သို့ရာတွင်ဝါရှတိသည်ဘုရင့်အမိန့်တော် ကိုဖီဆန်၍ ရှေ့တော်သို့မဝင်ဘဲနေသဖြင့် မင်းကြီးသည်အမျက်ဒေါသခြောင်းခြောင်း ထွက်တော်မူလေသည်။
ဧသတာ 7:7 - Common Language Bible မင်းကြီးသည်အမျက်ထွက်၍ညစာစား ပွဲမှထပြီးလျှင်ဥယျာဉ်တော်သို့ကြွတော် မူ၏။ ဟာမန်သည်ဤအမှုကိစ္စအတွက် မိမိအားဧကန်မုချမင်းကြီးအပြစ်ပေး တော်မူမည်ကိုသိသဖြင့် မိမိ၏အသက် ကိုချမ်းသာပေးပါမည့်အကြောင်း ဧသတာအားအသနားခံရန်နေ ရစ်ခဲ့၏။- Garrad Bible ထို အ ခါ၊ ဘု ရင် မင်း အ မျက် ထွက်၍၊ စ ပျစ် ရည် ပွဲ တော် မှ ဥ ယျာဉ် တော် သို့ ထ သွား ရာ တွင်၊ ဘု ရင် မင်း ပြစ် ဒဏ် စီ ရင် မည် ကို ရိပ် မိ သော ဟာ မန် သည်၊ မိ ဖု ရား ဧ သ တာ ထံ အ သက် ချမ်း သာ ခွင့် တောင်း ရန် ထ ပြီး လျှင်၊ Judson Bible ထိုအခါ ရှင်ဘုရင်သည် အမျက်ထွက်သဖြင့်၊ စပျစ်ရည် သောက်ပွဲမှ ထ၍ ဥယျာဉ်တော်သို့ သွားတော်မူ၏။ အပြစ်ပေးတော်မူမည်ဟု ဟာမန်သည်ရိပ်မိ၍ အသက်ချမ်းသာရမည်အကြောင်း မိဖုရားဧသတာရှေ့မှာ တောင်းပန်ခြင်းငှာ ထ၏။ မြန်မာ့စံမီသမ္မာကျမ်း ရှင်ဘုရင်သည် ဒေါသတကြီးနှင့် စပျစ်ဝိုင်သောက်ရာမှထ၍ နန်းတော်ဥယျာဉ်ဘက်သို့ ထွက်သွားလေ၏။ ဟာမန်မူကား ရှင်ဘုရင်သည် မိမိအား ကျိန်းသေအပြစ်ဒဏ်ပေးတော့မည်ကို သိသဖြင့် မိမိကိုအသက်ချမ်းသာပေးမည့်အကြောင်း မိဖုရားဧသတာရှေ့တွင်ရပ်လျက် တောင်းပန်လေ၏။ |
သို့ရာတွင်ဝါရှတိသည်ဘုရင့်အမိန့်တော် ကိုဖီဆန်၍ ရှေ့တော်သို့မဝင်ဘဲနေသဖြင့် မင်းကြီးသည်အမျက်ဒေါသခြောင်းခြောင်း ထွက်တော်မူလေသည်။
ထိုနောက်မင်းကြီးသည်ဆင်းရဲချမ်းသာမရွေး၊ ရှုရှန်မြို့တော်သူမြို့တော်သားအပေါင်းတို့ အား စားသောက်ပွဲကြီးကိုတည်ခင်းကျွေးမွေး တော်မူ၏။ ထိုစားသောက်ပွဲကြီးကိုဘုရင့် နန်းတော်ဥယျာဉ်အတွင်း၌ ခုနစ်ရက်ပတ် လုံးကျင်းပတော်မူ၏။-
သို့ဖြစ်၍ဟာမန်သည်မော်ဒကဲအတွက် မိမိစိုက်ထူထားသည့်လည်ဆွဲတိုင်၌ပင် ကွပ်မျက်ခြင်းခံရလေတော့၏။ ထိုနောက် မှမင်းကြီးသည်အမျက်တော်ပြေသွား လေသည်။
သူယုတ်မာတို့သည်ဤအခြင်းအရာကို မြင်သောအခါဒေါသထွက်၍အံသွားခဲ ကြိတ်လျက် ပျောက်ကွယ်သွားကြလိမ့်မည်။ သူတို့၏အလိုဆန္ဒသည်ပျက်ပြားရလိမ့်မည်။
