ရှေရှဗာဇာသည်ပြည်နှင်ဒဏ်သင့်သူများနှင့်အတူ ဗာဗုလုန်ပြည်မှယေရုရှလင်မြို့သို့ပြန်သောအခါ ရွှေဖလား၊ ငွေဖလားနှင့်အခြားပစ္စည်းအသုံးအဆောင်အရေအတွက် စုစုပေါင်းငါးထောင့်လေးရာတို့ကိုယူဆောင်ခဲ့၏။
ဧဇရ 1:8 - Common Language Bible မင်းကြီးသည်ထိုဖလားတို့ကိုရွှေတိုက်စိုးမိသရေဒတ်သို့ပေးအပ်၍ မိသရေဒတ်သည်ယင်းတို့ကိုယုဒဘုရင်ခံရှေရှဗာဇာသို့၊- Garrad Bible အ ခွန် တော် ဝန် မိ သ ရေ ဒတ် လက် ဖြင့်၊ ယု ဒ မင်း မျိုး အ ကြီး အ ကဲ ရှေ ရှ ဗာ ဇာ့ ထံ ရေ တွက် အပ် ပေး စေ ၏။ Judson Bible ပေရသိရှင်ဘုရင် ကုရုသည် ရွှေတိုက်စိုး မိသရေဒတ်လက်ဖြင့် ထုတ်၍၊ ယုဒမင်း ရှေရှဗာဇာ၌ ရေတွက်လျက် အပ်တော်မူ၏။ မြန်မာ့စံမီသမ္မာကျမ်း ပါးရှားဘုရင် ကုရုမင်းကြီးသည် ထိုအိမ်တော်အသုံးအဆောင်တို့ကို ဘဏ္ဍာစိုးမိသရေဒတ်အား ထုတ်ယူစေ၏။ မိသရေဒတ်သည်လည်း ရေတွက်ပြီး ယုဒခေါင်းဆောင် ရှေရှဗာဇာအား ပေးအပ်လိုက်၏။ |
ရှေရှဗာဇာသည်ပြည်နှင်ဒဏ်သင့်သူများနှင့်အတူ ဗာဗုလုန်ပြည်မှယေရုရှလင်မြို့သို့ပြန်သောအခါ ရွှေဖလား၊ ငွေဖလားနှင့်အခြားပစ္စည်းအသုံးအဆောင်အရေအတွက် စုစုပေါင်းငါးထောင့်လေးရာတို့ကိုယူဆောင်ခဲ့၏။
သူတို့၏ခေါင်းဆောင်များမှာဇေရုဗဗေလ၊ ယောရှု၊ နေဟမိ၊ သရာယ၊ ရေလာယ၊ မော်ဒကဲ၊ ဗိလရှန်၊ မိဇပါ၊ ဗိဂဝဲ၊ ရေဟုံနှင့်ဗာနာတို့ဖြစ်ကြ၏။ ပြည်နှင်ဒဏ်သင့်ရာမှပြန်လာကြသူသားချင်းစုအလိုက် လူဦးရေစာရင်းမှာအောက်ပါအတိုင်းဖြစ်၏။
ထိုမင်းသည်ယေရုရှလင်မြို့ဗိမာန်တော်မှနေဗုခဒ်နေဇာသိမ်းယူကာ ဗာဗုလုန်မြို့ဘုရားဗိမာန်တွင်ထားရှိသည့်ဗိမာန်တော်ဆိုင်ရာရွှေ၊ ငွေအသုံးအဆောင်တော်များကိုပြန်လည်ပေးအပ်တော်မူခဲ့ပါ၏။-
သို့ဖြစ်၍ရှေရှဗာဇာသည်လာရောက်ပြီးနောက် ဗိမာန်တော်အုတ်မြစ်ကိုချပါ၏။ ထိုဗိမာန်တော်တည်ဆောက်မှုမှာ ယနေ့တိုင်ဆက်လက်လုပ်ကိုင်လာခဲ့သော်လည်းမပြီးပြတ်သေးပါ' ဟုပြန်လည်ပြောကြားကြပါသည်။
ရှာလသေလ၏သားဇေရုဗဗေလနှင့်ယောဇဒက်၏သားယောရှုတို့သည် ထိုဗျာဒိတ်စကားများကိုကြားသောအခါယေရုရှလင်မြို့၊ ဗိမာန်တော်ကိုပြန်လည်စတင်တည်ဆောက်ကြလေသည်။ ပရောဖက်နှစ်ပါးတို့သည်သူတို့အားဝိုင်းဝန်းကူညီကြ၏။
ငါသည်ဗာဗုလုန်မြို့၏ဗေလဘုရားကို အပြစ်ဒဏ်ခတ်၍ ခိုးရာပါပစ္စည်းများကို လည်းပြန်အပ်စေမည်။ လူမျိုးတကာတို့ သည်သူ့အားနောက်တစ်ဖန်ဝတ်ပြုကိုး ကွယ်ကြတော့မည်မဟုတ်။ ``ဗာဗုလုန်မြို့ရိုးများသည်ပြိုကျလေပြီ။-
ပေရသိပြည်ဧကရာဇ်ဒါရိမင်းနန်းစံ ဒုတိယနှစ်ဆဋ္ဌမလတစ်ရက်နေ့၌ ထာဝရ ဘုရားသည်ပရောဖက်ဟ္ဂဲအားဗျာဒိတ် ပေးတော်မူပါ၏။ ထိုဗျာဒိတ်တော်သည်ယုဒ ဘုရင်ခံရှာလသေလ၏သားဇေရုဗဗေလ နှင့် ယဇ်ပုရောဟိတ်မင်းယောဇဒတ်၏သား ယောရှုတို့အတွက်ဖြစ်၏။
ထာဝရဘုရားသည်ယုဒဘုရင်ခံရှာလ လေလ၏သားဇေရုဗဗေလ၊ ယဇ်ပုရော ဟိတ်မင်းယောဇဒတ်၏သားယောရှုနှင့် ပြည် နှင်ဒဏ်သင့်ရာမှပြန်လာကြသူအပေါင်း တို့အား ဗိမာန်တော်တည်ဆောက်မှုတွင်စိတ် အားထက်သန်၍လာစေတော်မူ၏။ သူတို့ သည်မိမိတို့၏ဘုရားသခင်အနန္တတန် ခိုးရှင်ထာဝရဘုရား၏ဗိမာန်တော် တည်ဆောက်မှုကို၊-