ဆာလံ 72:18 - Common Language Bible18 ဣသရေလအမျိုးသားတို့၏ဘုရားတည်း ဟူသော ထာဝရဘုရားကိုထောမနာပြုကြလော့။ ကိုယ်တော်သာလျှင်ဤသို့အံ့သြဖွယ်ကောင်းသည့် အမှုတို့ကိုပြုတော်မူ၏။ အခန်းကိုကြည့်ပါ။Garrad Bible18 အံ့ ဖွယ် ရာ များ ကို၊ တစ် ပါး တည်း သာ လျှင် စီ ရင် တော် မူ သော ထာ ဝ ရ အ ရှင် ဘု ရား သ ခင်၊ ဣ သ ရေ လ လူ မျိုး ၏ ဘု ရား သခင် သည်၊ မင်္ဂ လာ ရှိ တော် မူ ပါ စေ သော။ အခန်းကိုကြည့်ပါ။Judson Bible18 အံ့ဖွယ်သော အမှုတို့ကို တစ်ပါးတည်းသာစီရင်တော်မူသော ထာဝရအရှင်ဘုရားသခင်၊ ဣသရေလအမျိုး၏ ဘုရားသခင်သည် မင်္ဂလာရှိတော်မူစေသတည်း။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း18 အံ့ဖွယ်သောအမှုတို့ကို တစ်ပါးတည်းသာပြုတော်မူသော အစ္စရေးလူမျိုးတို့၏ဘုရားသခင်တည်းဟူသော ဘုရားသခင် ထာဝရဘုရားသည် မင်္ဂလာရှိပါစေသော။ အခန်းကိုကြည့်ပါ။ |
ထိုနောက်ဒါဝိဒ်သည်လူတို့အား``သင်တို့၏ ဘုရားသခင်ထာဝရဘုရားကိုထောမနာ ပြုကြလော့'' ဟုအမိန့်ပေးတော်မူ၏။ ထို အခါလူထုတစ်ရပ်လုံးသည် မိမိတို့၏ ဘိုးဘေးများ၏ဘုရားသခင်ဖြစ်တော် မူသောထာဝရဘုရားကိုထောမနာ ပြုကြကုန်၏။ သူတို့သည်ထာဝရဘုရား ၏ရှေ့တော်နှင့်မိမိတို့၏ဘုရင့်ရှေ့တော် တွင်ဦးညွှတ်ပျပ်ဝပ်ကြကုန်၏။