ဧသတာ 2:10 - Common Language Bible10 ဧသတာသည်မော်ဒကဲ၏အကြံပေးချက် အရ မိမိ၏ယုဒမျိုးရိုးဇာတိကိုလျှို့ဝှက် ၍ထားလေသည်။- အခန်းကိုကြည့်ပါ။Garrad Bible10 မော် ဒ ကဲ မှာ ထား သည့် အ တိုင်း၊ ဧ သ တာ သည် အ မျိုး အ နွယ် ကို မ ဖော် မ ပြ သေး။ အခန်းကိုကြည့်ပါ။Judson Bible10 ဧသတာသည် မိမိအမျိုးနှင့် မိမိဆွေညာတကာကို မဖော်မပြမည်အကြောင်း၊ မော်ဒကဲ သတိပေးသည်အတိုင်း မဖော်မပြဘဲ နေ၏။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း10 ကိုယ့်လူမျိုး၊ ကိုယ့်ဇာတိအကြောင်း ထုတ်ဖော်မပြရန် မော်ဒကဲသည် ဧသတာအား မှာထားသဖြင့် ဧသတာလည်း ထုတ်ဖော်မပြဘဲနေ၏။ အခန်းကိုကြည့်ပါ။ |
သူ့မှာဧသတာဆိုသူနှမဝမ်းကွဲရှိ၏။ ဧသတာ၏ယုဒနာမည်ကားဟဒဿ တည်း။ သူ၏မိဘများကွယ်လွန်သွားသော အခါမော်ဒကဲသည်သူ့ကိုမွေးစားကာ မိမိ၏သမီးအရင်းသဖွယ်ကျွေးမွေး ပြုစုခဲ့၏။ ဧသတာသည်အဆင်းလှ၍ ကိုယ်လုံးကိုယ်ပေါက်ကောင်းသည့်အမျိုး သမီးကလေးတစ်ဦးဖြစ်ပေသည်။
ထို့ကြောင့်ဟာမန်သည်မင်းကြီးအား``အရှင် ၏အင်ပါယာနိုင်ငံတော်ပြည်နယ်တိုင်းမှာ ပင်ပျံ့နှံ့လျက်နေသည့်လူမျိုးတစ်မျိုးရှိ ပါသည်။ သူတို့၏ဋ္ဌလေ့ထုံးစံများသည် အခြားလူမျိုးတို့၏ဋ္ဌလေ့ထုံးစံများနှင့် မတူပါ။ သူတို့သည်နိုင်ငံတော်၏တရား ဥပဒေများကိုလည်းမလိုက်နာကြပါ။ သို့ဖြစ်၍သူတို့အားသည်းခံလျက်နေ ခြင်းအားဖြင့်အရှင့်၏အတွက်အကျိုး ရှိမည်မဟုတ်ပါ။-
ကျွန်တော်မနှင့်ကျွန်တော်မ၏အမျိုးသား ချင်းတို့အားရောင်းစားလိုက်ကြပြီဖြစ်၍ ကျွန်တော်မတို့သည်သေရကြပါတော့မည်။ အကယ်၍ကျွန်ဘဝသို့ရောက်ရကြရုံသာ ဆိုလျှင်ကျွန်တော်မသည်အရှင်မင်းကြီး အားအနှောင့်အယှက်မပေးဘဲကြိတ်၍ခံ မည်သာဖြစ်ပါ၏။ ယခုမှာမူကျွန်တော် မတို့သည်အမျိုးပြုတ်အောင်သုတ်သင် ဖျက်ဆီးခြင်းကိုခံရကြပါတော့မည်'' ဟုလျှောက်၏။