၁ ရာချုပ် 18:2 - Common Language Bible2 မောဘအမျိုးသားတို့ကိုလည်းနှိမ်နင်းတော် မူသဖြင့် သူတို့သည်မင်းကြီး၏လက်အောက် ခံများဖြစ်လာကြလျက်အခွန်ဘဏ္ဍာများ ကိုဆက်သရကြလေသည်။ အခန်းကိုကြည့်ပါ။Garrad Bible2 မော ဘ ပြည် ကို လည်း လုပ် ကြံ ရာ ပြည် သူ ပြည် သား တို့ သည် ဒါ ဝိဒ် မင်း လက် အောက် ခံ ဖြစ် ကြ သည့် အ တိုင်း အ ခွန် အ တုတ် ဆက် ရ ကြ ၏။ အခန်းကိုကြည့်ပါ။Judson Bible2 မောဘပြည်ကိုလည်း လုပ်ကြံ၍ မောဘအမျိုးသားတို့သည် ဒါဝိဒ်၌ကျွန်ခံလျက် အခွန်ဆက်ရကြ၏။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း2 ထို့နောက် မောဘပြည်ကိုလည်း တိုက်ခိုက်သိမ်းပိုက်နိုင်သဖြင့် မောဘလူမျိုးတို့သည် ဒါဝိဒ်မင်းကြီး၏လက်အောက်ခံဖြစ်လာပြီး အခွန်များကိုဆက်သရ၏။ အခန်းကိုကြည့်ပါ။ |
ထိုပြည်သူနှစ်ရပ်တို့သည်ပူးပေါင်း၍ အနောက်ဘက်ရှိဖိလိတ္တိအမျိုးသားတို့ အားတိုက်ခိုက်၍ အရှေ့ပြည်တွင်နေထိုင် ကြသူတို့၏ဥစ္စာပစ္စည်းများကိုလုယူကြ လိမ့်မည်။ သူတို့သည်ဧဒုံအမျိုးသားများ နှင့်မောဘအမျိုးသားတို့ကိုအနိုင်ရ၍ အမ္မုန်အမျိုးသားတို့အားလည်းမိမိတို့ ၏သြဇာခံဖြစ်စေကြလိမ့်မည်။-
ငါသည်အနာဂတ်ကိုမျှော်ကြည့်သောအခါ ဣသရေလနိုင်ငံကိုငါမြင်ရ၏။ ထိုနိုင်ငံတွင်ရှင်ဘုရင်တစ်ပါးသည်တောက်ပသော ကြယ်သဖွယ်ပေါ်ထွန်းလာလိမ့်မည်။ ထိုဘုရင်သည်ကြယ်တံခွန်သဖွယ် ဣသရေလနိုင်ငံတွင်ပေါ်ထွန်းလိမ့်မည်။ သူသည်မောဘအမျိုးသားခေါင်းဆောင်တို့ကို တိုက်ခိုက်ချေမှုန်း၍ ရှေသအနွယ်ဝင်တို့ကိုနှိမ်နင်းလိမ့်မည်။