ကျွန်တော်မျိုးအားမြင်သောသူတိုင်း ပြောင်လှောင်ကြပါ၏။ သူတို့သည်လျှာကိုထုတ်လျက်ဦးခေါင်းကို ခါကြပါ၏။
ဧဖက် 2:13 - Common Language Bible သို့ရာတွင်ယခုအခါ၌ခရစ်တော်ယေရှုနှင့် တစ်လုံးတစ်ဝတည်းဖြစ်ကြပြီဖြစ်သဖြင့် ယခင် ကဝေးလျက်နေခဲ့ကြသောသင်တို့သည်ခရစ် တော်အသေခံတော်မူခြင်းကြောင့် အပါးတော် သို့ရောက်ကြရလေပြီ။- Garrad Bible ယ ခု မူ ကား အ ထက် က ဝေး ကွာ လျက် ရှိ နေ သော သင် တို့ သည် ခ ရစ် တော် ယေ ရှု အား ဖြင့် အ သွေး တော် ကြောင့် အ ပါး တော် သို့ ရောက် ရ ကြ ပြီ။ Judson Bible သင်တို့သည် အထက်က ဝေးလျက်ရှိသော်လည်း၊ ယခုမှာ ယေရှုခရစ်၌ဖြစ်၍ အသွေးတော်အားဖြင့် အနီးသို့ ရောက်ကြပြီ။- မြန်မာ့စံမီသမ္မာကျမ်း သို့သော် တစ်ချိန်က ဝေးကွာလျက်ရှိခဲ့သောသင်တို့သည် ယခုအခါ ခရစ်တော်ယေရှု၌ ခရစ်တော်၏သွေးတော်အားဖြင့် အနီးသို့ရောက်ရကြပြီ။ ခေတ်သစ်မြန်မာ သမ္မာကျမ်း တစ်ချိန်က ဘုရားသခင်နှင့် ဝေးကွာခဲ့သော်လည်း ယခုအခါတွင် သင်တို့သည် ယေရှုခရစ်တော်နှင့် တပေါင်းတစည်းတည်း ဖြစ်ကြသောကြောင့် ခရစ်တော်၏ အသွေးတော်ဖြင့် အနီးသို့ရောက်လာပြီ ဖြစ်၏။ |
ကျွန်တော်မျိုးအားမြင်သောသူတိုင်း ပြောင်လှောင်ကြပါ၏။ သူတို့သည်လျှာကိုထုတ်လျက်ဦးခေါင်းကို ခါကြပါ၏။
ကိုယ်တော်ရှင်အားစွန့်ပစ်ကြသူတို့သည် အကယ်စင်စစ် သေကျေပျက်စီးရကြပါလိမ့်မည်။ ကိုယ်တော်ရှင်အားသစ္စာဖောက်သူတို့ကို ကိုယ်တော်ရှင်သည်သုတ်သင်ဖျက်ဆီးတော်မူလိမ့်မည်။
ဒါဝိဒ်မင်းဆက်မှပေါ်ထွန်းလာသည့်ဘုရင် သည် လူမျိုးတကာတို့အဖို့အချက်ပြအမှတ် လက္ခဏာတစ်ရပ်ဖြစ်သည့်အချိန်ကာလကျ ရောက်လာလိမ့်မည်။ သူတို့သည်သူ၏မြို့တော် သို့လာရောက်စုရုံးကြလျက် သူ့အားဂုဏ်ပြု ချီးမြှင့်ကြလိမ့်မည်။-
သူတို့အားထွက်ခွာခွင့်ပြုရန် မြောက်အရပ်ကိုလည်းကောင်း၊ သူတို့အားဆီးတား၍မထားရန် တောင်အရပ်ကိုလည်းကောင်းငါပြောမည်။ ကမ္ဘာအရပ်ရပ်ရှိရပ်ဝေးနိုင်ငံများမှငါ၏ လူမျိုးတော်များပြန်လာကြပါစေ၊
ငါ၏လူမျိုးတော်သည်ရပ်ဝေးဒေသများမှ လည်းကောင်း၊ မြောက်အရပ်နှင့်အနောက်အရပ်မှလည်းကောင်း၊ တောင်အရပ်ရှိသိနိမ်ပြည်မှလည်းကောင်း လာရောက်ကြလိမ့်မည်'' ဟုမိန့်တော်မူ၏။
