ဆာလံ 103:2 - Common Language Bible2 အို ငါ့ဝိညာဉ်၊ထာဝရဘုရားအားထောမနာ ပြုလော့။ ကျေးဇူးတော်အပေါင်းကိုမမေ့မလျော့နှင့်။ အခန်းကိုကြည့်ပါ။Garrad Bible2 အို ငါ့ အ သက် ဝိ ညာဉ်၊ ကျေး ဇူး တော် အ ပေါင်း ကို မ မေ့ ဘဲ၊ ထာ ဝ ရ ဘု ရား ကို ဩ ဘာ ဆက် လော့။ အခန်းကိုကြည့်ပါ။Judson Bible2 အို ငါ့ဝိညာဉ်၊ ထာဝရဘုရားကို ကောင်းချီးပေးလော့။ ကျေးဇူးတော်အပေါင်းကို မမေ့လျော့နှင့်။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း2 အို ငါ့စိတ်ဝိညာဉ်၊ ထာဝရဘုရားကို ကောင်းချီးထောမနာပြုလော့။ ကိုယ်တော်၏ကျေးဇူးတော်အပေါင်းကို မမေ့လျော့နှင့်။ အခန်းကိုကြည့်ပါ။ |
ကိုယ်တော်၏အစေခံအာဗြဟံ၏အမျိုး အနွယ်တို့၊ ကိုယ်တော်ရွေးကောက်တော်မူသောယာကုပ်၏ သားမြေးတို့၊ သင်တို့သည်ကိုယ်တော်ပြတော်မူသည့် အံ့သြဖွယ်ကောင်းသောနိမိတ်လက္ခဏာတို့ ကိုလည်းကောင်း၊ ကိုယ်တော်ချမှတ်တော်မူသောတရားစီရင်ချက် တို့ကိုလည်းကောင်းအောက်မေ့သတိရကြလော့။
ဧဒုံပြည်၊ ဗောဇရမြို့မှလာသောသူကား အဘယ်သူနည်း။ လှပတင့်တယ်စွာနီမြန်း သောအဝတ်ကိုဝတ်ဆင်ထားလျက်ခွန်အား စွမ်းရည်အပြည့်အဝနှင့်ချီတက်လာသူ ကားအဘယ်သူနည်း။ ထိုသူသည်မိမိ၏အောင်ပွဲကိုကြေညာ ရန်ကြွလာသည့်အရှင်၊ ကယ်တင်ပိုင်သော တန်ခိုးတော်အရှင်ထာဝရဘုရားပေ တည်း။
ငါသည်ထာဝရဘုရား၏ပျက်ကွက်ခြင်း မရှိသော မေတ္တာတော်အကြောင်းကိုဖော်ပြမည်။ ငါတို့အဖို့ပြုတော်မူခဲ့သောအမှုတော် အပေါင်း အတွက်ကိုယ်တော်အားထောမနာပြုမည်။ ကိုယ်တော်သည်မိမိ၏မေတ္တာ ကရုဏာတော်ကိုထောက်၍ ဣသရေလအမျိုးသားတို့အားကောင်းချီး မင်္ဂလာ ကြွယ်ဝစွာချပေးတော်မူပြီ။