သို့ရာတွင်သူ့မှာယောနဒပ်အမည်တွင်သော မိတ်ဆွေရှိ၏။ ယောနဒပ်သည်ဒါဝိဒ်၏အစ်ကို ရှိမာ၏သားဖြစ်၏။ သူသည်အလွန်ပါးနပ် လိမ္မာသူတည်း။-
၁ ရာချုပ် 2:13 - Common Language Bible ယေရှဲတွင်သားခုနစ်ယောက်ရှိ၏။ သူတို့အား ကြီးစဉ်ငယ်လိုက်ဖော်ပြရသော်ဧလျာဘ၊ အဘိနဒပ်၊ ရှိမာ၊- Garrad Bible ဒု တိ ယ သား၊ အ ဘိ န ဒပ်။ တ တိ ယ သား၊ ရှိ မာ။ Judson Bible ယေရှဲသားဦးကား ဧလျာဘ၊ ဒုတိယသား အဘိနဒပ်၊ တတိယသားရှိမာ၊ မြန်မာ့စံမီသမ္မာကျမ်း ယေရှဲသည် သားဦး ဧလျာဘ၊ ဒုတိယသား အဘိနဒပ်၊ တတိယသား ရှိမာ၊ |
သို့ရာတွင်သူ့မှာယောနဒပ်အမည်တွင်သော မိတ်ဆွေရှိ၏။ ယောနဒပ်သည်ဒါဝိဒ်၏အစ်ကို ရှိမာ၏သားဖြစ်၏။ သူသည်အလွန်ပါးနပ် လိမ္မာသူတည်း။-
ယွာဘတို့လူစုသည်အာသဟေလ၏အလောင်း ကိုယူ၍ ဗက်လင်မြို့ရှိမိသားစုဂူတွင်သင်္ဂြိုဟ် ကြ၏။ ထိုနောက်သူတို့သည်တစ်ညဥ့်လုံးခရီး ပြုကြရာအရုဏ်တက်ချိန်၌ဟေဗြုန်မြို့သို့ ရောက်ရှိကြ၏။
သူသည်ဣသရေလအမျိုးသားတို့အား စစ်ထိုးရန် ကြုံးဝါးဖိတ်ခေါ်လိုက်သောအခါ ဒါဝိဒ်၏အစ်ကိုဖြစ်သူရှိမာ၏သား ယောနသန်ကသူ့အားသတ်ပစ်လေသည်။
ဒါဝိဒ်သည်ယုဒပြည်၊ ဗက်လင်မြို့မှဧဖရတ် အရပ်သားယေရှဲ၏သားဖြစ်၏။ ယေရှဲတွင် သားရှစ်ယောက်ရှိ၏။ ရှောလုမင်းနန်းစံချိန်၌ ယေရှဲသည်များစွာအိုမင်းလျက်နေလေပြီ။-
သူ၏သားကြီးသုံးယောက်သည်ရှောလုနှင့်အတူ တိုက်ပွဲဝင်ရန်လိုက်သွားကြ၏။ အကြီးဆုံး သည်ဧလျာဘ၊ ဒုတိယသားမှာအဘိနဒပ်၊ တတိယသားကားရှိမာဖြစ်၏။-
ထိုသူတို့နှင့်ဒါဝိဒ်ပြောသောစကားကို အစ်ကိုကြီးဧလျာဘကြားလျှင် အမျက် ထွက်၍``သင်သည်အဘယ်ကြောင့်ဤအရပ် သို့လာသနည်း။ တောကန္တာရတွင်သိုးများ ကိုအဘယ်သူထိန်းကျောင်းလျက်နေပါ သနည်း။ သင်၏စိတ်နေမြင့်မှု၊ ဆိုးညစ်ယုတ် မာမှုကိုငါသိ၏။ သင်သည်စစ်ပွဲကြည့် ရန်လာရောက်ခြင်းသာဖြစ်၏'' ဟုဆို၏။