ဣသရေလနိုင်ငံရှိဝမ်းနည်းပူဆွေးလျက် နေသူတို့၏နှုတ်မှကျေးဇူးတော်ချီးမွမ်း ကြစေ၊ ရပ်နီးရပ်ဝေးရှိလူအပေါင်းတို့အား ငြိမ်းချမ်းသာယာမှုကိုငါပေး၏။ ငြိမ်သက် ခြင်းကိုငါပေး၏။ ငါ၏လူမျိုးတော်ကိုငါ ကုစားမည်ဟု ထာဝရဘုရားမိန့်တော်မူ၏။-
သင်၏ပတ်ဝန်းကျင်တွင်အဘယ်သို့ဖြစ်ပျက်လျက် ရှိသည်ကိုကြည့်ရှုလော့။ သင်၏အမျိုးသားများသည်မိမိတို့ပြည်သို့ ပြန်လာရန်စုရုံးလျက်ရှိကြ၏။ သင်၏သားတို့သည်ရပ်ဝေးမှပြန်လာကြ လိမ့်မည်။ သင်၏သမီးများအားပွေ့ချီလျက်လာကြ လိမ့်မည်။
ထိုသင်္ဘောတို့သည်ရပ်ဝေးမှ ဘုရားသခင်၏လူမျိုးတော်အား မိမိတို့ပြည်သို့တင်ဆောင်လာသည့် သင်္ဘောများဖြစ်၏။ ယင်းတို့သည်ဣသရေလအမျိုးသားတို့၏ သန့်ရှင်းသောဘုရားသခင် ထာဝရဘုရားကိုချီးမြှောက်ရန်၊ ရွှေနှင့်ငွေများကိုယူဆောင် လာကြခြင်းဖြစ်၏။ ကိုယ်တော်သည်မိမိ၏လူမျိုးတော်ကို ချီးမြှောက်စေတော်မူပြီ။
ငါသည်သူတို့အားငါ၏ဂုဏ်သတင်းကို မကြားဘူး၊ ငါ၏ကြီးမြတ်သည့်တန်ခိုး တော်ကိုမမြင်ဘူးသည့်ရပ်ဝေးနိုင်ငံများ ဖြစ်သော တာရှုပြည်လိဗိယပြည်နှင့်ကျွမ်း ကျင်သူလေးသည်တော်များရှိရာလုဒ ပြည်သို့လည်းကောင်း၊ တုဗလပြည်နှင့် ဂရိတ်ပြည်သို့လည်းကောင်းငါစေလွှတ်မည်။ သူတို့သည်ထိုပြည်များမှလူတို့အား ငါ၏ဘုန်းတော်အကြောင်းကိုပြောကြား ရလိမ့်မည်။-
အို ထာဝရဘုရား၊ ကိုယ်တော်ရှင်သည်ကျွန်တော် မျိုးအားကွယ်ကာစောင့်ထိန်းတော်မူ၍ ခွန်အား ကိုပေးတော်မူပါ၏။ ဒုက္ခရောက်ချိန်၌ကူမတော် မူပါ၏။ ကမ္ဘာမြေကြီးစွန်းမှလူမျိုးတကာတို့ သည် အထံတော်သို့လာ၍``ကျွန်တော်မျိုးတို့ ဘိုးဘေးများကိုးကွယ်ခဲ့သည့်ဘုရားတို့သည် အတုအယောင်များသာလျှင်ဖြစ်ပါ၏။ အသုံး မဝင်အကျိုးမပေးသောရုပ်တုများသာဖြစ် ပါ၏။-
ဤသိုးခြံသို့မဝင်သည့်အခြားသိုးများကို လည်းငါပိုင်သေး၏။ ထိုသိုးတို့ကိုငါဆောင်သွင်း ရဦးမည်။ သူတို့သည်ငါ့စကားကိုနားထောင် ကြလိမ့်မည်။ သို့ဖြစ်၍သိုးအုပ်တစ်အုပ်၊ သိုးထိန်း တစ်ပါးတည်းဖြစ်လိမ့်မည်။
ဘုရားသခင်သည်ရှေးဦးစွာလူမျိုးခြားတို့ အနက်အချို့သောသူတို့ကို မိမိ၏လူစု တော်ဝင်များဖြစ်စေရန်ရွေးထုတ်ခြင်းအား ဖြင့် သူတို့ကိုဂရုစိုက်တော်မူကြောင်းရှိမုန် ရှင်းပြခဲ့ပြီ။-
ထိုဆုကျေးဇူးကိုပေးမည်ဟူသောဘုရား သခင်၏ကတိတော်သည် သင်တို့အတွက်လည်း ကောင်း၊ သင်တို့၏သားသမီးများအတွက်လည်း ကောင်း၊ ရပ်ဝေးရှိသူတို့အတွက်လည်းကောင်း ဖြစ်၏။ တစ်နည်းအားဖြင့်ငါတို့၏ဘုရားသခင် ထာဝရဘုရား ခေါ်ယူတော်မူသောသူအပေါင်း တို့အတွက် ဖြစ်၏'' ဟုဖြေဆိုလေ၏။
