ဧသတာ 1:12 - Common Language Bible12 သို့ရာတွင်ဝါရှတိသည်ဘုရင့်အမိန့်တော် ကိုဖီဆန်၍ ရှေ့တော်သို့မဝင်ဘဲနေသဖြင့် မင်းကြီးသည်အမျက်ဒေါသခြောင်းခြောင်း ထွက်တော်မူလေသည်။ အခန်းကိုကြည့်ပါ။Garrad Bible12 မိ ဖု ရား သည် မိန်း မ စိုး တို့ ပြန် ကြား သော အ မိန့် တော် ကို ဖီ ဆန်၍ မ လာ သည့် အ တွက်၊ ဘု ရင် မင်း ဒေါ သ အ မျက် ခြောင်း ခြောင်း ထွက် လေ ၏။ အခန်းကိုကြည့်ပါ။Judson Bible12 သို့ရာတွင် မိန်းမစိုးဆင့်ဆိုသော အမိန့်တော်ကို၊ မိဖုရားသည် ငြင်းဆန်၍ မလာဘဲနေ၏။ ထိုကြောင့် ရှင်ဘုရင်သည် အမျက်ထွက်၍၊ ဒေါသမီးလောင်လျက် နေတော်မူ၏။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း12 သို့သော် မိဖုရားဝါရှတိသည် မိန်းမစိုးတို့မှတစ်ဆင့်မိန့်မှာလိုက်သည့် ရှင်ဘုရင်အမိန့်ကိုငြင်းဆန်ပြီး မလာဘဲနေ၏။ ထို့ကြောင့် ရှင်ဘုရင်သည် အမျက်ထွက်၍ ဒေါသမီးတောက်လောင်လေ၏။ အခန်းကိုကြည့်ပါ။ |
ဘုရင်တို့မည်သည် ငြိမ်ဝပ်ပိပြားရေးဆိုင် ရာပြဿနာများနှင့်ပတ်သက်၍ တရား ဥပဒေသကျွမ်းကျင်သူတို့၏အကြံ ဉာဏ်ကိုတောင်းခံကြစမြဲဖြစ်သည်နှင့် အညီ မင်းကြီးသည်ဤအမှုကိစ္စတွင် အဘယ်သို့ဆောင်ရွက်သင့်သည်ကိုမေး မြန်းရန်အကြံပေးအရာရှိများကို ခေါ်ယူတော်မူ၏။-
ကိုယ်တော်အမျက်ထွက်တော်မူသောအခါ အဘယ်သူသည်ခံရပ်နိုင်ပါမည်နည်း။ ကိုယ်တော်၏ကြောက်မက်ဖွယ်ရာအမျက်တော် အရှိန်ကိုအဘယ်သူခံရပ်နိုင်ပါမည်နည်း။ ကိုယ်တော်သည်မီးလျှံထသောအမျက်တော်ကို သွန်းလောင်းတော်မူသဖြင့်၊ ရှေ့တော်၌ကျောက်တို့သည်ကြေမွကာ အမှုန့်ဖြစ်၍သွားကုန်၏။
ထိုနည်းတူစွာဇနီးတို့၊ သင်တို့ခင်ပွန်းများ ၏အုပ်စိုးခြင်းကိုဝန်ခံကြလော့။ ဤနည်းအား ဖြင့်သင်တို့တွင်ဘုရားသခင်၏နှုတ်ကပတ်တော် ကိုမယုံကြည်သူခင်ပွန်းများရှိပါမူ သင်တို့ ၏အကျင့်အကြံအပြုအမူကသူတို့အား ယုံကြည်လာစေလိမ့်မည်။ သင်တို့နှုတ်ဖြင့်ပြော ရန်ပင်မလိုပေ။-