လူဆိုးတို့သည် သူတော်ကောင်းရှေ့၌၎င်း၊ မတရားသောသူတို့သည် ဖြောင့်မတ်သောသူ၏ အိမ် တံခါးဝ၌၎င်း ဦးချတတ်ကြ၏။
ပညာရှိသော အကျွန်အားရှင်ဘုရင်သည် ကျေးဇူးပြုတတ်၏။ အရှက်ခွဲတတ်သော ကျွန်မူကား၊ အမျက်တော်ကို ခံရမည်။
ရှင်ဘုရင်၏ အမျက်သည် သေမင်းတမန်ကဲ့သို့ ဖြစ်၏။ သို့သော်လည်း၊ ပညာရှိသောသူသည် အမျက် တော်ကို ဖြေတတ်၏။
ရှင်ဘုရင်၏အမျက်တော်သည် ခြင်္သေ့ဟောက် သကဲ့သို့ဖြစ်၏။ ကျေးဇူးတော်မူကား၊ မြက်ပေါ်မှာ ကျသော နှင်းရည်ကဲ့သို့ ဖြစ်၏။
သင်တို့ကိုနှိပ်စက်ညှဉ်းဆဲသူတို့၏ သားမြေးများသည်သင့်ထံလာရောက်၍ ဦးညွှတ် အလေးပြုကြလိမ့်မည်။ အခါတစ်ပါးကသင့်အားမထီမဲ့မြင် ပြုသူအပေါင်းတို့သည်သင်၏ခြေရင်း၌ ပျပ်ဝပ် ရှိခိုးကြလိမ့်မည်။ သူတို့သည်သင့်အား`ထာဝရဘုရား၏မြို့တော်' ဟူ၍လည်းကောင်း၊ `ဣသရေလအမျိုးသားတို့၏ သန့်ရှင်းမြင့်မြတ်သည့်မြို့တော်ဇိအုန်' ဟူ၍လည်းကောင်းခေါ်ဝေါ်သမုတ်ကြလိမ့် မည်။
ထိုအခါနေဗုခဒ်နေဇာသည်မိမိစိတ်ကို မချုပ်တည်းနိုင်တော့ဘဲ ရှာဒရက်၊ မေရှက်နှင့် အဗေဒနေဂေါတို့အပေါ်တွင်အမျက်ထွက် ကာမျက်နှာနီမြန်း၍လာတော်မူ၏။ ထို ကြောင့်မင်းကြီးသည်မီးဖိုကြီးကိုခုနစ်ဆ မျှပို၍ပူအောင်မီးထိုးစေတော်မူပြီးလျှင်၊-
နားထောင်လော့။ မိမိတို့ကိုယ်ကိုယုဒအမျိုး သားများဟုလိမ်လည်ပြောဆိုနေသူစာတန် ၏အဖွဲ့ဝင်တို့အား သင်၏ခြေရင်းသို့လာ ရောက်ပျပ်ဝပ်စေမည်။ သင့်အားငါချစ်ကြောင်း ကိုသူတို့သိကြလိမ့်မည်။-
အကယ်၍မင်းကြီးက`ကောင်းပြီ' ဟုဆိုပါ ကကျွန်ုပ်အသက်ချမ်းသာခွင့်ရပါလိမ့်မည်။ သို့ရာတွင်အကယ်၍အမျက်တော်ထွက်လျှင် မူကားမင်းကြီးသည် ကျွန်ုပ်အားဘေးအန္တရာယ် ပြုရန်အကြံရှိကြောင်းသင်သိရှိနိုင်ပါ လိမ့်မည်။-
ယောနသန်က``ထိုသို့မစဉ်းစားပါနှင့်။ အကယ်၍ကျွန်ုပ်၏ခမည်းတော်သည်သင့် အားဘေးအန္တရာယ်ပြုရန် စိတ်ပိုင်းဖြတ် ထားသည်ကိုကျွန်ုပ်သိပါမူသင့်ကို မပြောဘဲနေမည်လော'' ဟုဆို၏။
ဤအမှုကိုဆင်ခြင်စဉ်းစား၍အဘယ်သို့ ပြုသင့်သည်ကိုဆုံးဖြတ်ပါလော့။ ဤကိစ္စ သည်ကျွန်တော်တို့၏သခင်နှင့်အိမ်ထောင်စု တစ်ခုလုံးကိုဘေးဥပဒ်ပေးနိုင်ပါသည်။ ကျွန်တော်တို့၏သခင်သည်စိတ်သဘော ထားသေးသိမ်သူဖြစ်၍ အဘယ်သူ၏ စကားကိုမျှနားထောင်လိမ့်မည်မဟုတ် ပါ'' ဟုဆို၏။