နန်းတွင်း၌မော်ဒကဲသည် အုပ်ချုပ်ရေးတာဝန် ကိုထမ်းဆောင်နေရစဉ်အခါ ဘုရင့်အဆောင် တော်တံခါးစောင့်မိန်းမစိုးနှစ်ယောက်တို့သည် ဇေရဇ်မင်းအားအမျက်ထွက်သဖြင့်လုပ် ကြံရန်လျှို့ဝှက်ကြံစည်ကြ၏။-
ဧသတာ 2:19 - Common Language Bible ဤအချိန်အတောအတွင်း၌မင်းကြီး သည်မော်ဒကဲအား အုပ်ချုပ်ရေးရာထူး တစ်နေရာတွင်ခန့်ထားတော်မူ၏။- Garrad Bible ဒု တိ ယ အ ကြိမ် သ မီး က ညာ တို့ ရောက် ပြန် သော အ ခါ၊ မော ဒ ကဲ သည် နန်း တော် တံ ခါး အ တွင်း နေ ထိုင် ရ၏။ Judson Bible သမီးကညာတို့သည် ဒုတိယအချိန်၌ စုဝေးသောအခါ၊ မော်ဒကဲသည် နန်းတော်၌ တံခါးမှူးဖြစ်၏။ မြန်မာ့စံမီသမ္မာကျမ်း အပျိုကညာများကို ဒုတိယအသုတ်ခေါ်ဆောင်လာချိန်တွင် မော်ဒကဲသည် ဘုရင့်နန်းတော်တံခါးတွင် ထိုင်လျက်နေ၏။ |
နန်းတွင်း၌မော်ဒကဲသည် အုပ်ချုပ်ရေးတာဝန် ကိုထမ်းဆောင်နေရစဉ်အခါ ဘုရင့်အဆောင် တော်တံခါးစောင့်မိန်းမစိုးနှစ်ယောက်တို့သည် ဇေရဇ်မင်းအားအမျက်ထွက်သဖြင့်လုပ် ကြံရန်လျှို့ဝှက်ကြံစည်ကြ၏။-
သို့ရာတွင်နန်းတော်တံခါးဝတွင်ယုဒအမျိုး သားမော်ဒကဲထိုင်လျက်နေသည်ကို ငါတွေ့မြင် နေရသမျှကာလပတ်လုံး ယခုဖော်ပြသမျှ တို့သည်ငါ့အတွက်အဘယ်ကျေးဇူးရှိသနည်း'' ဟုဆို၏။
ညစာစားပွဲမှထွက်ခွာလာသောအခါ ဟာမန် သည်ဝမ်းမြောက်ပျော်ရွှင်လျက်နေ၏။ သို့ရာ တွင်သူသည်မော်ဒကဲကိုနန်းတော်အဝင်ဝ တွင်တွေ့ရှိရ၍ မော်ဒကဲကသူ့အားအရို အသေမပြုသောအခါ၌မူပြင်းစွာ အမျက်ထွက်လေသည်။-
ဒံယေလ၏ပန်ကြားချက်အရမင်းကြီး သည်ရှာဒရက်၊ မေရှက်နှင့်အဗေဒနေဂေါ တို့အားဗာဗုလုန်ပြည်နယ်အုပ်ချုပ်ရေး တာဝန်များကိုအပ်နှင်းတော်မူ၏။ ဒံယေလ ကိုမူကားနန်းတော်တွင်း၌အမှုထမ်းစေ တော်မူ၏။