သင်နှင့်သင်၏အမျိုးအနွယ်အစဉ်အဆက်တို့ အား ငါထားသောကတိတော်ကိုထာဝရတည် မြဲသောပဋိညာဉ်ဖြစ်စေမည်။ ငါသည်သင်၏ ဘုရား၊ သင်၏အဆက်အနွယ်တို့၏ဘုရား ဖြစ်မည်။-
၁ ရာချုပ် 16:4 - Common Language Bible ဣသရေလအမျိုးသားတို့၏ဘုရားသခင် ထာဝရဘုရားအား ပဋိညာဉ်သေတ္တာတော်ရှေ့ တွင်ဝတ်ပြုကိုးကွယ်ရာ၌သီချင်းဆိုခြင်း၊ ဂုဏ်တော်ကိုချီးမွမ်းခြင်းတို့ဖြင့်ဦးဆောင်ရန် ဒါဝိဒ်မင်းသည်လေဝိအနွယ်ဝင်အချို့တို့ ကိုခန့်ထားတော်မူ၏။- Garrad Bible ထို နောက် ထာ ဝ ရ ဘု ရား ၏ သေ တ္တာ တော် ရှေ့ တွင် ဣ သ ရေ လ လူ မျိုး၏ ဘု ရား သ ခင် ထာ ဝ ရ ဘု ရား၏ ကျေး ဇူး တော် ဂုဏ် တော် ကို ချီး မွမ်း၍ ထော မ နာ ပြု ကြ စေ ရန် လေ ဝိ ဂိုဏ်း သား တို့ အ နက် ခွက် ကွင်း ကို ခြိမ့် ခြိမ့် မွမ်း တီး ရ သော အ ကြီး အ ကဲ အာ သပ်၊ စောင်း၊ တ ယော တီး ရ သော လက် အောက် ဇာ ခ ရိ၊ ယေ လ၊ ရှေ မိ ရာ မုတ်၊ ယေ ဟေ လ၊ မ တ္တိ သိ၊ ဧ လျာ ဘ၊ ဗေ နာ ယ၊ သြ ဗေ ဒေ ဒုံ၊ ယေ လ တို့ နှင့် တံ ပိုး မှုတ် ရ သော ပ ရော ဟိတ် ဗေ နာ ယ၊ ယ ဟာ ဗေ လ တို့ ကို ဘု ရား သ ခင့် ပ ဋိ ညာဉ် တော် သေ တ္တာ ရှေ့၊ အ မှု တော် ဆောင် အ ဖြစ် ဖြင့် ဒါ ဝိဒ် မင်း ခန့် ထား လေ ၏။ Judson Bible တစ်ဖန် ထာဝရဘုရား၏သေတ္တာတော်ရှေ့မှာ အမှုတော်ကိုဆောင်ရွက်၍၊ ဣသရေလအမျိုး၏ ဘုရားသခင်ထာဝရဘုရား၏ ဂုဏ်ကျေးဇူးတော်ကို အလှည့်အတိုင်း ချီးမွမ်းစေခြင်းငှာ ခန့်ထားတော်မူသော လေဝိသားများဟူမူကား၊ မြန်မာ့စံမီသမ္မာကျမ်း ထို့ပြင် ထာဝရဘုရား၏သေတ္တာတော်ရှေ့တွင် အမှုတော်ထမ်းဆောင်ရန် လေဝိလူမျိုးအချို့ကို ခန့်ထား၏။ သူတို့သည် အစ္စရေးလူမျိုး၏ဘုရားသခင်ထာဝရဘုရားထံ ဆုတောင်းအသနားခံခြင်း၊ ကျေးဇူးတော်ချီးမွမ်းခြင်းနှင့် ဂုဏ်တော်ချီးမွမ်းခြင်းတို့ကို ပြုပေးရ၏။ |
သင်နှင့်သင်၏အမျိုးအနွယ်အစဉ်အဆက်တို့ အား ငါထားသောကတိတော်ကိုထာဝရတည် မြဲသောပဋိညာဉ်ဖြစ်စေမည်။ ငါသည်သင်၏ ဘုရား၊ သင်၏အဆက်အနွယ်တို့၏ဘုရား ဖြစ်မည်။-
