ကိုယ်တော်သည်ကျွန်တော်မျိုးအား ဤသို့ဝေဒနာခံစေတော်မူသောကြောင့် ကျွန်တော်မျိုးသည်ဆိတ်ဆိတ်နေပါမည်။ စကားတစ်ခွန်းမျှပြောမည်မဟုတ်ပါ။
အာမုတ် 8:3 - Common Language Bible ထိုနေ့၌နန်းတွင်းတေးသံတို့သည် ငိုကြွေး သံများအဖြစ်သို့ကူးပြောင်းသွားလိမ့်မည်။ နေရာအနှံ့အပြား၌အလောင်းကောင် များရှိနေပြီး ယင်းအလောင်းများကိုတိတ် တဆိတ်စွန့်ပစ်ကြလိမ့်မည်'' ဟုအရှင် ထာဝရဘုရားမိန့်တော်မူ၏။ Garrad Bible ထို နေ့ ရက် ကာ လ၌၊ အ သေ ကောင် များ ပြား၍၊ အ ရပ် ရပ် မှ တိတ် တ ဆိတ် ထုတ် ပစ် ရ သည့် အ လျောက်၊ ဗိ မာန် တော် ဆိုင် ရာ ကျူး ဧ သံ များ အ စား အော် ဟစ် သံ ဖြစ် လ တ္တံ့ ဟု အ ရှင် ထာ ဝ ရ ဘု ရား မိန့် တော် မူ ၏။ Judson Bible ထိုကာလ၌ နန်းစဉ်ကချေသည်တို့သည် မြည်တမ်းကြလိမ့်မည်။ အရပ်ရပ်တို့၌ များစွာသော အသေကောင်ရှိ၍၊ လူတို့သည် တိတ်ဆိတ်စွာ ပစ်ချကြလိမ့်မည်ဟု အရှင်ထာဝရဘုရား မိန့်တော်မူ၏။ မြန်မာ့စံမီသမ္မာကျမ်း “ထိုနေ့တွင် ဗိမာန်တော်ထဲမှ သီချင်းသံတို့သည် ညည်းတွားငိုကြွေးသံ ဖြစ်ရလိမ့်မည်။ အလောင်းကောင်တို့သည် နေရာတိုင်းတွင် တိတ်တဆိတ်လွှင့်ပစ်ခြင်း ခံရလိမ့်မည်”ဟု ဘုရားရှင်ထာဝရဘုရား မိန့်တော်မူ၏။ |
ကိုယ်တော်သည်ကျွန်တော်မျိုးအား ဤသို့ဝေဒနာခံစေတော်မူသောကြောင့် ကျွန်တော်မျိုးသည်ဆိတ်ဆိတ်နေပါမည်။ စကားတစ်ခွန်းမျှပြောမည်မဟုတ်ပါ။
ထိုညဥ့်၌ထာဝရဘုရား၏ကောင်းကင်တမန် သည် အာရှုရိတပ်စခန်းသို့ဝင်၍တပ်သား တစ်သိန်းရှစ်သောင်းငါးထောင်ကိုသုတ်သင်ပစ် လေသည်။ နောက်တစ်နေ့အရုဏ်တက်ချိန်၌ ထိုသူအပေါင်းတို့သည်လဲ၍သေနေကြ၏။-
သို့ဖြစ်၍ယောရှိ၏သားယုဒဘုရင် ယောယကိမ်နှင့်ပတ်သက်၍ ထာဝရဘုရားကမိန့်တော်မူသည်မှာ ``သူကွယ်လွန်သောအခါ၌ဘယ်သူမျှ ဝမ်းနည်း ပူဆွေးမှုကိုပြုကြလိမ့်မည်မဟုတ်။ `အို ဖြစ်ရလေခြင်း၊အဆွေတော်၊ ဖြစ်မှဖြစ်ရလေခြင်း' ဟူ၍ အဘယ်သူမျှမြည်တမ်းကြလိမ့်မည်မဟုတ်။ သူ၏အတွက်အဘယ်သူမျှငိုကြွေးမှုကို သော်လည်းကောင်း၊ အို အကျွန်ုပ်၏သခင်၊အကျွန်ုပ်၏ဘုရင်ဟု မြည်တမ်းမှု ကိုသော်လည်းကောင်းပြုကြလိမ့်မည်မဟုတ်။
ယေရုရှလင်မြို့၏အသက်ကြီးသူတို့သည် လျှော်တေကိုဝတ်၍ မိမိတို့ဦးခေါင်းပေါ်သို့မြေမှုန့်များတင် ပြီးလျှင် မြေပေါ်၌ဆိတ်ငြိမ်စွာထိုင်နေကြ၏။ မြို့သူကညာများသည်လည်းခေါင်းကို ငိုက်စိုက်ညွှတ်လျက်နေကြလေသည်။
အချင်းလယ်သမားတို့ဝမ်းနည်းပူဆွေးကြလော့။ ဂျုံစပါးမုယောစပါးမှစ၍အသီးအနှံရှိသမျှတို့သည်ပျက်စီးသွားလေပြီ။ ထို့ကြောင့်အချင်းစပျစ်ဥယျာဉ်မှူးတို့ငိုကြွေးကြလော့။
ယဇ်ပလ္လင်အမှုတော်ဆောင် အချင်းယဇ်ပုရောဟိတ်တို့၊လျှော်တေကိုဝတ်၍ငိုကြွေးကြလော့။ ငါ၏ဘုရားသခင်ရှေ့အမှုတော်ဆောင်တို့ဗိမာန်တော်သို့ဝင်၍ ညဥ့်လုံးပေါက်ငိုကြွေးမြည်တမ်းကြလော့။ သင်တို့၏ဘုရားသခင်အားပူဇော်ရန်ဂျုံဆန်နှင့်စပျစ်ရည်များမရှိတော့ပြီ။
