ထာဝရဘုရားသည်သူနှင့်အတူရှိ၍သူ့ အားကောင်းချီးပေးသဖြင့် သူသည်ထောင်မှူး ထံ၌မျက်နှာသာရလေ၏။-
ဧသတာ 2:9 - Common Language Bible ဟေဂဲသည်ဧသတာအားစိတ်နှင့်တွေ့သဖြင့် မျက်နှာသာပေး၏။ နှိပ်နယ်ပေးခြင်း၊ အထူး အစားအစာကိုကျွေးခြင်းတို့ကိုအလျင် အမြန်စတင်ပြုလုပ်ပေး၏။ အပျိုတော် ဆောင်တွင်အကောင်းဆုံးနေရာထိုင်ခင်းကို ပေး၍ နန်းတွင်းသူအမျိုးသမီးခုနစ် ယောက်ကိုအထူးရွေးချယ်ကာဧသတာ ကိုလုပ်ကျွေးပြုစုစေ၏။ Garrad Bible ဧ သ တာ သည်၊ ဟေ ဂဲ စိတ် နှင့် တွေ့၍ မျက် နှာ ရ သ ဖြင့်၊ လိမ်း ကျံ ရန် နံ့ သာ အ မျိုး မျိုး မှ စ သော အ ဝတ် အ စား များ နှင့်၊ နန်း တော် ရှိ လက် ရွေး အ ပျို တော် ခု နစ် ယောက် ကို အ ဆော တ လျင် အပ် ပေး ပြီး လျှင်၊ အ ပျို တော် များ ပါ၊ မှန် နန်း ဆောင် အ မြတ် ဆုံး နေ ရာ တွင် ထား၏။ Judson Bible ဧသတာသည် ဟေဂဲစိတ်နှင့်တွေ့၍ မျက်နှာရသဖြင့်၊ ဟေဂဲသည် စင်ကြယ်စေသောဆေးမျိုးနှင့် ပေးရသော အဝတ်အစားကို အလျင်အမြန်ပေး၏။ နန်းတော်၌ ရွေးကောက်သော ကျွန်မခုနစ်ယောက်တို့ကိုလည်း ပေး၍၊ ဧသတာနှင့် သူ၏ကျွန်မတို့ကို အပျိုတော်နန်းတွင် အမြတ်ဆုံးသောနေရာ၌ ချီးမြှောက်လေ၏။ မြန်မာ့စံမီသမ္မာကျမ်း ဟေဂဲသည် ဧသတာကို သဘောကျနှစ်သက်သဖြင့် မျက်နှာသာပေး၏။ သူ့ကိုအလှပြင်ပေးရန်နှင့် အစားအစာကျွေးမွေးရန် ချက်ချင်းပြင်ဆင်၏။ ရှင်ဘုရင်၏နန်းတော်မှ လက်ရွေးစင် အပျိုတော်ခုနစ်ဦးကို ပေးထား၏။ ထိုအပျိုတော်များနှင့်တကွ သူ့ကို အမျိုးသမီးနန်းဆောင်တွင် အကောင်းဆုံးနေရာ၌ ထား၏။ |
ထာဝရဘုရားသည်သူနှင့်အတူရှိ၍သူ့ အားကောင်းချီးပေးသဖြင့် သူသည်ထောင်မှူး ထံ၌မျက်နှာသာရလေ၏။-
ပေါတိဖာသည်ယောသပ်အားကျေနပ်နှစ်သက် သဖြင့် သူ၏ကိုယ်ရေးကိုယ်တာမှူးအဖြစ်ခန့် ထားလျက် သူပိုင်ဆိုင်သမျှဥစ္စာပစ္စည်းနှင့်အိမ် မှုကိစ္စတို့ကိုအုပ်ထိန်းစေလေသည်။-
ကိုယ်တော်အားသူတို့ပြစ်မှားပုန်ကန်သည့် အပြစ်မှန်သမျှကိုဖြေလွှတ်တော်မူပါ။ ရန်သူများသည်သူတို့အားသနားကြင် နာကြပါစေသော။-
