သင်သွားလေရာရာသို့သင်နှင့်အတူငါရှိ ခဲ့၏။ သင်၏လမ်းမှရန်သူအပေါင်းတို့ကို သုတ်သင်ဖျက်ဆီးခဲ့၏။ ကမ္ဘာမြေပေါ်တွင် အကြီးမြတ်ဆုံးသူများနည်းတူသင့်ကို ငါထင်ပေါ်ကျော်ကြားစေမည်။-
၁ ရာချုပ် 18:6 - Common Language Bible ထိုနောက်ထိုသူတို့ပိုင်နက်တွင်စစ်စခန်း များချ၍ထားတော်မူ၏။ သူတို့သည်လည်း ဒါဝိဒ်မင်း၏လက်အောက်ခံများဖြစ်လာ ကြလျက် သူ့အားအခွန်ဘဏ္ဍာများကိုဆက် သရကြ၏။ ထာဝရဘုရားသည်ဒါဝိဒ် မင်းအားအရပ်တကာ၌အောင်ပွဲကို ပေးတော်မူ၏။- Garrad Bible မြို့ စောင့် တပ် များ ကို ထား၍ ရှု ရိ ပြည် သား တို့ သည် ဒါ ဝိဒ် မင်း လက် အောက် ခံ ဖြစ် သည့် အ တိုင်း အ ခွန် အ တုတ် ဆက် ရ ကြ၏။ ဒါဝိဒ် မင်း ချီ လေ ရာ ရာ ထာ ဝ ရ ဘု ရား အောင် မြင် စေ တော် မူ၏။ Judson Bible ရှုရိပြည်ဒမာသက်မြို့၌ မြို့စောင့်တပ်ကို ထားသဖြင့်၊ ရှုရိလူတို့သည် ဒါဝိဒ်၌ကျွန်ခံ၍ အခွန်ဆက်ရကြ၏။ ဒါဝိဒ်သွားလေရာရာ၌ ထာဝရဘုရားသည် စောင့်မတော်မူ၏။ မြန်မာ့စံမီသမ္မာကျမ်း ဆီးရီးယားပြည်၊ ဒမတ်စကပ်မြို့တွင် မြို့စောင့်တပ်များကို ချထားခဲ့၏။ ဆီးရီးယားလူမျိုးတို့သည် ဒါဝိဒ်မင်းကြီး၏လက်အောက်ခံများဖြစ်လာပြီး အခွန်ဆက်သရ၏။ ထာဝရဘုရားသည် ဒါဝိဒ်မင်းကြီးစစ်ချီသွားလေရာရာ၌ အောင်ပွဲရစေတော်မူ၏။ |
သင်သွားလေရာရာသို့သင်နှင့်အတူငါရှိ ခဲ့၏။ သင်၏လမ်းမှရန်သူအပေါင်းတို့ကို သုတ်သင်ဖျက်ဆီးခဲ့၏။ ကမ္ဘာမြေပေါ်တွင် အကြီးမြတ်ဆုံးသူများနည်းတူသင့်ကို ငါထင်ပေါ်ကျော်ကြားစေမည်။-
မောဘအမျိုးသားတို့ကိုလည်းနှိမ်နင်းတော် မူသဖြင့် သူတို့သည်မင်းကြီး၏လက်အောက် ခံများဖြစ်လာကြလျက်အခွန်ဘဏ္ဍာများ ကိုဆက်သရကြလေသည်။
ဒမာသက်မြို့မှရှုရိအမျိုးသားတို့သည် ဟာဒဒေဇာဘုရင်ကိုစစ်ကူရန်တပ်တစ် တပ်စေလွှတ်လိုက်ကြ၏။ ဒါဝိဒ်မင်းသည် သူတို့အားတိုက်တော်မူ၍ လူနှစ်သောင်း နှစ်ထောင်ကိုသုတ်သင်ပစ်တော်မူသည်။-
ဒါဝိဒ်သည်ဟာဒဒေဇာ၏အရာရှိများ ကိုင် ဆောင်သည့်ရွှေဒိုင်းလွှားတို့ကိုဖမ်းဆီးသိမ်းယူ တော်မူပြီးလျှင် ယေရုရှလင်မြို့သို့ဆောင်ယူ သွားတော်မူ၏။-
ကိုယ်တော်သည်ယခုမှစ၍ကာလအစဉ်မပြတ် သင်သွားလာလေရာတို့၌သင့်အား ကွယ်ကာစောင့်ရှောက်တော်မူလိမ့်မည်။
စစ်တိုက်ရာကာလအဘို့မြင်းများကို ပြင်ဆင် သော်လည်း၊ ထာဝရဘုရား၏ကျေးဇူးတော်ကြောင့် ချမ်းသာရပါ၏။
ထာဝရဘုရားသည်သူနှင့်အတူရှိတော် မူသဖြင့် သူပြုလေသမျှသောအမှုတို့ သည်အောင်မြင်လေ၏။-