ထိုအခါနန်းတွင်းအစေခံများက``ဟာမန် ရှိပါသည်။ သူသည်ရှေ့တော်သို့ဝင်ရန်စောင့် နေပါသည်'' ဟုလျှောက်ကြ၏။ မင်းကြီးက``သူ့အားဝင်စေ'' ဟုမိန့်တော်မူ၏။
ကျေး ကျွန် သင်း ပင်း တို့ က၊ ဟာ မန် သည်၊ နန်း မြို့ ရိုး အ တွင်း စောင့် နေ ပါ သည် ဟု တင် လျှောက် ကြ ရာ၊ ဝင် စေ ဟူ သော အ မိန့် တော် အ တိုင်း ဟာ မန် ဝင် လျှင်၊
ရှင်ဘုရင်၏ ကျွန်တို့က၊ ဟာမန်သည် တံတိုင်းတော်တွင်း၌ရှိပါ၏ဟု လျှောက်ကြသော်၊ အထဲသို့ဝင်စေဟု မိန့်တော်မူ၏။
မင်းလုလင်တို့က “ကြည့်ရှုတော်မူပါ။ နန်းတော်ဝင်းထဲတွင် ဟာမန်ရပ်လျက်နေပါ၏”ဟု လျှောက်လျှင် ရှင်ဘုရင်က “အထဲသို့ဝင်စေ”ဟု မိန့်ဆို၏။
မင်းကြီးကလည်း``နန်းတော်တွင်း၌ငါ၏ မှူးမတ်တစ်စုံတစ်ယောက်ရှိပါသလော'' ဟု မေးတော်မူ၏။ ထိုအချိန်၌ဟာမန်သည်နန်းတော်တွင်းသို့ ဝင်ရောက်လာ၏။ သူသည်မိမိစိုက်ထူခဲ့သည့် လည်ဆွဲတိုင်တွင် မော်ဒကဲအားကွပ်မျက်ရန် မင်းကြီးထံခွင့်ပန်မည်အကြံနှင့်ရောက်ရှိ လာခြင်းဖြစ်၏။-
ထို့ကြောင့်ဟာမန်သည်ရှေ့တော်သို့ဝင်ရောက် လာလေသည်။ ထိုအခါမင်းကြီးကသူ့အား``ငါ ဂုဏ်ပြုချီးမြှင့်လိုသူတစ်ယောက်ရှိသည်။ ထို သူကိုအဘယ်သို့ဂုဏ်ပြုချီးမြှင့်ရပါမည် နည်း'' ဟုမေးတော်မူ၏။ ဟာမန်သည်``အဘယ်သူအားမင်းကြီးဂုဏ်ပြု ချီးမြှင့်လိုပါလိမ့်မည်နည်း။ ငါ့ကိုသာလျှင် ဖြစ်တန်ရာ၏'' ဟုတွေးတောပြီးလျှင်၊-