ထာဝရဘုရားသည်ကမ္ဘာလောကကိုအုပ်စိုး ရန် ကြွလာတော်မူသောအခါ၊ တောများရှိသစ်ပင်တို့သည်ရွှင်လန်းစွာ ကြွေးကြော်ကြလိမ့်မည်။
၁ ရာချုပ် 16:34 - Common Language Bible ထာဝရဘုရားသည်ကောင်းမြတ်တော်မူသည် ဖြစ်၍ ကျေးဇူးတော်ကိုချီးမွမ်းကြလော့။ ကိုယ်တော်၏မေတ္တာတော်သည်ထာဝစဉ် တည်တော်မူ၏။ Garrad Bible ထာ ဝ ရ ဘု ရား သည် ကောင်း မြတ် တော် မူ၍ ကာ လ အ စဉ် က ရု ဏာ တော် တည် သော ကြောင့် ကျေး ဇူး တော် ကို ချီး မွမ်း ကြ လော့။ Judson Bible ထာဝရဘုရားသည် ကောင်းမြတ်တော်မူ၍၊ ကရုဏာတော်အစဉ်အမြဲ တည်သောကြောင့်၊ ဂုဏ်ကျေးဇူးတော်ကို ချီးမွမ်းကြလော့။ မြန်မာ့စံမီသမ္မာကျမ်း ထာဝရဘုရားသည် ကောင်းမြတ်တော်မူပြီး မေတ္တာကရုဏာတော်သည် အစဉ်အမြဲတည်သည်ဖြစ်၍ ကျေးဇူးတော်ကို ချီးမွမ်းကြလော့။ |
ထာဝရဘုရားသည်ကမ္ဘာလောကကိုအုပ်စိုး ရန် ကြွလာတော်မူသောအခါ၊ တောများရှိသစ်ပင်တို့သည်ရွှင်လန်းစွာ ကြွေးကြော်ကြလိမ့်မည်။
ထာဝရဘုရား၏မေတ္တာတော်သည်ထာဝရ တည်သည်ဖြစ်၍ ထောမနာသီချင်းများဖြင့် ကိုယ်တော်၏ဂုဏ်တော်ကိုချီးမွမ်းရန်သီးခြား သတ်မှတ်ရွေးချယ်ထားသူဟေမန်၊ ယေဒုသုန် နှင့်အခြားသူတို့သည်လည်း ထိုအရပ်တွင် ယဇ်ပုရောဟိတ်များနှင့်အတူရှိကြပေ သည်။-
မင်းကြီးသည်ပြည်သူတို့နှင့်တိုင်ပင်၍ဂီတ ပညာသည် အချို့ကိုနေ့ထူးနေ့မြတ်များတွင် ဝတ်ဆင်လေ့ရှိသည့်ဝတ်လုံများကိုဝတ်စေ၍ တပ်မတော်ရှေ့ကချီတက်စေပြီးလျှင်``ထာဝရ ဘုရားအားထောမနာပြုကြလော့။ ကိုယ်တော် ၏မေတ္တာတော်သည် ထာဝစဉ်တည်၏'' ဟုသီဆို ကြစေရန်အမိန့်ပေးတော်မူ၏။
ဣသရေလအမျိုးသားတို့သည်မိုးကောင်းကင် မှမီးလျှံကျလာ၍ ဗိမာန်တော်သည်တောက်ပ သောဘုန်းအသရေတော်ဖြင့်ပြည့်လာသည် ကိုမြင်သောအခါကြမ်းပြင်ပေါ်တွင်ပျပ်ဝပ် ရှိခိုးလျက်``ကိုယ်တော်သည်ကောင်းမြတ်တော် မူ၍မေတ္တာတော်သည်ထာဝစဉ်တည်၏'' ဟု ထာဝရဘုရားအားထောမနာပြုကြ၏။-
သူတို့က၊ ``ထာဝရဘုရားသည်ကောင်းမြတ်တော်မူ၍ ဣသရေလအမျိုးသားတို့အတွက် ထားရှိတော်မူသောမေတ္တာတော်သည် ထာဝစဉ်တည်ပါ၏'' ဟူသောသီချင်းကိုထပ်ကာထပ်ကာသီဆို၍ ထာဝရဘုရားအားထောမနာပြုကြ၏။ ဗိမာန်တော်အုတ်မြစ်ကိုချပြီးဖြစ်သဖြင့် လူ အပေါင်းတို့သည်ထာဝရဘုရား၏ဂုဏ် တော်ကိုဟစ်အော်ချီးမွမ်းကြကုန်၏။-
ထာဝရဘုရားသည်ကောင်းမြတ်တော်မူ၏။ ကိုယ်တော်၏မေတ္တာတော်သည် ထာဝစဉ်တည်မြဲ၍သစ္စာတော်သည် ကာလအစဉ်အဆက်တည်သတည်း။
ထာဝရဘုရား၏ကျေးဇူးတော်ကိုချီးမွမ်း ကြလော့။ ကိုယ်တော်သည်ကြီးမြတ်တော်မူကြောင်းကို ထုတ်ဖော်ကြေညာကြလော့။ ကိုယ်တော်ပြုတော်မူသောအမှုတော်တို့ကို လူမျိုးတကာတို့အားပြောကြားကြလော့။
ထာဝရဘုရားအားထောမနာပြုကြလော့။ ကိုယ်တော်သည်ကောင်းမြတ်တော်မူသည်ဖြစ်၍ ကျေးဇူးတော်ကိုချီးမွမ်းကြလော့။ ကိုယ်တော်၏မေတ္တာတော်သည်ထာဝရတည် ၏။
``ထာဝရဘုရားသည်ကောင်းမြတ်တော်မူသည် ဖြစ်၍ ကျေးဇူးတော်ကိုချီးမွမ်းကြလော့။ ကိုယ်တော်၏မေတ္တာတော်သည်ထာဝစဉ် တည်၏'' ဟု
ထာဝရဘုရားသည်ကောင်းမြတ်တော်မူ၍ မေတ္တာတော်သည်ထာဝစဉ်တည်တော်မူသဖြင့် ကိုယ်တော်၏ကျေးဇူးတော်ကိုချီးမွမ်းကြ လော့။
ဝမ်းမြောက်ရွှင်မြူးသံများနှင့်မင်္ဂလာဆောင် သတို့သားသတို့သမီးတို့၏အသံများ ကို နောက်တစ်ဖန်သင်တို့ကြားရကြလိမ့်မည်။ လူတို့သည်ကျေးဇူးတော်ချီးမွမ်းရန်ပူဇော် သကာများကို ငါ၏ဗိမာန်တော်သို့ယူဆောင် ကာသီချင်းအေးကူးကြသည့်အသံများ ကိုသင်တို့ကြားရကြလိမ့်မည်။ သူတို့က၊ `အနန္တတန်ခိုးရှင်ထာဝရဘုရား၏ ကျေးဇူးတော်ကို ချီးမွမ်းကြလော့။ အဘယ်ကြောင့်ဆိုသော်ကိုယ်တော်သည် ကောင်းမြတ်တော်မူ၍၊ မေတ္တာတော်သည်ထာဝစဉ်တည်သောကြောင့် ဖြစ်၏' ဟုမြွက်ဆိုကြလိမ့်မည်။ ငါသည်ဤပြည်ကိုရှေးကနည်းတူပြန်လည် ကောင်းစားစေမည်။ ဤကားငါထာဝရဘုရား မြွက်ဟသည့်စကားဖြစ်၏'' ဟုမိန့်တော်မူ၏။