``အံ့သြနှစ်သက်ဖွယ်ကောင်းသောရှောလုနှင့် ယောနသန်တို့သည်ရှင်အတူသေမကွဲ လင်းယုန်ငှက်ထက်လျင်မြန်၍ခြင်္သေ့ထက် ခွန်အားကြီးကြပါသည်တကား။
၁ ရာချုပ် 12:8 - Common Language Bible ဒါဝိဒ်သည်သဲကန္တာရရဲတိုက်တွင်ရှိနေစဉ် အခါ သူ၏တပ်မတော်သို့ဝင်ရောက်လာကြ သူနာမည်ကျော်စစ်ရည်ဝသူရဲတို့မှာအောက် ပါအတိုင်းဖြစ်၏။ ထိုသူတို့သည်ခြင်္သေ့ကဲ့ သို့ကြောက်မက်ဖွယ်သဏ္ဌာန်ကိုဆောင်လျက် ဒိုင်းလွှားအတတ်၊ လှံအတတ်တို့တွင်အထူး ကျွမ်းကျင်သူများဖြစ်ကြ၏။ တောင်ပေါ် ဒရယ်ကဲ့သို့လည်းလျင်မြန်ဖြတ်လတ် ကြ၏။- Judson Bible ထိုမှတစ်ပါး၊ ဒါဝိဒ်ရှိရာ တောရဲတိုက်သို့ ထွက်သွားသောသူ၊ ခွန်အားကြီး၍ ဒိုင်းလွှားဆောင်လျက် စစ်တိုက်ခြင်းငှာ တတ်စွမ်းနိုင်သောသူ၊ ခြင်္သေ့ကဲ့သို့ မျက်နှာရဲ၍ တောင်ပေါ်မှာ ဒရယ်ကဲ့သို့ လျင်မြန်သောသူ ဂဒ်အမျိုးသားဟူမူကား၊ မြန်မာ့စံမီသမ္မာကျမ်း ဂဒ်အမျိုးအချို့တို့သည် တောကန္တာရရှိ ဒါဝိဒ်ခိုလှုံရာနေရာသို့ လာရောက်ပူးပေါင်းကြ၏။ သူတို့သည် ဒိုင်းလွှား၊ လှံတို့ကို ကိုင်ဆောင်နိုင်ပြီး ရဲစွမ်းသတ္တိရှိ၍ စစ်ရေးလေ့ကျင့်ထားသောသူများ၊ ခြင်္သေ့ကဲ့သို့ရဲရင့်သောမျက်နှာရှိ၍ တောင်ပေါ်သမင်ကဲ့သို့ လျင်မြန်သူများ ဖြစ်ကြ၏။ |
``အံ့သြနှစ်သက်ဖွယ်ကောင်းသောရှောလုနှင့် ယောနသန်တို့သည်ရှင်အတူသေမကွဲ လင်းယုန်ငှက်ထက်လျင်မြန်၍ခြင်္သေ့ထက် ခွန်အားကြီးကြပါသည်တကား။
ထိုအခါခြင်္သေ့ကဲ့သို့ကြောက်စိတ်ကင်း၍ ရဲစွမ်းသတ္တိအရှိဆုံးသောသူများပင်လျှင် ထိတ်လန့်သွားကြပါလိမ့်မည်။ အဘယ်ကြောင့် ဆိုသော်အရှင့်ခမည်းတော်သည်သူရဲကောင်း ကြီးတစ်ယောက်ဖြစ်၍ သူ၏စစ်သည်တော် တို့သည်လည်းစစ်ရည်ဝသူများဖြစ်သည် ကို ဣသရေလအမျိုးသားတစ်ရပ်လုံးသိ ကြသောကြောင့်ဖြစ်ပါ၏။-
ဇေရုယာ၏သားသုံးယောက်ဖြစ်ကြသောယွာဘ၊ အဘိရှဲနှင့်အာသဟေလတို့သည်တိုက်ပွဲတွင် ပါဝင်ကြ၏။ အာသဟေလသည်ဒရယ်ကဲ့သို့ လျင်မြန်စွာပြေးနိုင်၏။ သူသည်အာဗနာအား တသမတ်တည်းလိုက်လျက်နေ၏။-
ကပ်ဇေလမြို့မှယောယဒ၏သားဗေ နာယသည်နာမည်ကျော်သူရဲကောင်းတစ်ဦး ဖြစ်၏။ သူသည်ရဲဝံ့စွန့်စားရသောအမှု များကိုပြုခဲ့၏။ သူသည်အလွန်ကြီးမား သောမောဘစစ်သူရဲနှစ်ယောက်ကိုသတ် ခဲ့၏။ အလွန်ချမ်းဧသောဆောင်းနေ့တစ်နေ့ ၌သားရဲတွင်းတစ်ခုသို့ဝင်၍ခြင်္သေ့တစ် ကောင်ကိုသတ်ခဲ့၏။-
ထိုအချိန်၌ဒါဝိဒ်သည်အခိုင်အမာခံ တပ်တည်ထားသောတောင်ကုန်းတစ်ခုပေါ် တွင်ရှိ၍ ဖိလိတ္တိအမျိုးသားတစ်စုကလည်း ဗက်လင်မြို့ကိုဝင်ရောက်သိမ်းပိုက်၍ထား ကြ၏။-
