နေဟမိ 2:8 - Common Language Bible
8 ဗိမာန်တော်ရဲတိုက်ဝင်းတံခါးများ၊ မြို့ရိုး များနှင့်ငါ၏အိမ်အတွက်သစ်ပေးရန်ဘုရင့် သစ်တောဝန်အာသပ်ထံသို့ အမှာတော်စာ ကိုလည်းကောင်းသနားတော်မူရန်ပန်ကြား ၏။ ဘုရားသခင်သည်ငါနှင့်အတူရှိတော် မူသည်ဖြစ်၍ ဧကရာဇ်မင်းသည်ငါတောင်း သမျှသောအရာတို့ကိုပေးသနားတော် မူပေသည်။
အခန်းကိုကြည့်ပါ။ ကော်ပီ
8 သစ် တော ဝန် အာ သပ် အား လည်း၊ ဗိ မာန် တော် ရဲ တိုက်၊ မြို့ ရိုး၊ တည်း အိမ်၊ တံ ခါး ထုပ် များ အ ဖြစ် သစ် ပေး စေ ရန် အ မှာ တော် စာ ကိုလည်း ကောင်း၊ သ နား တော် မူ ပါ ဟု တောင်း လျှောက် သည် နှင့် အ ညီ၊ ငါ့ အ ပေါ် တွင်၊ ကိုယ့် ဘု ရား သ ခင့် မြင့် မြတ် သော လက် တော် တည် ရှိ သော ကြောင့်၊ ဘု ရင် မင်း ပေး တော် မူ ၏။
အခန်းကိုကြည့်ပါ။ ကော်ပီ
8 ဥယျာဉ်တော်မှူး အာသပ်သည် ဗိမာန်တော်ရဲတိုက်တံခါးတိုင်နှင့် တံခါးထုပ်ဖို့လည်းကောင်း၊ မြို့ရိုးနှင့် ကျွန်တော်နေရာ အိမ်ဖို့လည်းကောင်း၊ သစ်ကိုပေးရမည်အကြောင်း၊ အမိန့်တော်စာကိုလည်း သနားတော်မူပါဟု တောင်းလျှောက်သည်အတိုင်း၊ ငါ၏ဘုရားသခင့် တန်ခိုးကျေးဇူးတော်ကြောင့် ရှင်ဘုရင်သည် ပေးသနားတော်မူ၏။
အခန်းကိုကြည့်ပါ။ ကော်ပီ
8 ထို့ပြင် အိမ်တော်နားရှိ ရဲတိုက်တံခါးများ၊ မြို့တံတိုင်းနှင့် အကျွန်ုပ်နေဖို့အိမ်တို့ကို ဆောက်လုပ်ရန် သစ်များကိုပေးမည့်အကြောင်း အရှင်မင်းကြီး၏သစ်တောဝန်အာသပ်ထံ အမိန့်စာကို ပါးလိုက်တော်မူပါ”ဟု တောင်းလျှောက်ရာ ဘုရားသခင်သည် ငါနှင့်အတူရှိ၍ ကျေးဇူးပြုတော်မူသောကြောင့် ရှင်ဘုရင်သည် ငါတောင်းဆိုသည့်အတိုင်း ပြုပေး၏။
အခန်းကိုကြည့်ပါ။ ကော်ပီ