သခင်ဘုရားက `သွားလော့။ ရပ်ဝေးရှိလူမျိုး ခြားတို့ထံသို့သင့်အားငါစေလွှတ်မည်' မိန့် တော်မူ၏'' ဟုဆို၏။
သင်သည်လူမျိုးခြားတို့၏မျက်စိကိုဖွင့် ပေးရမည်။ သူတို့အားအမှောင်မှအလင်း သို့ကူးမြောက်စေ၍ စာတန်အာဏာစက်မှ ဘုရားသခင်၏အာဏာစက်သို့ကူးပြောင်း စေရမည်။ ထိုသူတို့သည်ငါ့ကိုယုံကြည်ခြင်း အားဖြင့်အပြစ်များပြေလွတ်လျက် ဘုရား သခင်ရွေးကောက်တော်မူသောလူစုတော် တွင်အပါအဝင်ဖြစ်ရလိမ့်မည်' ဟုမိန့် တော်မူပါ၏။''
သို့ဖြစ်၍ခရစ်တော်ယေရှုနှင့်တစ်လုံးတစ်ဝ တည်းဖြစ်သူတို့သည် ဘုရားသခင်၏အပြစ် ဒဏ်စီရင်ခြင်းနှင့်ယခုကင်းလွတ်ကြ၏။-
ဘုရားသခင်သည်သင်တို့အားခရစ်တော် ယေရှုနှင့်တစ်လုံးတစ်ဝတည်းဖြစ်စေတော် မူ၏။ ခရစ်တော်အားငါတို့၏ဉာဏ်ပညာ ဖြစ်စေတော်မူ၏။ ကိုယ်တော်အားဖြင့်ဘုရား သခင်သည် ငါတို့ကိုမိမိနှင့်မှန်ကန်စွာဆက် သွယ်စေတော်မူ၍ ငါတို့သည်ဘုရားသခင်၏ လူစုတော်ဖြစ်လျက်လွတ်မြောက်ခွင့်ကိုရရှိ ကြ၏။-
ထိုနည်းတူစွာငါတို့သည်ယုဒလူမျိုးဖြစ် စေ၊ လူမျိုးခြားဖြစ်စေ၊ ကျွန်ဖြစ်စေ၊ လွတ်လပ် သူဖြစ်စေ၊ ဝိညာဉ်တော်တစ်ပါးတည်းအား ဖြင့်ကိုယ်ခန္ဓာတစ်ခုတည်းထဲသို့ဗတ္တိဇံခံ ယူကြ၏။ ငါတို့ရှိသမျှသည်ဝိညာဉ်တော် တစ်ပါးတည်းကိုသောက်ကြရ၏။
ယခင်ကသင်တို့တွင်အချို့သောသူတို့သည် ထိုသို့ဆိုးယုတ်သူများဖြစ်ခဲ့သော်လည်း အပြစ်မှဆေးကြောသုတ်သင်ခြင်းကိုခံ ကြရပြီ။ ဘုရားသခင်အားဆက်ကပ်သူ များဖြစ်ကြပြီ။ အရှင်ယေရှုခရစ်အား ဖြင့်လည်းကောင်း၊ ငါတို့ဘုရားသခင်၏ ဝိညာဉ်တော်အားဖြင့်လည်းကောင်း သင်တို့ သည်ဘုရားသခင်နှင့်မှန်ကန်စွာဆက်သွယ် ခွင့်ကိုရရှိကြပြီ။
ခရစ်တော်နှင့်တစ်လုံးတစ်ဝတည်းရှိသူသည် သတ္တဝါသစ်ဖြစ်၏။ သူသည်ဘဝဟောင်းကိုစွန့် ၍ဘဝသစ်သို့ဝင်စားပြီ။-
သို့ဖြစ်၍ယုဒလူမျိုးနှင့်လူမျိုးခြားဟူ၍ လည်းကောင်း၊ ကျွန်နှင့်လွတ်လပ်သူဟူ၍လည်း ကောင်း၊ ယောကျာ်းနှင့်မိန်းမဟူ၍လည်းကောင်း ခွဲခြားမှုမရှိတော့ပြီ။ သင်တို့အပေါင်းသည် ခရစ်တော်ယေရှု၌တစ်လုံးတစ်ဝတည်း ဖြစ်ကြ၏။-
ဘုရားသခင်၏အလိုတော်အရ ခရစ်တော် ယေရှု၏တမန်တော်အဖြစ်ခန့်ထားခြင်းခံ ရသောပေါလုထံမှ ဧဖက်မြို့နေဘုရား သခင်၏လူစုတော်ဖြစ်သူ၊ သစ္စာရှိစွာ ခရစ်တော်ယေရှုနှင့်တစ်လုံးတစ်ဝတည်း ဖြစ်ကြသူအပေါင်းတို့ထံသို့စာရေး လိုက်ပါသည်။