ဧဇရသည်မောရှေအားဣသရေလအမျိုး သားတို့၏ဘုရားသခင်ထာဝရဘုရား ပေးအပ်တော်မူသည့်ပညတ်ကျမ်းကိုကြေ ညက်စွာတတ်မြောက်သူပညာရှိကြီးဖြစ် ၏။ ဧဇရသည်ဘုရားသခင်၏ကောင်းချီး မင်္ဂလာကိုခံစားရသူဖြစ်သဖြင့် မင်း ကြီးသည်သူတောင်းသမျှသောအရာ တို့ကိုပေးသနားတော်မူလေသည်။-
ဗိမာန်တော်ရဲတိုက်ဝင်းတံခါးများ၊ မြို့ရိုး များနှင့်ငါ၏အိမ်အတွက်သစ်ပေးရန်ဘုရင့် သစ်တောဝန်အာသပ်ထံသို့ အမှာတော်စာ ကိုလည်းကောင်းသနားတော်မူရန်ပန်ကြား ၏။ ဘုရားသခင်သည်ငါနှင့်အတူရှိတော် မူသည်ဖြစ်၍ ဧကရာဇ်မင်းသည်ငါတောင်း သမျှသောအရာတို့ကိုပေးသနားတော် မူပေသည်။
အမျိုးသမီးများအတွက် ပြုလုပ်နေကျ အလှပြုပြင်မှုမှာတစ်နှစ်မျှကြာလေ သည်။ သူတို့အားမုရန်ဆီဖြင့်ခြောက်လ၊ သစ်ဆီမွှေးဖြင့်နောက်ထပ်ခြောက်လနှိပ်နယ် ပေးရ၏။ ထိုနောက်အမျိုးသမီးများသည် တစ်ယောက်ပြီးတစ်ယောက်အလှည့်ကျ ဇေရဇ်မင်း၏အထံတော်သို့ဝင်ကြရ သည်။-
အင်ပါယာနိုင်ငံတော်အတွင်းရှိပြည်နယ် အပေါင်းတွင် မင်းအရာရှိများကိုခန့်ထား၍ အဆင်းလှသည့်အပျိုကညာအပေါင်းကို မြို့တော်ရှုရှန်ရှိအရှင့်အပျိုတော်ဆောင်သို့ ခေါ်ဆောင်လာစေတော်မူပါ။ သူတို့အား အရှင့်မိန်းမစိုးဟေဂဲ၏လက်တွင်အပ်၍ အလှပြုပြင်ပေးစေတော်မူပါ။-
သူသည်မိဖုရားဧသတာကိုမြင်သောအခါ နူးညွတ်သောစိတ်ရှိသဖြင့် ရာဇလှံတံကိုကမ်း ၍ပေးတော်မူ၏။ ဧသတာသည်ချဉ်းကပ်လာ ပြီးလျှင်ရာဇလှံတံကိုတို့ထိလိုက်လေ သည်။-
သူတို့အားဖမ်းဆီးချုပ်နှောင်ထားကြသူတို့၏ စိတ်နှလုံးတွင်သနားတတ်သောသဘောကို သွင်းပေးတော်မူ၏။
လူကျင့်သောအကျင့်တို့ကို ထာဝရဘုရားသည် နှစ်သက်သောအခါ၊ ထိုသူ၏ရန်သူကိုပင် သူနှင့်သင့်တင့် စေတော်မူ၏။
ဘုရားသခင်သည်လည်းဒံယေလအပေါ်တွင် ကိုယ်ချင်းစာ၍သနားလာစေရန်အာရှပေနတ်၏စိတ်ကိုပြုပြင်တော်မူ၏။-
သူ့အားဒုက္ခဆင်းရဲအပေါင်းမှကယ်နုတ်တော် မူ၏။ ဘုရားသခင်သည်ယောသပ်အား အီဂျစ် ပြည့်ရှင်ဖာရောဘုရင်၏ရှေ့တော်တွင်မျက်နှာ ပွင့်လန်းစေတော်မူ၏။ သူ့အားလည်းဉာဏ်ပညာ ကိုပေးတော်မူ၏။ ဖာရောဘုရင်သည်သူ့ကို အီဂျစ်ပြည်ဘုရင်ခံအဖြစ်ဖြင့်လည်းကောင်း၊ နန်းတော်ဝန်အဖြစ်ဖြင့်လည်းကောင်းခန့်ထား တော်မူလေသည်။-