၁ ရာချုပ် 16:35 - Common Language Bible35 ``ကျွန်တော်မျိုးတို့သည်ကျေးဇူးတော်ကိုချီးမွမ်း၍ ကိုယ်တော်ရှင်၏သန့်ရှင်းမြင့်မြတ်သော နာမတော်ကို ထောမနာပြုကြစေရန်ကျွန်တော်မျိုးတို့၏ ကယ်တင်ရှင်ဘုရားသခင် ကျွန်တော်မျိုးတို့ကိုကယ်တင်တော်မူပါ။ ကျွန်တော်မျိုးတို့ကိုစုရုံး၍ကျွန်တော်မျိုးတို့အား လူမျိုးတကာတို့၏လက်မှကယ်တော်မူပါ'' ဟု ကိုယ်တော်အားမြွက်ဆိုကြလော့။ အခန်းကိုကြည့်ပါ။Garrad Bible35 ကယ် တင် တော် မူ သော အို ဘု ရား သ ခင်၊ သန့် ရှင်း သော နာ မ တော် ၏ ကျေး ဇူး တော် ကို ချီး မွမ်း ၍ ထော မ နာ ပြု ခြင်း၌ ဂုဏ် ရောက် ရ ကြ မည့် အ ကြောင်း အ ကျွန်ုပ် တို့ ကို ကယ် လျက် လူ မျိုး ခြား တို့ ဘောင် မှ စု သိမ်း လွှတ် ထား တော် မူ ပါ ဟု တောင်း လျှောက် ကြ လော့။ အခန်းကိုကြည့်ပါ။Judson Bible35 အကျွန်ုပ်တို့ကို ကယ်တင်တော်မူသောဘုရား၊ အကျွန်ုပ်တို့သည် သန့်ရှင်းသောနာမတော် ဂုဏ်ကျေးဇူးကိုဝန်ခံ၍ ကျေးဇူးတော်ကို ချီးမွမ်းခြင်း၌ ဝါကြွားဝမ်းမြောက်မည်အကြောင်း အကျွန်ုပ်တို့ကို ကယ်တင်တော်မူပါ။ တစ်ပါးအမျိုးသားထဲကနုတ်၍ စုဝေးစေတော်မူပါဟု မြွက်ဆိုကြလော့။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း35 “အကျွန်ုပ်တို့၏ကယ်တင်ရှင်၊ အကျွန်ုပ်တို့၏ဘုရားသခင်၊ အကျွန်ုပ်တို့ကို ကယ်တင်တော်မူပါ။ သန့်ရှင်းသောနာမတော်ကို ချီးမွမ်း၍ ဂုဏ်ကျေးဇူးတော်ကို ထောမနာပြုနိုင်ရန် လူမျိုးတကာတို့ထံမှ အကျွန်ုပ်တို့ကို စုစည်း၍ကယ်နုတ်တော်မူပါ”ဟု တောင်းလျှောက်ကြလော့။ အခန်းကိုကြည့်ပါ။ |
ဣသရေလအမျိုးသားတို့ကိုကယ်တင်ခြင်း ကျေးဇူးတော်သည်ဇိအုန်တောင်တော်မှ ထွက်ပေါ်လာစေရန်ငါသည်စိတ်အားထက်သန်စွာ ဆုတောင်းပတ္ထနာပြုပါ၏။ ဘုရားသခင်သည်ဣသရေလအမျိုးသားတို့ အား တစ်ဖန်ပြန်လည်၍ကောင်းစားစေတော်မူသော အခါ သူတို့သည်လွန်စွာဝမ်းမြောက်ကြလိမ့်မည်။
သင်တို့သည်သက်ရှိကျောက်များအဖြစ် ကိုယ်တော်ထံသို့လာ၍ ဗိမာန်တော်တည် ဆောက်ရေးတွင်ပါဝင်အသုံးခံကြလော့။ ထိုဝိညာဉ်ဗိမာန်တော်တွင်သင်တို့သည် ဘုရားသခင်နှစ်သက်တော်မူသောဝိညာဉ် ယဇ်ကိုသခင်ယေရှုခရစ်အားဖြင့် ပူဇော် သောသန့်ရှင်းမြင့်မြတ်သည့်ယဇ်ပုရော ဟိတ်အနွယ်ဝင်များဖြစ်ကြလိမ့်မည်။-
သို့ရာတွင်သင်တို့သည်အရွေးခံလူမျိုးဖြစ် ၏။ တော်ဝင်ယဇ်ပုရောဟိတ်များ၊ သန့်ရှင်းမြင့် မြတ်သည့်လူမျိုး၊ ဘုရားသခင်ပိုင်တော်မူ သောလူမျိုးဖြစ်ကြ၏။ ယင်းသို့ရွေးချယ်တော် မူခြင်းခံရသည်မှာ ဘုရားသခင်ပြုတော် မူသောအံ့ဖွယ်ကောင်းသည့်အမှုအရာများ ကိုဖော်ပြကြေညာနိုင်စေခြင်း၊ ဘုရားသခင် သည်သင်တို့အားအမှောင်ထဲမှအံ့ဖွယ်ရာ အလင်းထဲသို့ခေါ်ယူတော်မူပေသည်။-