Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ယော​လ 1:11 - Common Language Bible

11 အ​ချင်း​လယ်​သ​မား​တို့​ဝမ်း​နည်း​ပူ​ဆွေး​ကြ​လော့။ ဂျုံ​စ​ပါး​မု​ယော​စ​ပါး​မှ​စ​၍​အ​သီး​အ​နှံ​ရှိ​သ​မျှ​တို့​သည်​ပျက်​စီး​သွား​လေ​ပြီ။ ထို့​ကြောင့်​အ​ချင်း​စ​ပျစ်​ဥ​ယျာဉ်​မှူး​တို့​ငို​ကြွေး​ကြ​လော့။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

11-12 အို လယ် လုပ် သူ၊ အို ခြံ လုပ် သူ ဖို့၊ လယ် တွင် ရိတ် သိမ်း ရာ ဂျုံ စ ပါး မု ယော စ ပါး ပျက် စီး သည့် ပြင်၊ စ ပျစ် ပင် ကျိုး ယုတ် လျက်၊ သ ဖန်း ပင် ညှိုး ငယ် လျက်၊ သ လဲ၊ စွန် ပ လွံ၊ သစ် သော့ မှ စ သော အ ပင် အ မျိုး မျိုး သွေ့ ခြောက် သည့် အ တွက်၊ ကျိုး ယုတ်၍ အော် ဟစ် ကြ လော့။ လူ သား တို့ ၌ အား ရ ရွှင် လန်း ခြင်း ပ လေ စွ တ ကား။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

11 လယ်​လုပ်​သော​သူ​တို့၊ လယ်၌ ရိတ်​ရ​သော အ​သီး​အ​နှံ​ပျက်​သော​ကြောင့်၊ ဂျုံ​စ​ပါး​နှင့် မု​ယော​စ​ပါး​အ​တွက် ရှက်​ကြောက်​ခြင်း ရှိ​ကြ​လော့။ ဥ​ယျာဉ်​ကို ပြု​စု​သော​သူ​တို့၊ မြည်​တမ်း​ကြ​လော့။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

11 အို လယ်လုပ်သား​တို့​၊ ရှက်​ကြ​လော့​။ အို စပျစ်ခြံလုပ်သား​တို့​၊ ညည်းတွား​ကြ​လော့​။ အကြောင်းမူကား လယ်မြေ​တွင် ရိတ်သိမ်းစရာ ဂျုံစပါး​၊ မုယောစပါး​တို့ ပျက်စီး​လေ​ပြီ​။

အခန်းကိုကြည့်ပါ။ ကော်ပီ




ယော​လ 1:11
8 ပူးပေါင်းရင်းမြစ်များ  

သို့​သော်​ထို​ဥ​ယျာဉ်​များ​မှ​သစ်​စေ့​တို့​သည် သင်​စိုက်​ပျိုး​သည့်​နေ့​နံ​နက်​၌​ပင်​အ​ပင်​ပေါက် ၍​အ​ပွင့်​များ​ပွင့်​ကြ​သည်​ဆို​စေ​ကာ​မူ ယင်း တို့​မှ​သင်​သည်​အ​သီး​များ​ကို​ဆွတ်​ခူး​ရ​လိမ့် မည်​မ​ဟုတ်။ ဆင်း​ရဲ​ဒုက္ခ​နှင့်​မ​ပျောက်​နိုင်​သည့် ဝေ​ဒ​နာ​ကို​သာ​လျှင်​ခံ​စား​ရ​လိမ့်​မည်။


``ယု​ဒ​ပြည်​သည်​ငို​ကြွေး​လျက်​နေ​၏။ ယု​ဒ​မြို့​တို့​သည်​နွမ်း​လျ​လျက်​နေ​၏။ ယု​ဒ​ပြည်​အ​တွက်​ဝမ်း​နည်း​ကြေ​ကွဲ​ကြ​၏။ ယေ​ရု​ရှ​လင်​မြို့​သည်​အော်​ဟစ်​လျက် အ​ကူ​အ​ညီ​တောင်း​ခံ​၍​နေ​၏။