အချင်းသေသောက်ကြူးတို့နိုးထ၍ငိုကြွေးကြလော့။ အချင်းစပျစ်ရည်သမားတို့ငိုကြွေးမြည်တမ်းကြလော့။ စပျစ်ရည်သစ်ပြုလုပ်ရန်စပျစ်သီးများပျက်စီးကုန်ပြီ။
ထိုအခါမောရှေကအာရုန်အား``ထာဝရ ဘုရားက`ငါ၏အမှုတော်ကိုဆောင်ရွက်သူ အပေါင်းတို့သည် ငါ၏သန့်ရှင်းခြင်းဂုဏ်တော် ကိုရိုသေလေးစားရကြမည်။ ငါ၏လူမျိုး တော်အားငါ့ဘုန်းအသရေကိုပေါ်လွင်ထင် ရှားစေမည်' ဟူ၍မိန့်တော်မူရာဤအမှုကို ရည်ဆောင်၍မိန့်တော်မူခြင်းဖြစ်သည်'' ဟု ဆိုလေ၏။ ထိုအခါအာရုန်သည်တိတ် ဆိတ်စွာနေလေ၏။
``အီဂျစ်ပြည်၌ဖြစ်စေသောကပ်ဆိုးကိုသင် တို့၌လည်းဖြစ်စေခဲ့ပြီ။ သင်တို့လူငယ်များ ကိုစစ်တလင်း၌ငါသတ်ခဲ့ပြီ။ သင်တို့မြင်း များကိုလည်းသိမ်းသွားခဲ့ပြီ။ သင်တို့တပ် စခန်းများကိုသင်တို့ဘက်သား အလောင်း ကောင်များ၏အပုပ်နံ့ဖြင့်နံစော်စေခဲ့ပြီ။ သို့သော်လည်းသင်တို့သည်ငါ့ထံသို့ပြန် မလာသေးဘဲနေကြလေပြီ။
ထို့ကြောင့်ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရ ဘုရားသခင်က``မြို့ပေါ်ရှိလမ်းအသွယ်သွယ် တို့၌ကြေကွဲစရာငိုကြွေးသံ၊ စျေးရပ်ကွက် တို့၌ညည်းညူသံများကိုကြားရတော့မည်။ ငိုချင်းသည်များနှင့်အတူလာရောက်ငို ကြွေးရန် လယ်သမားများကိုပါခေါ်ကြ လိမ့်မည်။-
ဆူညံလှသောတေးသံများကိုရပ်စဲလော့။ သင်တို့စောင်းသံများကိုလည်းငါမကြား လို။-
ဆင်စွယ်ကုတင်များ၌လဲလျောင်းနေကြ သူတို့၊ သိုးငယ်နွားငယ်တို့၏အသားနုကို စားပြီးဖဲမွေ့ရာပေါ်၌လျောင်းကာအကြော ဆန့်နေကြသူတို့၊ သင်တို့သည်အရှက်တကွဲ အကျိုးနည်းဖြစ်ရတော့မည်။-
သင်တို့သည်ဒါဝိဒ်ကဲ့သို့သီချင်းများစပ် ဆိုပြီးစောင်းကောက်တီးကာသီဆိုလို ကြ၏။-
ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားသခင်က``ဣသရေလ၏မာနကိုငါရွံရှာ ၏။ သူတို့စည်းစိမ်ခံရာအိမ်ကြီးများကို လည်းငါစက်ဆုတ်၏။ သူတို့မြို့တော်နှင့်မြို့ တွင်းရှိအရာအားလုံးကို ရန်သူ့လက်သို့ ငါပေးအပ်လိုက်မည်'' ဟုအရှင်ထာဝရ ဘုရားအလေးအနက်ကျိန်ဆိုသတိ ပေးတော်မူပြီ။
သင်တို့ပျော်ပွဲရွှင်ပွဲများကိုမသာပွဲအဖြစ် သို့ပြောင်းပစ်မည်။ သင်တို့တက်ကြွရွှင်မြူးသော တေးသံတို့ကိုငိုကြွေးသံများဖြစ်သွားစေ မည်။ သင်တို့သည်ဆံပင်များကိုရိတ်ပြီးလျှော် တေအဝတ်ကိုဝတ်ရလိမ့်မည်။ တစ်ဦးတည်း သောသားသေဆုံးသဖြင့်ရတက်ပွားရသည့် မိဘပမာဖြစ်ရကြမည်။ နေဝင်သည့်တိုင် ထိုနေ့တာသည်ဆိုးဝါးလှမည်။
မြင်းစီးသူရဲတို့သည်တစ်ဟုန်တည်းတိုက်ခိုက်ကြရာ၊ သူတို့၏ဋ္ဌားများလှံများသည်ဝင်းကနဲလက်ကနဲ ဖြစ်၍နေတော့၏။ မရေမတွက်နိုင်အောင်များပြားသည့် လူသေအလောင်းတို့သည်စုပုံ၍နေ၏။ လူတို့သည်လည်းထိုအလောင်းကောင်များကို တိုက်မိ၍လဲကြ၏။
``ထာဝရဘုရားတရားစီရင်တော်မူရာ ကာလသည်ကျရောက်လာတော့မည်။ အရှင် ထာဝရဘုရားရှေ့တော်တွင်ငြိမ်ဝပ်စွာနေ ကြလော့။ ထာဝရဘုရားသည် မိမိလူတို့ အားယဇ်ပူဇော်ရန်ပြင်ဆင်လျက်ဆက် ကပ်ပူဇော်ရန်ပြုလုပ်နေလေပြီ။