​သော​သား​တို့​က​လည်း​သူ တို့​၏​နှ​မ​အ​သ​ရေ​ဖျက်​ခံ​ရ​ခြင်း​ကို​လက်​စား ချေ​ရန် မိ​မိ​တို့​သတ်​ခဲ့​သော​သူ​တို့​ထံ​သွား​၍​မြို့ ကို​လု​ယက်​ဖျက်​ဆီး​ကြ​လေ​သည်။-


တစ်​ဖန်​ထာ​ဝ​ရ​ဘု​ရား​သည်​ဣသ​ရေ​လ​အ​မျိုး သား​တို့​အ​ပေါ်​တွင်​အ​မျက်​ထွက်​တော်​မူ​သ​ဖြင့် သူ​တို့​ကို​ဒဏ်​ခတ်​ရန်​ဒါ​ဝိဒ်​အား​အ​ပြစ်​ကူး မိ​စေ​တော်​မူ​၏။ ထာ​ဝ​ရ​ဘု​ရား​က``သင်​သည် သွား​၍​ဣ​သ​ရေ​လ​နှင့်​ယု​ဒ​ပြည်​တွင်​သန်း ခေါင်​စာ​ရင်း​ကောက်​ယူ​လော့'' ဟု​ဒါ​ဝိဒ်​အား မိန့်​တော်​မူ​၏။-


သူ​တို့​သည်​ဧ​လိ​ရှဲ​နေ​ထိုင်​ရာ​တောင်​ကုန်း​သို့​ရောက် သော​အ​ခါ ဂေ​ဟာ​ဇိ​သည်​အိတ်​နှစ်​လုံး​ကို​ယူ​၍​အိမ် ထဲ​သို့​သယ်​ဆောင်​သွား​လေ​သည်။ ထို​နောက်​နေ​မန်​၏ အ​စေ​ခံ​များ​အား​ပြန်​၍​လွှတ်​လိုက်​၏။-


ဒါ​ဝိဒ်​ပြု​သော​အ​မှု​ကို​ဘု​ရား​သ​ခင်​သည် နှစ်​သက်​တော်​မ​မူ​သ​ဖြင့် ဣ​သ​ရေ​လ အ​မျိုး​သား​တို့​အား​ဒဏ်​ခတ်​တော်​မူ​၏။-


ပြည်​သူ​တို့​သည်​ဗိ​မာန်​တော်​တွင်​ဘိုး​ဘေး များ​၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​ဝတ် ပြု​ကိုး​ကွယ်​မှု​ကို​စွန့်​လျက် ရုပ်​တု​များ​နှင့် အာ​ရှ​ရ​ဘု​ရား​မ​၏​တံ​ခွန်​တိုင်​များ​ကို ဝတ်​ပြု​ရှိ​ခိုး​ကြ​လေ​သည်။ ဤ​သို့​သူ​တို့ ကူး​လွန်​သည့်​အ​ပြစ်​အ​တွက် ထာ​ဝ​ရ ဘု​ရား​၏​အ​မျက်​တော်​သည်​ယု​ဒ​ပြည် နှင့်​ယေ​ရု​ရှ​လင်​မြို့​အ​ပေါ်​သို့​သက် ရောက်​တော်​မူ​၏။-


ငါ​က``အို ဘု​ရား​သ​ခင်၊ အ​ကျွန်ုပ်​သည်​ကိုယ်​တော် ၏​ရှေ့​တော်​၌ ခေါင်း​မ​မော်​ဝံ့​အောင်​ပင်​ရှက်​ပါ​၏။ အ​ကျွန်ုပ်​တို့​၏​အ​ပြစ်​များ​သည် အ​ကျွန်ုပ်​တို့ ဦး​ခေါင်း​ကို​လွှမ်း​မိုး​သည့်​တိုင်​အောင်​များ​ပြား ပါ​၏။ ထို​အ​ပြစ်​များ​သည် မိုး​ကောင်း​ကင် အ​ထိ​မြင့်​မား​ကြီး​လေး​ပါ​၏။-


သင်ပြုသော ဒုစရိုက်သည် သင်နှင့်တူသော လူသတ္တဝါကိုသာ ထိခိုက်နိုင်၏။ သင်ပြုသော သုစရိုက် သည်လည်း လူသားတို့၌သာ ကျေးဇူးပြုနိုင်၏။


ပညာသည် စစ်လက်နက်ထက်သာ၍ ကောင်း မြတ်၏။ ဒုစရိုက်ကိုပြုသောသူသည်လည်း၊ ကောင်းသော အမှုများကို ဖျက်ဆီးတတ်၏။


အို အ​ရှင်​ဘု​ရား၊ ကိုယ်​တော်​သည်​အ​ခါ​ခပ် သိမ်း​ဖြောင့်​မှန်​ရာ​ကို​ပြု​တော်​မူ​ပါ​၏။ သို့ ရာ​တွင်​အ​ကျွန်ုပ်​တို့​သည်​မိ​မိ​တို့​ကိုယ်​ကို အ​သ​ရေ​ပျက်​စေ​ကြ​ပါ​၏။ ယု​ဒ​ပြည် ၌​လည်း​ကောင်း၊ ယေ​ရု​ရှ​လင်​မြို့​၌​လည်း ကောင်း နေ​ထိုင်​သူ​များ​နှင့်​ကိုယ်​တော်​အား သစ္စာ​ဖောက်​သ​ဖြင့် ရပ်​နီး​ရပ်​ဝေး​တိုင်း​ပြည် များ​သို့​နှင်​ထုတ်​တော်​မူ​ခြင်း​ကို​ခံ​ရ​သော ဣသ​ရေ​လ​အ​မျိုး​သား​အ​ပေါင်း​တို့​သည် လည်း​ကောင်း ဤ​နည်း​အ​တိုင်း​ပင်​မိ​မိ​တို့ ကိုယ်​ကို​အ​သ​ရေ​ပျက်​စေ​ကြ​ပါ​၏။-