ဗာ​ဗု​လုန်​ပြည်​တွင်​ပျိုး​ကြဲ​ခွင့်​မ​ပြု​ကြ နှင့်။ သူ​တို့​ကို​လည်း အ​သီး​အ​နှံ​များ​ရိတ် သိမ်း​ခွင့်​မ​ပေး​ကြ​နှင့်။ ထို​အ​ရပ်​တွင်​နေ ထိုင်​လျက်​ရှိ​သည့်​လူ​မျိုး​ခြား​မှန်​သ​မျှ သည် ယ​ခု​စစ်​ဆင်​လျက်​ရှိ​သည့်​တပ်​မ​တော် ကို​ကြောက်​သ​ဖြင့် မိ​မိ​တို့​ပြည်​သို့​ပြန် ကြ​လိမ့်​မည်။


ငါ​က``အို ထာ​ဝ​ရ​ဘု​ရား၊ အ​ဘယ်​ကြောင့် ဤ​ပြည်​သည်​ဖြတ်​သန်း​သွား​လာ​၍​မ​ရ၊ ယို ယွင်း​ပျက်​စီး​လျက်​သဲ​ကန္တာ​ရ​သ​ဖွယ်​ဖြစ် ၍​နေ​ပါ​သ​နည်း။ ဤ​အ​မှု​အ​ရာ​အ​ကြောင်း ကို​သိ​ရှိ​နိုင်​စွမ်း​ရှိ​သည့်​ပ​ညာ​ရှိ​ကား​အ​ဘယ် သူ​ဖြစ်​ပါ​သ​နည်း။ သူ​တစ်​ပါး​တို့​အား​ထပ် ဆင့်​ပြော​ပြ​နိုင်​ရန်​အ​ဘယ်​သူ​အား ဤ​အ​မှု အ​ရာ​အ​ကြောင်း​ကို​ကိုယ်​တော်​ရှင်​ဖော်​ပြ ထား​ပါ​သ​နည်း'' ဟု​လျှောက်​၏။


ကိုယ်​တော်​က``အ​ချင်း​လူ​သား၊ ငါ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား​၏​အ​မိန့်​တော်​ကို​အ​သံ ကျယ်​စွာ​ဟော​ပြော​ရ​မည်​မှာ ကြောက်​ရွံ့​ထိတ်​လန့်​ဖွယ်​ကောင်း​သော​နေ့​သည် ကျ​ရောက်​လတ္တံ့။


ထို့​ကြောင့်​ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင်​ထာ​ဝ​ရ ဘု​ရား​သ​ခင်​က``မြို့​ပေါ်​ရှိ​လမ်း​အ​သွယ်​သွယ် တို့​၌​ကြေ​ကွဲ​စ​ရာ​ငို​ကြွေး​သံ၊ စျေး​ရပ်​ကွက် တို့​၌​ညည်း​ညူ​သံ​များ​ကို​ကြား​ရ​တော့​မည်။ ငို​ချင်း​သည်​များ​နှင့်​အ​တူ​လာ​ရောက်​ငို ကြွေး​ရန် လယ်​သ​မား​များ​ကို​ပါ​ခေါ်​ကြ လိမ့်​မည်။-


ဤ​မျှော်​လင့်​ခြင်း​သည်​ငါ​တို့​အား​စိတ်​ပျက် စေ​လိမ့်​မည်​မ​ဟုတ်။ အ​ဘယ်​ကြောင့်​ဆို​သော် ဘု​ရား​သ​ခင်​သည်​ငါ​တို့​အား​ပေး​သ​နား တော်​မူ​သော​သန့်​ရှင်း​သော​ဝိ​ညာဉ်​တော်​အား ဖြင့် ငါ​တို့​၏​စိတ်​နှ​လုံး​ထဲ​သို့​မေတ္တာ​တော်​ကို သွန်း​လောင်း​တော်​မူ​သော​ကြောင့်​တည်း။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