ကပ်ဇေလမြို့မှယောယဒ၏သားဗေနာယ သည် နာမည်ကျော်စစ်သူရဲတစ်ဦးဖြစ်၏။ သူ သည်ရဲဝံ့စွန့်စားမှုအမြောက်အများကို ပြုခဲ့၏။ ယင်းအမှုတို့တွင်အလွန်ကြီးမား သောမောဘအမျိုးသားနှစ်ယောက်ကိုသတ် သောကိစ္စလည်းပါ၏။ အခါတစ်ပါးကသူ သည်မိုးပွင့်ကျသည့်နေ့တစ်နေ့၌သားရဲ တွင်းတစ်ခုသို့ဝင်၍ခြင်္သေ့တစ်ကောင်ကို သတ်ခဲ့၏။-
အခါတစ်ပါး၌ဗင်္ယာမိန်နှင့်ယုဒအနွယ် ဝင်တို့မှ လူအချို့တို့သည်ဒါဝိဒ်မင်းရှိရာ ရဲတိုက်သို့လာသောအခါ၊-
ရာထူးကြီးငယ်အလိုက်သူတို့၏နာမည် များမှာဧဇာ၊ သြဗဒိ၊ ဧလျာဘ၊ မိရှမန္န၊ ယေရမိ၊ အတ္တဲ၊ ဧလျေလ၊ ယောဟနန်၊ ဧလ ဇာဗဒ်၊ ယေရမိ၊ မာခဗာနဲဟူ၍ဖြစ်သတည်း။
အာမဇိသည်ယုဒနှင့်ဗင်္ယာမိန်အနွယ်ဝင် အပေါင်းတို့အား မိမိတို့သားချင်းစုများ အလိုက်တပ်စုများဖွဲ့၍ လူတစ်ထောင်တပ်မှူး နှင့်လူတစ်ရာတပ်မှူးများကိုခန့်ထားတော် မူ၏။ ထိုတပ်သားများသည်အသက်နှစ်ဆယ် နှင့်အထက်ရှိသူများဖြစ်၍ စုစုပေါင်းသုံး သိန်းရှိလေသည်။ သူတို့သည်လှံနှင့်ဒိုင်းလွှား ကိုင်ဆောင်မှုတွင်ကျွမ်းကျင်၍စစ်ပွဲဝင်ရန် အသင့်ရှိသူလက်ရွေးစင်တပ်သားများ ဖြစ်ကြသတည်း။-
လိုက်သောသူမရှိသော်လည်း၊ မတရားသောသူ သည် ပြေးတတ်၏။ ဖြောင့်မတ်သောသူမူကား၊ ခြင်္သေ့ကဲ့ သို့ ရဲရင့်တတ်၏။
ငါသည် ရှောက်ချိုပင်အောက်မှာ သင့်ကို နိုးဆော်ခဲ့ပြီ။ ထိုအရပ်၌ သင်၏မိခင်သည် သင့်ကို ပေးစားခဲ့ပြီ။ ထိုအရပ်၌ သင့်ကို ဘွားမြင်သောသူသည် သင့်ကို ပေးစားခဲ့ပြီ။ ရှောလမုန်မင်းကြီးသည် ခရစ်တော်နှင့်အသင်းတော်၏ မေတ္တာကိုကြောင်းပြု၍ စီရင်ရေးထားသော သီချင်းစာပြီး၏။
မြင်းများတို့တက်ကြလော့။ ရထားများတို့၊အပြင်းနှင်ကြလော့။ ဒိုင်းလွှားကိုင်ဆောင်သူဆူဒန်ပြည်သားနှင့် လစ်ဗျားပြည်သားတို့လုဒပြည်သားလေး သည်တော် အစရှိသည့် စစ်သည်တော်တို့ထွက်သွားကြလော့' ဟုဆို၏'' ဟူ၍ ထာဝရဘုရားမိန့်တော်မူ၏။
ဒါဝိဒ်သည်ဇိဖတောကန္တာရရှိတောင်ထူ ထပ်သောအရပ်တွင်ပုန်းအောင်းလျက်နေ၏။ ရှောလုသည်သူ့အားအချိန်ရှိသမျှကြိုး စား၍ရှာဖွေသော်လည်း ဘုရားသခင်သည် ဒါဝိဒ်အားရှောလု၏လက်သို့ပေးအပ်တော် မမူ။-
ဒါဝိဒ်သည်ထိုနေရာမှထွက်ခွာ၍ အင်္ဂေဒိ ဒေသသို့သွားရောက်ပုန်းအောင်းလျက်နေ လေသည်။
ဒါဝိဒ်သည်ကတိပြုလေ၏။ ထိုနောက်ရှောလုသည်မိမိ၏နန်းတော်သို့ ပြန်၍ ဒါဝိဒ်နှင့်အပေါင်းပါတို့သည်မိမိ တို့ပုန်းအောင်းရာအရပ်သို့ထွက်သွားကြ၏။