ငါတို့သည်ခရစ်တော်အသေခံတော်မူခြင်း ကြောင့်၊ မိမိတို့အပြစ်၏အနှောင်အဖွဲ့မှလွတ် မြောက်ကြရ၏။ တစ်နည်းအားဖြင့်အပြစ်ဖြေ လွှတ်ခွင့်ကိုရရှိကြ၏။ ငါတို့အားဘုရား သခင်ဤကဲ့သို့ရက်ရောစွာချပေးတော်မူ သည့်ကျေးဇူးတော်သည်အလွန်ကြီးမြတ် လှပါသည်တကား။ ကိုယ်တော်သည်ခပ်သိမ်း သောဉာဏ်ပညာအသိပညာနှင့်ကြွယ်ဝ ပြည့်စုံတော်မူသည်နှင့်အညီ၊-
ငါတို့သည်ခရစ်တော်ယေရှုနှင့်တစ်လုံးတစ်ဝ တည်းဖြစ်လျက်ဘုရားသခင်စီမံထားတော်မူ သောအကျင့်ကောင်းများကိုပြုကျင့်စေရန် ဘုရား သခင်သည်ငါတို့အားဖန်ဆင်းတော်မူပေသည်။
ထိုစဉ်အခါကသင်တို့သည်ခရစ်တော်နှင့် ကင်းကွာလျက်နေခဲ့ကြ၏။ သင်တို့သည်လူမျိုး ခြားများဖြစ်၍ ဘုရားသခင်ရွေးချယ်တော်မူ သောလူစုတော်တွင်ပါဝင်ခွင့်မရကြ။ မိမိ၏ လူစုတော်အား ဘုရားသခင်ထားတော်မူသော ကတိတော်များပေါ်တွင်အခြေပြုသည့်ပဋိ ညာဉ်တရားနှင့်မသက်ဆိုင်ကြ။ ဤလောက တွင်မျှော်လင့်ရာမဲ့ဘုရားမဲ့ခဲ့ရ၏။-
လောက၏အပြစ်လမ်းစဉ်အတိုင်းလိုက်လျှောက် ခဲ့ကြ၏။ အာကာသရှိဝိညာဉ်တန်ခိုးများကို အုပ်စိုးသောမင်းကိုနာခံသူများဖြစ်ခဲ့ကြ၏။ ဘုရားသခင်၏အမိန့်တော်ကိုမနာခံသူ တို့သည် ယခုအခါ၌ထိုသူ၏စိုးမိုးအုပ် ချုပ်ခြင်းကိုခံလျက်နေကြရ၏။-
ငါတို့သည်ခရစ်တော်ယေရှုနှင့်တစ်လုံးတစ်ဝ တည်းဖြစ်သဖြင့်ဘုရားသခင်သည် ငါတို့အား ခရစ်တော်နှင့်အတူသေခြင်းမှရှင်ပြန်ထမြောက် စေတော်မူ၍ ထိုအရှင်နှင့်အတူကောင်းကင် လောကတွင်စိုးစံခွင့်ကိုပေးတော်မူ၏။-
အဘယ်ကြောင့်ဆိုသော်ခရစ်တော်ကိုယ်တိုင် ပင်လျှင် ငါတို့၏အပြစ်များအတွက်အပြီး အပိုင်အသေခံတော်မူခဲ့သောကြောင့်ဖြစ်၏။ ကိုယ်တော်သည်သူတော်စင်ဖြစ်တော်မူ၍မသူ တော်တို့အတွက်အသေခံတော်မူလေပြီ။ ယင်း သို့ပြုတော်မူခြင်းမှာသင်တို့အားဘုရား သခင်ထံတော်သို့ပို့ဆောင်ပေးရန်ပင်ဖြစ်၏။ ကိုယ်တော်သည်ကိုယ်ခန္ဓာအားဖြင့်အသေ သတ်ခြင်းကိုခံရသော်လည်းဝိညာဉ်အား ဖြင့်အသက်ပြန်၍ရှင်တော်မူ၏။-
``ကိုယ်တော်ရှင်သည်အသေသတ်ခြင်းကို ခံတော်မူသောအားဖြင့်၊ တိုင်းနိုင်ငံအသီးသီးရှိဘာသာစကား အမျိုးမျိုးကိုပြောဆိုသော၊ လူအမျိုးအနွယ်ခပ်သိမ်းတို့မှလူတို့ကို ဘုရားသခင်အဖို့ဝယ်ယူတော်မူပါ၏။ ထို့ကြောင့်ကိုယ်တော်ရှင်သည်ဤစာလိပ်တော် ကို ယူ၍ချိပ်တံဆိပ်များကိုဖွင့်ထိုက်သူဖြစ်ပါ၏။