၂ ရာချုပ် 20:21 - Common Language Bible21 မင်းကြီးသည်ပြည်သူတို့နှင့်တိုင်ပင်၍ဂီတ ပညာသည် အချို့ကိုနေ့ထူးနေ့မြတ်များတွင် ဝတ်ဆင်လေ့ရှိသည့်ဝတ်လုံများကိုဝတ်စေ၍ တပ်မတော်ရှေ့ကချီတက်စေပြီးလျှင်``ထာဝရ ဘုရားအားထောမနာပြုကြလော့။ ကိုယ်တော် ၏မေတ္တာတော်သည် ထာဝစဉ်တည်၏'' ဟုသီဆို ကြစေရန်အမိန့်ပေးတော်မူ၏။ အခန်းကိုကြည့်ပါ။Garrad Bible21 ကာ လ အ စဉ် က ရု ဏာ တော် တည် ရာ ထာ ဝ ရ ဘု ရား၏ ကျေး ဇူး တော် ကို ချီး မွမ်း ကြ လော့ ဟု ဂုဏ် တော် ကို ဖွဲ့ ဆို လျက်၊ တပ် ဦး မှ သန့် ရှင်း စွာ ဆင် ယင် ၍ ချီ သွား သူ တို့ ကို ခန့် ထား သည် နှင့် အ ညီ၊ ဂုဏ် တော် ကို ဖွဲ့ ဆို လျှင် ဆို ချင်း၊ အခန်းကိုကြည့်ပါ။Judson Bible21 လူများနှင့်တိုင်ပင်ပြီးမှ၊ ထာဝရဘုရား၏ ကရုဏာတော်သည် အစဉ်အမြဲတည်သောကြောင့်၊ ဂုဏ်ကျေးဇူးတော်ကို ချီးမွမ်းကြလော့ဟု တပ်ရှေ့မှာချီသွားလျက်၊ သန့်ရှင်းခြင်းအသရေကို ချီးမွမ်းရသော သီချင်းသည်တို့ကို ထာဝရဘုရားအဖို့ ခန့်ထားတော်မူ၏။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း21 မင်းကြီးသည် လူတို့နှင့် တိုင်ပင်ပြီးမှ တပ်ရှေ့တွင် ချီတက်၍ ထာဝရဘုရားထံ ချီးမွမ်းသီဆိုမည့်သူ၊ သန့်ရှင်းသောအသရေတော်ကို ချီးမွမ်းမည့်သူတို့ကို ခန့်ထား၍ “ထာဝရဘုရား၏မေတ္တာကရုဏာတော်သည် အစဉ်အမြဲတည်သည်ဖြစ်၍ ဂုဏ်ကျေးဇူးတော်ကို ချီးမွမ်းကြလော့”ဟု သီဆိုစေကြ၏။ အခန်းကိုကြည့်ပါ။ |
ဣသရေလအမျိုးသားတို့သည်မိုးကောင်းကင် မှမီးလျှံကျလာ၍ ဗိမာန်တော်သည်တောက်ပ သောဘုန်းအသရေတော်ဖြင့်ပြည့်လာသည် ကိုမြင်သောအခါကြမ်းပြင်ပေါ်တွင်ပျပ်ဝပ် ရှိခိုးလျက်``ကိုယ်တော်သည်ကောင်းမြတ်တော် မူ၍မေတ္တာတော်သည်ထာဝစဉ်တည်၏'' ဟု ထာဝရဘုရားအားထောမနာပြုကြ၏။-
ယဇ်ပုရောဟိတ်များသည်မိမိတို့အတွက် သတ်မှတ်ထားသည့်နေရာတွင်ရပ်လျက်နေ ကြ၏။ လေဝိအနွယ်ဝင်တို့သည်ယဇ်ပုရော ဟိတ်တို့နှင့်မျက်နှာချင်းဆိုင်ရပ်လျက် ဒါဝိဒ် မင်းပြုလုပ်ခဲ့သောတူရိယာများဖြင့် ထာဝရဘုရား၏ဂုဏ်တော်ကိုချီးမွမ်း၍ ဒါဝိဒ်မင်းစီမံခဲ့သည့်အတိုင်း``ကိုယ်တော် ၏မေတ္တာတော်သည်ထာဝစဉ်တည်၏'' ဟူ သောဋ္ဌမ္မသီချင်းကိုသီဆိုကြလေသည်။ လူအပေါင်းတို့ရပ်လျက်နေစဉ်ယဇ်ပုရော ဟိတ်တို့သည်တံပိုးခရာများကိုမှုတ်ကြ၏။
ယေရုရှလင်မြို့ရိုးကိုအနုမောဒနာပြုသောအခါလေဝိအနွယ်ဝင်တို့သည် အားရရွှင်လန်းစွာကျေးဇူးတော်ချီးမွမ်းရာသီချင်းများကိုသီဆိုလျက် လင်းကွင်းနှင့်စောင်းများကိုတီးလျက်ပါဝင်ဆင်နွှဲကြစေရန် သူတို့အားရောက်ရှိနေထိုင်လျက်ရှိသည့်အရပ်များမှခေါ်ယူခဲ့ကြ၏။
ဝမ်းမြောက်ရွှင်မြူးသံများနှင့်မင်္ဂလာဆောင် သတို့သားသတို့သမီးတို့၏အသံများ ကို နောက်တစ်ဖန်သင်တို့ကြားရကြလိမ့်မည်။ လူတို့သည်ကျေးဇူးတော်ချီးမွမ်းရန်ပူဇော် သကာများကို ငါ၏ဗိမာန်တော်သို့ယူဆောင် ကာသီချင်းအေးကူးကြသည့်အသံများ ကိုသင်တို့ကြားရကြလိမ့်မည်။ သူတို့က၊ `အနန္တတန်ခိုးရှင်ထာဝရဘုရား၏ ကျေးဇူးတော်ကို ချီးမွမ်းကြလော့။ အဘယ်ကြောင့်ဆိုသော်ကိုယ်တော်သည် ကောင်းမြတ်တော်မူ၍၊ မေတ္တာတော်သည်ထာဝစဉ်တည်သောကြောင့် ဖြစ်၏' ဟုမြွက်ဆိုကြလိမ့်မည်။ ငါသည်ဤပြည်ကိုရှေးကနည်းတူပြန်လည် ကောင်းစားစေမည်။ ဤကားငါထာဝရဘုရား မြွက်ဟသည့်စကားဖြစ်၏'' ဟုမိန့်တော်မူ၏။