ထိုသူက``နောင်တွင်သင်၏နာမည်ကို`ယာကုပ်' ဟူ ၍မခေါ်စေရ။ သင်သည်ဘုရားနှင့်သော်လည်း ကောင်း၊ လူနှင့်သော်လည်းကောင်းဆိုင်ပြိုင်၍အနိုင် ရခဲ့သောကြောင့်သင်၏နာမည်မှာ`ဣသရေလ' ဟူ၍ဖြစ်ရမည်'' ဟုဆိုလေ၏။
ထိုအရပ်တွင်ယဇ်ပလ္လင်ကိုတည်၍ ပလ္လင်ကို ဣသရေလ၏ဘုရားတည်းဟူသောဧလေ လောဟုသမုတ်လေ၏။
ထိုနောက်မင်းကြီးက``ဣသရေလအမျိုးသား တို့၏ထာဝရဘုရားအားထောမနာပြုကြ လော့။ ကိုယ်တော်သည်ငါ၏ခမည်းတော်ဒါဝိဒ် အားပြုတော်မူခဲ့သည့်ကတိတော်ကိုတည် မြဲစေတော်မူပြီ။-
ဒါဝိဒ်မင်းသည်စောင်းများ၊ လင်းကွင်းများဖြင့် ပျော်ရွှင်ဖွယ်ကောင်းသောသီချင်းများသီဆို တီးမှုတ်ရန် လေဝိအနွယ်ဝင်အသီးသီးတို့ ကိုတာဝန်ပေးအပ်မည့်အကြောင်း ထိုသူတို့ ၏ခေါင်းဆောင်များအားအမိန့်ပေးတော်မူ၏။-
အစားအစာများကိုဝေပေးတော်မူ၏။ မင်း ကြီးသည်ဣသရေလနိုင်ငံရှိအမျိုးသား အမျိုးသမီးအပေါင်းတို့အားမုန့်တစ်လုံး၊ အမဲသားတစ်တုံးနှင့် စပျစ်သီးခြောက် အနည်းငယ်စီပေးတော်မူ၏။
သူတို့၏ခေါင်းဆောင်မှာအာသပ်ဖြစ်၍သူ ၏လက်ထောက်မှာဇာခရိဖြစ်၏။ ယေလ၊ ရှေမိ၊ ရာမုတ်၊ ယေဟေလ၊ မတ္တိသိ၊ ဧလျာဘ၊ ဗေနာယ၊ သြဗဒေဒုံနှင့်ယေလတို့သည် စောင်းများကိုတီးရကြ၏။ အာသပ်ကား လင်းကွင်းကိုတီးရ၍၊-
ထာဝရဘုရား၏ကျေးဇူးတော်ကိုချီးမွမ်း ကြလော့။ ကိုယ်တော်သည်ကြီးမြတ်တော်မူကြောင်းကို ထုတ်ဖော်ကြေညာကြလော့။ ကိုယ်တော်ပြုတော်မူသောအမှုတော်တို့ကို လူမျိုးတကာတို့အားပြောကြားကြလော့။
ဒါဝိဒ်သည်အာရုန်၏သားမြေးတို့အားသူ တို့၏တာဝန်ဝတ္တရားများအလိုက် အုပ်စုများ ခွဲ၍ပေးတော်မူ၏။ ဤသို့တာဝန်ခွဲပေးရာ ၌မင်းကြီးအားဧလာဇာ၏သားမြေးဖြစ်သူ ဇာဒုတ်နှင့်ဣသမာ၏သားမြေးဖြစ်သူ အဟိမလက်တို့ကကူညီကြ၏။-
ဒါဝိဒ်နှင့်လေဝိအနွယ်ဝင်ခေါင်းဆောင်တို့ သည် ကိုးကွယ်ဝတ်ပြုခြင်းအမှု၌ဦးဆောင် ရန်အာသပ်၊ ဟေမန်နှင့်ယေဒုသုန်သားချင်း စုတို့ကိုရွေးချယ်ကြ၏။ သူတို့သည်စောင်း သံ၊ လင်းကွင်းသံများနှင့်တွဲဖက်လျက် ဘုရားသခင်၏နှုတ်ကပတ်တော်ကိုဟောပြောကြ ရန်ဖြစ်၏။ ကိုးကွယ်ဝတ်ပြုမှုကိုဦးဆောင်ရန် ရွေးချယ်ခြင်းခံသူများနှင့်သူတို့ထမ်း ဆောင်ရမည့်အလုပ်တာဝန်များမှာ အောက်ပါအတိုင်းဖြစ်၏။