ထို​နောက်​မော​ရှေ​က​အာ​ရုန်​နှင့်​သူ​၏​သား များ​ဖြစ်​ကြ​သော ဧ​လာ​ဇာ​နှင့်​ဣ​သ​မာ​တို့ အား``သင်​တို့​သည်​သေ​ဆုံး​သူ​များ​အ​တွက် ဝမ်း​နည်း​ကြေ​ကွဲ​ခြင်း​ကို​ပြ​ရန် ဆံ​ပင်​ကို မ​ဖြီး​ဘဲ​မ​နေ​ကြ​နှင့်။ အ​ဝတ်​အင်္ကျီ​များ ကို​လည်း​မ​ဆုတ်​ဖြဲ​ကြ​နှင့်။ ထို​သို့​ပြု​လျှင် သင်​တို့​၏​အ​သက်​ဆုံး​ရ​လိမ့်​မည်။ ထာ​ဝ​ရ ဘု​ရား​သည်​လည်း ဣ​သ​ရေ​လ​အ​မျိုး​သား အ​ပေါင်း​တို့​အား​အ​မျက်​တော်​ထွက်​လိမ့်​မည်။ သို့​သော်​သင်​တို့​၏​သွေး​ချင်း​ဖြစ်​သော ဣ​သ​ရေ​လ​အ​မျိုး​သား​အ​ပေါင်း​တို့​မူ ကား ထာ​ဝ​ရ​ဘု​ရား​ထံ​တော်​မှ​လောင်​မီး ကျ​၍ သေ​ဆုံး​သူ​တို့​အ​တွက်​ဝမ်း​နည်း ကြေ​ကွဲ​ကြောင်း​ပြ​နိုင်​သည်။-


ထို​နောက်​သင်္ဘော​သား​တို့​က``ငါ​တို့​ဤ​ကဲ့​သို့​ဘေး​ဒုက္ခ​ရောက်​ရ​သည်​မှာ အ​ဘယ်​သူ​၏​အ​ပြစ်​ကြောင့်​ဖြစ်​သည်​ကို​သိ​ရ​အောင်​မဲ​ချ​ကြ​ကုန်​အံ့'' ဟု​အ​ချင်း​ချင်း​ပြော​ဆို​ကြ​၏။ သူ​တို့​မဲ​ချ​ကြ​သော​အ​ခါ​ယော​န​မဲ​ကျ​လေ​၏။-


ထာ​ဝ​ရ​ဘု​ရား​၏​လူ​စု​တစ်​စု​လုံး​၏​ကိုယ် စား​သူ​တို့​အား ပြော​ကြား​သည်​မှာ``သင်​တို့​သည် အ​ဘယ်​ကြောင့်​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့ ၏​ဘု​ရား​သ​ခင်​အား​ဆန့်​ကျင်​၍ ဤ​မိုက်​မဲ သော​အ​မှု​ကို​ပြု​ကြ​သ​နည်း။ သင်​တို့​သည် ဤ​ယဇ်​ပလ္လင်​ကို​တည်​ခြင်း​အား​ဖြင့် ထာ​ဝ​ရ ဘု​ရား​အား​ပုန်​ကန်​ကြ​ပြီ။ ကိုယ်​တော်​ကို ပစ်​ပယ်​ကြ​ပြီ​တ​ကား။-


ကိုယ်​တော်​ကို​ယ​ခု​ပစ်​ပယ်​ကြ​မည်​လော။ သင် တို့​သည်​ထာ​ဝ​ရ​ဘု​ရား​အား​ယ​နေ့​ပုန်​ကန် လျှင်​နက်​ဖြန်​နေ့​၌​ကိုယ်​တော်​သည် ဣ​သ​ရေ​လ တစ်​မျိုး​သား​လုံး​ကို​အ​မျက်​ထွက်​တော်​မူ လိမ့်​မည်။-


ဇေ​ရ​၏​သား​အာ​ခန်​သည်​ဖျက်​ဆီး​ပစ်​ရ မည့်​ပစ္စည်း​များ​နှင့်​စပ်​ဆိုင်​သော​အ​မိန့်​တော် ကို​မ​နာ​ခံ​သ​ဖြင့် ဣ​သ​ရေ​လ​တစ်​မျိုး​သား လုံး​အ​ပြစ်​ဒဏ်​ခံ​ခဲ့​ရ​သည်​မ​ဟုတ်​လော။ အာ​ခန်​၏​အ​ပြစ်​ကြောင့်​သူ​တစ်​ဦး​တည်း သာ​အ​သက်​သေ​ဆုံး​ခဲ့​ရ​သည်​မ​ဟုတ်'' ဟု ဆို​ကြ​၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