ပဋိညာဉ်သေတ္တာတော်ကိုယေရုရှလင်မြို့ ရှိကိုးကွယ်ဝတ်ပြုရာဌာနတော်သို့ပြောင်း ရွှေ့ရပြီးနောက် ဒါဝိဒ်မင်းသည်ဤသူတို့ အားဗိမာန်တော်တွင်ဂီတသီဆိုတီးမှုတ် ရန်အတွက်တာဝန်ပေးအပ်တော်မူ၏။-
တည်ဆောက်သူတို့သည်ဗိမာန်တော်ကိုအုတ် မြစ်ချကြသောအခါ ယဇ်ပုရောဟိတ်တို့ သည်မိမိတို့ဝတ်လုံများကိုဝတ်၍ တံပိုး ခရာများကိုကိုင်ဆောင်ကာနေရာယူကြ၏။ အာသပ်သားချင်းစုမှလေဝိအနွယ်ဝင်တို့ ကလင်းကွင်းများကိုကိုင်ကြ၏။ သူတို့သည် ဒါဝိဒ်မင်းပေးခဲ့သည့်ညွှန်ကြားချက်အတိုင်း ထာဝရဘုရားအားထောမနာပြုကြ၏။-
ဟာရှဘိ၊ ရှေရဘိ၊ ယောရှု၊ ဗိနွိ နှင့်ကပ်မျေလတို့၏ညွှန်ကြားအုပ်ချုပ်မှုကိုခံယူကာ လေဝိအနွယ်ဝင်တို့သည်အစုများခွဲ၍တာဝန်ယူရကြ၏။ သူတို့သည်ဘုရားသခင်၏အစေခံဒါဝိဒ်ပေးအပ်သည့်ညွှန်ကြားချက်များနှင့်အညီ တစ်ကြိမ်လျှင်နှစ်စုကျအတုန့်အပြန်ဘုရားသခင်အားထောမနာပြုလျက်ကျေးဇူးတော်ကိုချီးမွမ်းရကြလေသည်။
အို ငါ့ဝိညာဉ်၊ထာဝရဘုရားအားထောမနာ ပြုလော့။ ကျေးဇူးတော်အပေါင်းကိုမမေ့မလျော့နှင့်။
ကိုယ်တော်၏အစေခံအာဗြဟံ၏အမျိုး အနွယ်တို့၊ ကိုယ်တော်ရွေးကောက်တော်မူသောယာကုပ်၏ သားမြေးတို့၊ သင်တို့သည်ကိုယ်တော်ပြတော်မူသည့် အံ့သြဖွယ်ကောင်းသောနိမိတ်လက္ခဏာတို့ ကိုလည်းကောင်း၊ ကိုယ်တော်ချမှတ်တော်မူသောတရားစီရင်ချက် တို့ကိုလည်းကောင်းအောက်မေ့သတိရကြလော့။
ဣသရေလအမျိုးသားတို့၏ဘုရားသခင် ထာဝရဘုရားအားထောမနာပြုကြ လော့။ ကိုယ်တော်အားယခုမှစ၍ကမ္ဘာအဆက်ဆက် ထောမနာပြုကြလော့။ လူအပေါင်းတို့သည်အာမင်ဟုဆိုကြစေ။ ထာဝရဘုရားအားထောမနာပြုကြ လော့။
အို ဘုရားသခင်၊ ကျွန်တော်မျိုးအားကယ်တော်မူပါ။ အို ထာဝရဘုရား၊ ယခုပင်ကျွန်တော်အားကူမတော်မူပါ။
ဣသရေလအမျိုးသားတို့၏ဘုရားတည်း ဟူသော ထာဝရဘုရားကိုထောမနာပြုကြလော့။ ကိုယ်တော်သာလျှင်ဤသို့အံ့သြဖွယ်ကောင်းသည့် အမှုတို့ကိုပြုတော်မူ၏။